Ko Oo + Ma Thandar
Friday, July 29, 2011
ခွေးဟောင်သံ (တင်မိုး)
ခွေးဟောင်သံကား
ညယံကိုဖောက်၊ သူ မကြောက်သည်
ပြောက်ပြောက် ကျားကျား၊ ကြယ်မှုန်များသည်
ဝိုးဝါးမှုန်ရီ၊ အိပ်ချင်ပြီတည့်။
ပီပီ သသ၊ ငါကြားရသည်
စူးရှကျယ်လောင်၊ မျက်လုံးပြောင်နှင့်
ခွေးဟောင်သံသာ၊ ထပ်ကာကာတည့်
ဘယ်မှာ အရေးပေါ်ပြီနည်း။
(၁၉၆၆)
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment