ရုတ်ချည်း
စိတ်လိုလက်ရ ခုန်ချလိုက်တဲ့
ရော်ဝါရွှေရီ သစ်ရွက်ကလေး ...။
စိုးထိတ်ဗျာပွေ ပင်စည်မကြီး
လာလမ်းအတိုင်း လှည့်ပြန်သွားတဲ့
အရှေ့မြောက်ပြန်လေ ...။
ခပ်နှေးနှေး ကြည်လင်လာစ
ဘဝအမောပြေ စမ်းချောင်းကလေး
တားဆီး ကျောက်ဆိုင်ထုတွေ အကြား
အပြေးနှုန်းကို ရပ်ပစ်ခဲ့ ...။
ငှက်ကလေးရေ
သင် ဆိုနေကျ
ကြေကွဲတေးနဲ့
ဘဝကို တည်ဆောက်ခဲ့ကြသူတွေပါ ...
ခြေလှမ်းမှားတဲ့ မြေပုံညွှန်းမှာ
(ငါတို့အားလုံး)
ပင်လယ်ပြာနဲ့ ဝေးခဲ့တယ်။ ။
ကမာပုလဲ
၂၊ ၂၊ ၂၀၁၂

No comments:
Post a Comment