အညာဆောင်းငဲ့
သွေးမြေကျတဲ့ လက်ပံတောင်း
ခေါင်းချချင်စိတ် ပေါက်လာပြီ။
အကြွေးကို
သွေးနဲ့ ဆပ်လေသလား၊
အရေးရယ်ဆို
လယ်တီကို တိုင်တည်ကြလေသလား၊
ဘူဒိုဇာ လူကိုယ်ပါ ထိုးကာအပ်
ပြတ်သားတဲ့ ဘဝပေးအသိ
ကြည့်ရက်သူ ကြည့်ကြစမ်းပါစေ။
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အနှစ်
အပြာကွက်နဲ့ သွေးစက်တွေအဖြစ် ပြောင်းလဲ
ကဲ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
ရင်မြေကတုတ်၊ အသည်းနှုတ်၍
ဇာတ်ထုပ် အသစ်ရေးကြချိန်။
ကြေးနီတောင်ရိပ်၊ လူခြေဆိတ်မှ
သွေးတိတ်မှာလား ရဲဘော်တို့။
လက်ပံတောင်းမှာ၊ တုံးမောင်းပွက်ဆူ
လူသူစုရုံးကြပါတော့။ ။
မောင်လွမ်းဏီ
၂၂ - ၁၂ - ၂၀၁၄

No comments:
Post a Comment