Thursday, April 26, 2012

ဧကရီမသို့ ... ပေးစာ (ကမာပုလဲ)

ပလ္လင်မရှိ
နန်းမရှိလည်း
စည်းသုံးတန်ဖြင့်
သင်ဟာ ...
ပြည့်ဧကရီ ဖြစ်ခဲ့တယ် ...။

ရိုးသားမှုကို အခြေခံသော
သင်၏ ခံယူ ယုံကြည် ဘဝစည်း
အဓမ္မနှင့် မစေ့စပ်စတမ်း တိုက်မည်ဟူသော
သင်၏ ပိုင်းဖြတ်ချက် သန္နိဌာန်စည်း
ပြည့်မျက်ရည်ကို
သင့်လက်ဖြင့် သုတ်ပေး နှစ်သိမ့်စေသောအခါ
သင့်ရှေ့မှာ မားမားမတ်မတ် ရပ်၍နေသော ပြည်သူ့စည်း ...။


ပျော့ပျောင်းကွေးညွှတ်လာတဲ့ လေးကိုင်းမှာ
မေတ္တာတရားအတွက် နေရာမရှိနိုင်ပါဘူး

ဧကရီအတွက်
ရွှေအတိပြီးတဲ့ပလ္လင်ဟာ အကျဉ်းအိမ်ပဲ
ပြည့်နှလုံးသား စစ်စစ်တွေသာ
ထာဝရငြိမ်းချမ်းရာ။ ။


1 comment:

  1. ကိုဦရေ
    ကဗျာမှာ စာကျခဲ့တယ်
    တောထဲကနေ လက်ရေးနဲ့ ရေးပို့လို့ဖြစ်မှာပါ။

    တရားဓမ္မ၏ အောင်ပွဲရှိရာသို့
    အဓမ္မနှင့် မစေ့စပ်စတမ်း တိုက်မည်ဟူသော
    သင်၏ ပိုင်းဖြတ်ချက် သန္နိဌာန်စည်း ...

    အဲလိုဖြစ်ပါတယ်

    မိသားစုအားလုံး ကျန်းမာပါစေ
    ကိုပေါက်။

    ReplyDelete