Tuesday, March 31, 2015
ဒေါက်တာဇော်မင်းနဲ့ ကျနော် - ၃ (အောင်သူငြိမ်း)
(၃)
ကိုဇော်မင်းဟာ ကွန်မြူနစ်လား
ဒေါက်တာဇော်မင်းဟာ ကွန်မြူနစ်လား။ သူဟာ ကျနော့်ကိုရော စည်းရုံးဖို့ ကြိုးစားဖူးသေးသလား။ ကျနော့်ကို ကျနော် ဒီမေးခွန်း ပြန်မေးကြည့်တယ်။ ပထမမေးခွန်းကို အမှန်အတိုင်းဖြေရရင် ကျနော် မသိဘူး။ ကျနော်တို့ သူငယ်ချင်းလို ပေါင်းသင်းနေစဉ်ကာလမှာ ရောက်တတ်ရာရာ ခေတ်အကြောင်းပြောတယ်။ စာအကြောင်း ပေအကြောင်း ပြောတယ်။
ဒါပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြိုခွင်းခံရလို့ နောက်ပိုင်း ကျနော်လည်း တောထဲရောက်၊ သူ့ကိုလည်း ဖမ်းပြီး ၄၈၂၈ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ယူဂျီ အဖွဲ့ဝင်အဖြစ် စွပ်စွဲတာ သတင်းစာရှင်းလင်းပွဲမှာ ဖတ်ရတယ်။ ဖတ်ရတဲ့အချိန်မှာ ကျနော် တောထဲရောက်နေပြီ။ (နောက်တော့ စာအုပ်နီက ကွန်မြူနစ်တွေအတွဲ၊ စာအုပ်စိမ်းက လက်ျာ အင်အားစုတွေအတွဲ ဆိုပြီး ထွက်လာတယ်)။
ကျနော်မြင်တာတော့ ကျနော်တို့ခေတ်က ခေတ်ကျပ်ကြီး။ လူတွေက အစိုးရကိုမကျေနပ်တာ အကျယ်အပြန့်ရှိနေတာပဲ။ ဒါကြောင့်လည်း ၁၉၈၈ မှာ တစ်နိုင်ငံလုံး တစ်ပါတီဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး အုံးအုံးကြွကြွ ထွက်လာကြတာပဲ။ ဒေါက်တာဇော်မင်းက အစိုးရကို မကျေနပ်တာ၊ မုန်းနေတာ ရှိနိုင်တာပဲ။ ကျနော်လည်း ကျနော့်အတိုင်းတာနဲ့ မကျေနပ်တာ ရှိနေတာပဲ။ ဒါပေမယ့်လည်း ကိုယ့်ခေတ်က ဒီလောက် အောက်ကျ နောက်ကျ နိုင်နေမှန်းတော့ မသိခဲ့ဘူး။
Monday, March 30, 2015
Sunday, March 29, 2015
ယမမင်း တိုင်းပြည် (ခင်မမမျိုး)
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၅
လက်ပံတန်းတရားရုံး
သာယာဝတီထောင်က ထွက်လာတဲ့ ယာဉ်တန်းတွေနောက်လိုက်ရင်း လက်ပံတန်းတရားရုံးကို သွားဖြစ်ခဲ့ကြပါတယ်။ လက်ပံတန်းတရားရုံးရှေ့မှာတင် စိတ်မကောင်းစရာ မြင်ကွင်းတွေက ဆီးကြိုနေတော့တာပါပဲ။ တရားရုံးဝင်ပေါက်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးထားကြတယ်။
ရဲတွေရှေ့မှာတော့ ငိုယိုနေကြသူတွေ။ တယောက်က ငိုရင်း ပြောတယ်။ မတရားမလုပ်ကြပါနဲ့တဲ့။ ဘာဖြစ်နေတာလဲလို့ သွားမေးတော့ ဖမ်းဆီးခံထားရတဲ့ မိဘတွေကို ဝင်ခွင့်မပြုလို့တဲ့။ အဝေးကြီးက လာရတာပါ။ သမီးလေးကို တွေ့ချင်လို့ပါဆိုတဲ့ မိခင်တယောက်ကို ကူညီဖေးမပေးရင်း၊ ကိုယ်တိုင်မျက်ရည်တွေ စီးကျလာတာကို သတိရလိုက်မိတယ်။ ရက်စက်လိုက်ကြတာ။ ယမမင်းတိုင်းပြည်များ ဖြစ်နေလေရော့သလား။

Saturday, March 28, 2015
ပိုစတာများ... (သစ်ကောင်းအိမ်)
ပိုစတာကြီးတွေ
ပြောင်းသွားတယ်
ကျော်ဟိန်း... ကျော်သူ...
