Tuesday, April 14, 2015
Monday, April 13, 2015
အတာရေနဲ့ ဆေးလိုက်ပါ (ထိန်လင်း)
နှစ်နှောင်းလို့ အသစ်ပြောင်း
နှစ်ဟောင်းက အညစ်အကြေး
ဆေးကြောမယ့် သင်္ကြန်ရေ
မာပါစေ သာပါစေလို့
များသူငါ သဒ္ဓါစိတ်နဲ့ ရေစင်တွေလောင်း။
နှစ်ဟောင်းက အညစ်အကြေး
ဆေးကြောမယ့် သင်္ကြန်ရေ
မာပါစေ သာပါစေလို့
များသူငါ သဒ္ဓါစိတ်နဲ့ ရေစင်တွေလောင်း။
Sunday, April 12, 2015
အနက်ရင့်ရင် သင်္ကြန် (ထိန်လင်း)
အနက်ရောင် တံတိုင်းထဲမှာ
ဘယ်နေရာ ဘာတွေပဲသသ
ဖြူလွ ညီမျှ ပီသဖို့ ဘယ်မမြင်
ရေစင်တွေ ဘယ်လိုလောင်လောင်း
မပြောင်းတဲ့ ကောင်းကင်အောက်
ပိတောက်လည်းမဲ နေလည်းမှောင်
မဟူရာအရောင်နဲ့ သင်္ကြန်
ပန်းပန်သူတွေသာ ပျော်ကြပါ။ ။
ထိန်လင်း
၁၃-၄-၂၀၁၅
သင်္ကြန်အကြိုနေ့
ဘယ်နေရာ ဘာတွေပဲသသ
ဖြူလွ ညီမျှ ပီသဖို့ ဘယ်မမြင်
ရေစင်တွေ ဘယ်လိုလောင်လောင်း
မပြောင်းတဲ့ ကောင်းကင်အောက်
ပိတောက်လည်းမဲ နေလည်းမှောင်
မဟူရာအရောင်နဲ့ သင်္ကြန်
ပန်းပန်သူတွေသာ ပျော်ကြပါ။ ။
ထိန်လင်း
၁၃-၄-၂၀၁၅
သင်္ကြန်အကြိုနေ့
Saturday, April 11, 2015
Friday, April 10, 2015
၆ ပွင့်ဆိုင် ဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။
ပြန်မပြောရင် ပြောချင်တယ် (မင်းမြတ်မောင်)
ကချင်မလေးတစ်ယောက်နဲ့ သူ့ရဲ့အမေရိကန် မွေးစားအမေအကြောင်း ဖတ်ရတော့ ကျနော့စိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာတယ်။
ဟိုး မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်က ဒွဲဘူ မရစ်ပ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်လေးမှာပဲ မလေးရှားကို ခိုးဝင်ပြီး ဘဝကို ရုန်းကန်နေရတယ်။ ကွာလာလမ်ပူက ဂျပန်စားသောက်ဆိုင်တစ်ခုမှာ တရားမဝင် အလုပ်လုပ်ရင်း မြန်မာပြည်ကလာတဲ့ ဘဝတူတွေနဲ့ အတူနေထိုင်ခဲ့တယ်။
တစ်နေ့မှာ သူတို့နေတဲ့ အိမ်ကို မလေးရှားအာဏာပိုင်တွေ ဝင်ဖမ်းတော့ ပိန်ပိန်သေးသေးး ဒွဲဘူက ကုတင်အောက်မှာ ဝင်ပုန်းနေလို့ လွတ်သွားပြီး ကျန်တဲ့လူတွေတော့ အဖမ်းခံသွားရသတဲ့။ ဒီတော့ ဒွဲဘူလည်း ကုလသမဂ္ဂ ဒုက္ခသည်ရုံးမှာ စာရင်းပေးပြီး ခိုလှုံခွင့် လျှောက်ထားလိုက်ရတယ်။

Thursday, April 9, 2015
Wednesday, April 8, 2015
လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်စေဖို့
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာခင်ကရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လို လုပ်သင့်ပါသလဲ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင် နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အဖွဲ့ဝင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မကြာသေးခင်မှာ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ အရေးကြီးတဲ့ သဘောတူညီမှုတခုရတယ်လို့ သိရပါတယ်။ ဒီ သဘောတူညီချက်ဟာ ဘယ်လောက် စစ်မှန်သလဲ။ အမှန်တကယ် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကိုရနိုင်တဲ့ အလားအလာရှိသလား။ သို့တည်းမဟုတ် မှားယွင်းသော မျှော်လင့်ချက်များ (False Hope) များ ဖြစ်နေသလားဆိုတာကို စမ်းစစ်ချင်ပါတယ်။ ပထမဦးဆုံး ဒေါက်တာအင်ဒရူး … ဒီသဘောတူညီချက်က ဘယ်လောက်အထိ ခိုင်မာစိတ်ချရသလဲဆိုတာကို အကျဉ်းရုံး ပြောပြပါလား။

