စစချင်းပဲ ... မြင်မြင်ချင်းချင်းပဲ ... မစို့မပို့ ခြေလှမ်းတွေနဲ့ ... သေမလောက်ကြောက်တဲ့ ... သေခြင်းဆီ ...။
မစို့မပို့ အင်အားတွေတဲ့ ...
မစို့မပို့ အင်အားတွေနဲ့ ...
မစို့မပို့ အင်အားတွေနဲ့ ...
ညညချင်း စီးချင်းထိုးတဲ့ညမှာ ... မစို့မပို့ အံဖတ်တွေကို တခုတ်တရာ လက်နဲ့ သိမ်းကျုံးယူငင်ထားလိုက်တယ် ...။ အံဖတ်ထဲမှာ ညက လက်ကျန်အရက်တွေ ရောထွေးပါသွားတော့ နှမြောတသစွာပဲ ... လျှာနဲ့ကုန်းလျက်လိုက်တယ် ...။ အလို ချဉ်စုတ်စုတ် ...။ ဘယ်ချောင်မှာ သဝေထိုးခဲ့လို့ ချဉ်စုတ်စုတ်ဖြစ်နေသလဲ ...။ ဖြစ်ပါစေကွာ ... ချဉ်စုတ်စုတ် ...။ ချဉ်စုတ်စုတ်ဖြစ်နေတဲ့ လောကထက်တော့ ချိုသေးတယ် ...။
မစို့မပို့ ဆောင်းဟာ
မစို့မပို့ အေးတယ် ...
မစို့မပို့ အေးတော့ ....
မစို့မပို့ သောက်ခြင်းမှ အနားယူလိုက်တယ် ...။
ပတ်ဝန်းကျင်ကလည်း စိုထိုင်းနေတယ် ...။ အလိုက်ကန်းဆိုး မသိလောက်အောင်ကိုပဲ တိတ်ဆိတ်လွန်းလှတယ် ...။
ခေါင်းစဉ်ကြီးကြီးတပ်ပြီး ဟန်ဆောင်သူ့တို့မျက်နှာမှာ ... မိတ်ကပ် ပေါင်ဒါတွေ အဖွေးသား ...။ အနေမတတ် အထိုင်မတတ်ခြင်းများမှာ ... ချွေးစေးတွေ အဖောသား ...။
နေ့မအိပ် ညမအိပ်ရုန်းကန်နေရတဲ့ဘဝမှာ ...
လောကကို မုန်းလာတယ် ...
သောကကို မုန်းလာတယ် ...
လောဘကို မုန်းလာတယ် ...
ခုတော့ အနေအထိုင် မတတ်လို့ ... စိတ်ရော ... လူရော ပင်ပန်းတယ် ...။ ။
ဆောင်းလူ
ဒီဇင်ဘာ ၉၊ ၂၀၁၃

No comments:
Post a Comment