Wednesday, December 2, 2009

သခင်မျိုးဟေ့ တို့ မပါ

ရန်ကုန်မြို့လယ်လမ်းများအတွင်းရှိ မွတ်ဆလင်ဘာသာဝင်တို့၏ အစ် နေ့တွင် စွန့်ပစ်သော အမဲရိုးများအား ရန်ကုန်မြို့ အနီးအနားရှိ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ရွှေပြည်သာ အစရှိသည့် မြို့နယ်များမှ မရှိဆင်းရဲသားများမှာ အလုအယက် လာရောက်တောင်းယူနေကြပြီး ရရှိလာသော အမဲရိုးများ၊ ခေါင်းခွံများတွင် ကပ်လျှက်ကျန်ရစ်နေသော အသား အနည်းငယ်အား ခြစ်ယူနေကြသည်ကို ယနေ့ တွေ့မြင်ကြရပါသည်။

အချို့မှာ မိသားစုလိုက် လာရောက်ကြသည်။ ထိုသို့လာရောက်ကြသ
ူများတွင် မြန်မာ အများစုပါဝင်ကြပြီး ကျောင်းနေအရွယ် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ကို မြင်တွေ့ကြရပါသည်။ ယခုနှစ်တွင် လာရောက်ယူငင်သူများမှာ ယခင်နှစ်များထက် ပိုမိုများပြားလာသည်ကို ကြည့်ခြင်းအားဖြင့် အောက်ခြေလူတန်းစား ပြည်သူများမှာ ပိုမိုငတ်မွတ်ခေါင်းပါး လာသည်ကို မြင်တွေ့နိုင်ပါသည်။

ရန်ကုန်မြို့တွင်း နေရာစုံမှ ပုံများ


ရဲဘော်တယောက် အီးမေးလ်က မျှဝေပေးတာကို ပြန်လည်ဖော်ပြပါတယ်။

2 comments:

  1. ကိုဦးနဲ့ မသန္တာရေ
    မဲဆောက်မှာ ဆန်ဝေတော့ လာယူကြရတဲ့ သူတွေလည်းတနှစ်ထက်တနှစ်တိုးလာသတဲ့ဗျာ.
    ကျနော်တို့ဗမာ သာကီမျိုးတွေလည်း ဒီခေတ်ကြီးထဲကျမှ အောက်ကျနောက်ကျ အမျိုးမျိုးအောက်ကျရတယ် လို့တောင်မထင်မိကြရတော့ပါဘူးဗျာ..အသားငတ်ကြ မိသားစုငတ်ကြ ငတ်နည်းအမျိုးမျိုးနဲ့ ငတ်ကြ..

    ReplyDelete
  2. ကျွန်တော် ၁၂၅ လမ်းမှာခဏနေခဲ့တုန်းကပေါ့ အဲဒါတွေတင်လာတဲ့ကားဖြတ်အလာကို"အရိုးလေးနဲနဲ လောက်ပစ်ချခဲ့ပါ" လို့ ဗမာဆင်းရဲသားမိသားစုတအုပ်ကအလုအယက်လှမ်းအော် တောင်းတာကြုံတွေ့ဖူးပါတယ်။ ကျွန်တော်တယောက်ကြိတ်ငိုခဲ့ရပေါ့။

    ReplyDelete