နေပြည်တော် ၄၈ ပွင့် ဆွေးနွေးပွဲ
သမ္မတ အိမ်တော် ငုရွှေဝါ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ၄၈ ပွင့် ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ စုစုပေါင်း ၄၄ ဦး တွေ့ဆုံခဲ့ကြပါတယ်။
လက်နက်မဲ့ လူမည်းတစ်ဦး သေဆုံးမှုနဲ့ လူဖြူရဲအရာရှိကို ဖမ်းဆီး
အမေရိကန်နိုင်ငံ South Carolina ပြည်နယ်က လူဖြူ ရဲအရာရှိ Michael Slager ကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ထွက်ပြေးသွားတဲ့ လူမည်းတစ်ဦးကို Michael Slager က သေနတ်နဲ့ ပစ်ခတ်တဲ့ ဗွီဒီယိုမှတ်တမ်း ထွက်လာပြီးတဲ့နောက် အခုလို စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်နေတာကို မိုဘိုင်းဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယို ကြည့်ပြီးတဲ့နောက် ပြည်နယ် စစ်ဆေးရေးအရာရှိတွေက North Charleston မြို့ ရဲအရာရှိဖြစ်သူ Michael Slager ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Tuesday, April 7, 2015
၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဧပြီ ၁၀ ရက် စမယ်
၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဆွေးနွေးမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးနဲ့ လွှတ်တော်က ရွေးချယ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင်တို့ ပါဝင်မယ့် ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Monday, April 6, 2015
Sunday, April 5, 2015
မောဟလမ်းခွဲ (လင်းနွေးအိမ်)
သွေးအုပ်စုတူမှ သူ့အသက်ကို ကယ်နိုင်မယ်။
ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်လမ်းကိုယ်လျှောက်မှ
ကိုယ်မှန်းတဲ့လမ်းကို ရောက်မယ်။
သူဖောက်တဲ့လမ်းလိုက်လျှောက်ရင်
သူမှန်းတဲ့လမ်းပဲ ရောက်မယ်။
သွေးအုပ်စုတူမှ သူ့အသက်ကို ကယ်နိုင်မယ်။
အတွေးအခေါ် ဆန်းသစ်သူ
ရင်ခုန်သံသစ် ထုဆစ်သူ
ရေသာခို အချောင်မလိုက်သူ
ဘဝတူချင်း ဖေးမသူ
ကမ္ဘာမီးလောင် သားတောင်ချမနင်းသူ
ပူလောင်ဘဝကို အနမ်းပေးတတ်သူသာ
လမ်းသစ်ဖောက်နိုင်သူဖြစ်မယ်။

Saturday, April 4, 2015
ငါးရိုးနင်တဲ့ ခေတ်ကြီးတစ်ခေတ်နဲ့ အောင်ဒင် (ငြိမ်းဝေ)
(က)
၁၉၈၈ ခု၊ ဇူလိုင်လ ၂၈ ရက်။ ဝါဆိုလပြည့်နေ့။
နေ့လည် သုံးနာရီလောက်မှာ ရွှေတိဂုံစေတီတော်ကြီးရဲ့ အရှေ့ဘက် စောင်းတန်းတွေမှတဆင့် လူတချို့ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဘုရားရင်ပြင်တော်ပေါ် တက်လာကြပါတယ်။ သူတို့တတွေဟာ မည်သူမျှ ဘုရားပေါ်တက်လို့မရအောင် ပိတ်ဆို့ စောင့်ကြပ်လိုက်ကြတဲ့ လုံခြုံရေးတပ်တွေရဲ့ရှေ့က အေးအေးဆေးဆေး ဖြတ်ကျော်လာပြီးမှ ရင်ပြင်တော်ပေါ် ရောက်လာကြတာပါ။
ဒီလူအုပ်ဟာ စောင်းတန်းတချို့ထဲက ဘုရားဖူးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမောင်းထုတ်ပြီး ပါလာတဲ့ ဖဲထုပ်တွေချကာ ဖဲရိုက်တဲ့သူက ရိုက်ပါတယ်။ မကောင်းတဲ့မိန်းမတွေနဲ့ ပျော်ပါးမလားဆိုပြီး ဘုရားဖူးတွေကို ပြောင်ပြောင်တင်းတင်း လိုက်မေးပါတယ်။ ပါလာတဲ့ အရက်ပုလင်းတွေ၊ ဖန်ခွက်တွေချပြီး အရက်ဝိုင်းဖွဲ့ကြပါတယ်။ ပြီးတော့ ရင်ပြင်တော်ပေါ်က အလှူခံပုံးဟူသမျှကို ရိုက်ခွဲပြီး အလှူငွေ ပိုက်ဆံတွေကို ယူလိုက်ကြပါတယ်။
NLD ရွေးကောက်ပွဲကို သပိတ်မှောက်ဖွယ်ရှိ
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အစိုးရကခွင့်မပြုဘူးဆိုရင် နိုဝင်ဘာလမှာကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဘဲ သပိတ်မှောက်ကောင်း မှောက်ဖို့ရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Reuters နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။
ဖွဲ့စည်းပုံမပြင်ရင် ရွေးကောက်ပွဲဝင်မှာလားဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သပိတ်မှောက်မယ့်နည်းက အကောင်းဆုံးနည်း မဟုတ်ပေမယ့်လည်း မလုပ်ဘူးလို့ တထစ်ချ မပြောနိုင်သေးကြောင်း၊ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း သုံးသပ်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။

