ယဉ်ကျေးလာပေမယ့် ...
ကုန်ကူးချင်နေတဲ့ခေတ် ...။
ခေတ်ဆန်လာပေမယ့် ...
ကုန်ကူးချင်တဲ့ ခေတ် ...။
စိန်ကုန်ကူးမယ် ...
ကျောက်ကုန်ကူးမယ် ...
သစ်ကုန်ကူးမယ် ....
နောက်ဆုံး ... လူကုန်ကူးမယ် ...။
.......
.......
.......
ခြေတချောင်း ပေါင်သန်းချီတန်တဲ့ခေတ်မှာ
ကမ္ဘာကျော်တွေ
စိတ်တူ ကိုယ်တူ ကုန်ကူးခံနေတဲ့အဖြစ် ...။
ခြေတချောင်း ပေါင်သန်းချီတန်တဲ့ စနစ်မှာ
စိတ်ကူးတွေ
လောင်းကြေးထပ်ခံနေရတဲ့ အဖြစ် ...။
နေကွယ်ရာအရပ်မှာ ရှိကြလေသော အငှားစာချုပ်နဲ့ဘဝများ ...
နေမြင်ရာအရပ်မှာ ရှိကြလေသော ပြောင်းရွှေ့ကြေးမဲ့ဘဝများ ...
ဒီစနစ် ဒီခေတ်က လွန်ကြည့်ရင်
၂၁ ရာစုရဲ့ ယောင်နနအပြုံးအောက်
လောင်းကြေးတွေ ဗရပွမှာ
အငှားစာချုပ်နဲ့ ဒဏ်ရာ ရနေတဲ့ခေတ် ...။
ဇူလိုင် ၁၄၊ ၂၀၁၄ ခုနှစ်။
ညနေ ၃း ၀၀ နာရီ

No comments:
Post a Comment