လက်ပံတောင်းက
ကြေးမောင်း ဒူ ဒူ
မအူပင်ကို ရောက်လာပြီ။
ဘယ်သူ့အတွက်
ဘာအတွက်လဲ၊ ရဲမှုထမ်းက
လူသတ်လက်နက် သုံးမလား
လယ်သမားလည်း
ဓားကိုင်စွဲခွင့်ရှိတာပဲ။
ကိုယ်ဝန်ဆောင်တောင်
မရှောင်ရိုက်ခိုင်း၊ သမိုင်းမြင်ကွင်း
ပွင့်လင်းမြင်သာလှချည့်ရဲ့ ။
တို့ဘိုးဘွားမြေ၊ တို့အဖေ့ယာ
တို့ခုတ်ထွင်တယ်၊ တို့ထွန်ယက်မှ
အသက်ဝဝရှူလို့ရတယ်၊
တမှေးခဏ အိပ်ရေးဝတယ်၊
ဘာများမှားတာရှိလို့လဲ။
ဗေဒါခေါင်းထောင်
ငါးဖောင်ကြိုးဖြုတ်၊ ဘဲအုပ်ကိုမောင်း
ရေကြောင်းကိုပြင်၊ လှေလောင်းကိုဆင်
မြစ်ပြင်ကထွက်၊ ကန်ဘောင်တက်ကြ
မလက်တိုက စိန်ခေါ်ပြီ။
မြစ်ဝကျွန်းပေါ်၊ အရေးတော်ပုံ
ဂဠုန် သူပုန်ထပြီထင့်။ ။
မောင်လွမ်းဏီ
၂၇ - ၂ - ၂၀၁၃

No comments:
Post a Comment