Friday, April 3, 2015
မြန်မာအဖွဲ့ တရုတ်ပြည် သွား တောင်းပန်
ကိုးကန့်တပ်တွေနဲ့တိုက်နေတဲ့ မြန်မာ့တပ်မတော်ဘက်က ယူနန်ပြည်နယ်မှာ မတ်လ ၁၃ ရက်က ဗုံး မတော်တဆကျခဲ့လို့ တရုတ်နိုင်ငံသားတွေ ထိခိုက် သေဆုံးတာတွေရှိခဲ့တဲ့အတွက် မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ဘက် အရာရှိကြီးတွေပါတဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ဧပြီလဆန်းက သွားပြီး တောင်းပန်ခဲ့ပါတယ်။
ဒီလိုတောင်းပန်တာဟာ ၂ နိုင်ငံအဆင့် ဆွေးနွေးမှုတွေလုပ်မှဖြစ်မှာမို့ သွားတာဖြစ်ပြီး ပြည်နယ်အဆင့်က ဆွေးနွေးလို့ မရနိုင်ကြောင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်စစ်ပွဲတွေကြောင့် နယ်စပ်မှာသွားပြီး ညှိနှိုင်းခဲ့တဲ့ သမ္မတရုံး အထူးကိုယ်စားလှယ်နဲ့ တရုတ် သံအမတ်ဟောင်း ဦးစိန်ဝင်းအောင် က ပြောပါတယ်။

Thursday, April 2, 2015
တရားဥပဒေ နှုတ်ဆိတ်နေတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ အာဏာပိုင်တွေဘက်က အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့တဲ့အတွက် သံဃာတော်တွေ အများအပြားနဲ့ အရပ်သားတချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေကို တရားဥပဒေအရ စစ်ဆေးအရေးယူမယ့်ကိစ္စကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပယ်ချခဲ့ပါတယ်။ ဒီအရေးမှာ တရားဥပဒေ နှုတ်ဆိတ်သွားလေပြီလားဆိုတာ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဦးအောင်သိန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သိန်း ခင်ဗျား၊ အခု ဒီကိုရောက်လာတဲ့ကိစ္စဟာ လက်ပံတောင်းတောင် ဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ဆန္ဒပြပွဲကို အစိုးရက အင်အား အလွန်အကျွံသုံးပြီး နှိပ်ကွပ်တဲ့ကိစ္စကို နိုင်ငံတကာသိအောင် လာရောက်ဖော်ထုတ်တယ်လို့ ကျနော်တို့ အကြမ်းဖျဉ်း သိရှိထားပါတယ်။ အဲဒီတော့ ဒီအမှုကို ဦးအောင်သိန်းတို့က မြန်မာနိုင်ငံမှာ တရားစွဲဆိုဖို့ ကြိုးပမ်းပြီး လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာတွေက လက်မခံဘူး။ ပယ်ချလိုက်တယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်နော်။

ဘာ လဲ ဟဲ့ M P C ? (ကျော်ကျော်ငြိမ်းချမ်း)

မြန်မာဘက်ခြမ်းက လုံခြုံရေးဌာနတွေက ထိုင်းဘက်က သူတို့ Counterpart အဖွဲ့အစည်းတွေကို ဒါမျိုးအလားတူ အကြောင်းကြားလေ့ရှိတာ အထူးအဆန်းမှ မဟုတ်တာ... သူတို့ အလုပ် သူတို့လုပ်တာ ဘာဆန်းလဲပေါ့ ...။ ဒါပေမယ့် ထူးဆန်းတာက ဒီတခါ MPC က စာပို့တယ် ဆိုပဲ ...။
ဒါနဲ့ MPC မှာ လုပ်နေတဲ့ တခါတုန်းက မိတ်ဆွေဟောင်းတချို့ကို လှမ်းမေးလိုက်တယ် ... ခုထိ တယောက်မှ အကြောင်းမပြန်ဘူး... တိတ်ဆိတ်နေကြတယ်...။ အင်းပေါ့လေ ခမျာများမလဲ လမ်းရှင်း... အိတ်ဆွဲ... သခင်အားရ ကျွန် ဘော မ... အလုပ်တွေနဲ့ မအားကြရှာဘူး ထင်ပါရဲ့...။