ငြိမ်းချမ်းရေးအတွက်
လက်ကမ်းကြရင်း။
“ဒိုင်း ...”
ငြိမ်းချမ်းရေးရင်ခုန်
တွေ့ဆုံကြရင်း။
“ဒိုင်း ...”
ငြိမ်းချမ်းရေးဆန္ဒ
စေ့စပ်ကြရင်း။
“ဒိုင်း ...”
ငြိမ်းချမ်းရေးအသိ
ညှိနှိုင်းကြရင်း။
“ဒိုင်း ...”
ငြိမ်းချမ်းရေးအတွေး
ဆွေးနွေးကြရင်း
“ဒိုင်း ... ဒိုင်း ... ဒိုင်း”
တဒိုင်းဒိုင်းနဲ့
ကျည်ရိုင်း ဗုံးရိုင်း
မိုင်းတွင်းကြီးတွေရဲ့ကြား
ခါးသီးကြမ်းတမ်း
လက်ကမ်း
တွေ့ဆုံ
စေ့စပ်
ညှိနှိုင်း
ဆွေးနွေး
သွေး ...
သွေး ...
သွေးနဲ့ မျက်ရည်
ယုံကြည်ချက်တွေ မလုံမလဲ
ပစ္စုပ္ပန်ရဲ့အပေါ် ဝဲပျံနေတဲ့ ဒုက္ခများ
ခါးသီးပြိုကွဲ
ဒီပွဲ ...
ဟောဒီပွဲ ...
လွဲချော်မှုတွေနဲ့ ... တန်းလန်း ...။
မောင်သန်းစိုး (ချောက်)
ရနံ့သစ်၊ မေလ ၂၀၁၃

No comments:
Post a Comment