အင်အားကို
အင်အားကသာ
လေးစားကြတယ်။
အင်အားမဖြစ်သူတွေရဲ့
ညီညွတ်ရေးကို
ဘယ်သူတွေက
လေးစားခန့်ညားကြမှာပါလဲ။
ဆိုလက်စ သီချင်းကို
လက်စသတ်ကြရအောင်
“ညီညွတ်ရေးနဲ့
အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်တည်း” ... ပေါ့။
ဟင်္သာကိုးသောင်းဇာတ်ကို
သင်ခန်းစာယူကြ။
မဟော်သဓာရဲ့
သားတရားစီရင်ခန်း အလိုအရ
သားလုပွဲမှာ
တဖက်စီ ဆွဲကြတဲ့အခါ
ဘီလူးက ဘီလူးစိတ်
မိခင်က မိခင်စိတ်
သားချစ်စိတ် ပြိုင်ရာမှာ
မိခင်စိတ်သာ အောင်နိုင်စမြဲပါ။
ဂုဏ်သိက္ခာမဲ့
ဆဲရေးကြသူတွေဟာ
အခြားသူတွေထက်
ကိုယ်ကျိုးရှာကြသတဲ့။
နေရာအရချင်ဆုံးသူတွေကလည်း
ဉာဏ်ရည်အနိမ့်ဆုံး သတ္တဝါလို့ ဆိုကြတယ်။
အမြင်တကာ့ အမြင်တွေထဲမှာ
ကိုယ့်ကိုကိုယ် ပြန်ကြည့်ရဲတဲ့အမြင်က
အဖြောင့်တန်းဆုံး အကွေးတစ်ခုပေါ့။
လိပ်ပြာလုံသူတွေ ပိုသိကြတယ်။
“ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”
ဘာများ ပြဿနာရှိပါသလဲ။
ငရဲကြီးရှစ်ထပ်ဆိုတာ
အမိ၊ အဖ ပြစ်မှားသူတွေအတွက်
အသင့်တော်ဆုံး ဗိမာန်ဖြစ်မယ်။
ဆရာပွင့်ရဲ့စကား
အငှား သုံးရရင်
“တရားမရသူတွေကို
တရားချရတာလည်း
တရားကိုအားနာဖို့ ကောင်းပြီ”
ဆိုတော့ ...
ဘရူးတပ်(စ်) သင်တန်းဆင်းတွေ
သခင်အားရ . . . . . . . နည်းနဲ့
ခြေချင်းလိမ်နေလိုက်ကြပုံများ
ကေသရာဇာတို့ ရှေ့မှောက်မှာ
သူတို့ ဒူးတွေ၊ လက်တွေက
ကြမ်းပေါ်မှာ ...။
ထွန်းဝင်းငြိမ်း

No comments:
Post a Comment