ဟောဒီ ဘဒ္ဒကမ္ဘာကြီး၌
ဘယ်သူဟာ ဘယ်လောက်များ
ဉာဏ်အရာမှာ ရင့်ကျက်ခဲ့ပါသလဲ။
ဘုရားရှင်ဟောကြားတော်မူခဲ့သော
ငါတို့သတ္တလောကကြီးလည်း
တနေ့တခြား နည်းပညာပေါင်းစုံနဲ့
ယိုယွင်းလာရတယ်။
နောက်ဆုံးမှာ လူတို့က
မျိုးရိုးဗီဇ ဖွဲ့စည်းမှုအသစ်တွေသုံးပြီး
ဖက်စပ်သတ္တဝါတချို့ကို
မျိုးပွားထုတ်လုပ်လိုက်ကြလေရဲ့။
ဆိုကြပါစို့ ...
ကြက်နဲ့ဆင်ကို ပေါင်းတော့
ကြက်ဆင်၊
မြင်းနဲ့ကျားကို ပေါင်းတော့
မြင်းကျား၊
ငှက်နဲ့ခြင်္သေ့ကို ပေါင်းတော့
ငှက်ခြင်္သေ့၊
ငန်းနဲ့မြွေကို ပေါင်းတော့
ငန်းမြွေ၊
ကြံ့နဲ့ဖွတ်ကို ပေါင်းတော့
ကြံ့ဖွတ် ... တဲ့။
ဘာပဲဖြစ်ဖြစ်
အားလုံးဟာ တိရစ္ဆာန်စာရင်းဝင်တွေပဲ။
အပ္ပာယ်လေးဘုံမှာလည်း
ငရဲ၊ ဗြိတ္တာ၊ အသူရကယ် ... ဒို့နဲ့တတန်းထဲ
ရပ်တည်နိုင်ခဲ့တယ်။
“အဟက် ...”
အဲသလို ရယ်မိတာများအပြင် ...
အခု ဆိုနှာစေး၊ ချောင်းဆိုး၊
ခေါင်းကိုက်၊ ဗိုက်နာ ... စတဲ့
ခေတ်ပေါ်အမူအရာများမှာ
အောက်တန်းကျမှုတွေက
အလျှံအပယ်ဖြစ်လာတယ်။
သမိုင်းတလျှောက်လုံး
ဓမ္မနဲ့ အဓမ္မဟာတိုက်ပွဲတွေချည်းပဲ။
နှစ်ဖက်စလုံးမှာ
အကျအဆုံး များတယ်။
ကုန်ခဲ့တဲ့အချိန်တွေ
မနည်းတော့ဘူး။
လူ့အဖြစ်ဆိုတာလည်း
အမှားယွင်းဆုံး စည်းစိမ်တမျိုးပဲ မဟုတ်လား။
ဒီလိုနဲ့ငါတို့က
တိရစ္ဆာန်တွေအပေါ် မေတ္တာထားဖို့
ကိုယ့်အတတ်မှာ ကိုယ်စူးမိခဲ့ကြပါပြီ။ ။

No comments:
Post a Comment