စိုးသူ... ရန်အောင်...
ဒွေး...
ပိုစတာကြီးတွေရဲ့အောက်မှာ
ကွမ်းယာရောင်းရင်း
စမူဆာသုတ်စားရင်း
ဆူးလေတဝိုက်မှာ လမ်းသလားရင်း
သွားမှာလား...
သွားမှာလား...
သွားမှာလား...
ပြောင်းသွားတယ်
ကျော်ဟိန်း... ကျော်သူ...
စိုးသူ... ရန်အောင်...
ဒွေး...
ပိုစတာကြီးတွေရဲ့အောက်မှာ
ကွမ်းယာရောင်းရင်း
စမူဆာသုတ်စားရင်း
ဆူးလေတဝိုက်မှာ လမ်းသလားရင်း
သွားမှာလား...
သွားမှာလား...
သွားမှာလား...
Friday, March 27, 2015
တရားရုံးထဲမှာ လက်ထိတ်ဖြုတ်ပေးပါ (ကိုညို)
လက်ပံတန်းသပိတ်ကျောင်းသားတွေကိုလည်း တရားရုံးထဲ လက်ထိတ်တန်းလန်းတွေနဲ့ ခေါ်သွင်းနေတာတွေ့ရတော့ အတော်လေး အံ့သြတယ်။
ကျောင်းသူ မဖြိုးဖြိုးအောင်က တရားရုံးဥပဒေနဲ့ မလျှော်ညီလို့ လက်ထိတ်ဖြုတ်ပေးပါလို့ တောင်းဆိုတာကြောင့် တရားသူကြီးက လက်ထိတ်ဖြုတ်ပေးလိုက်တယ်လို့ သတင်းကြားရပါတယ်။
မြန်မာနိုင်ငံ တရားရုံးတွေမှာ တရားစီရင်ဆုံးဖြတ်မှုမရှိသေးဘဲ တရားခံလို ပြုမူဆက်ဆံတာမျိုး၊ အာမခံပေးလို့ရမယ့် အမှုတွေဖြစ်သော်ငြားလည်း ရာဇဝတ်သား၊ ဒုစရိုက်မှု ကျူးလွန်တော့မလိုလို တရားရုံးထဲအထိ ခြေကျဉ်း၊ လက်ထိတ်တွေနဲ့ ရုံးထုတ်နေမှုဟာ အတော့်ကို အရုပ်ဆိုးလွန်းပါတယ်။ မြန်မာနိုင်ငံက တရားရုံးတွေ အဲလောက်အထိ လူ့ယဉ်ကျေးမှု မရှိ၊ စာနာဂရုဏာတရား ခေါင်းပါးကုန်ကြပြီလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။

Thursday, March 26, 2015
Wednesday, March 25, 2015
၁၀ / ၁၀ (မင်းသွေးသစ်)
လှောင်အိမ်ထဲမှာ ထည့်ထားပေမယ့်
ကျားဟာ ကျားပဲ
ကြောင်ဘဝ မပြောင်းသွားဘူး ...
ခေါင်းပေါ်ကျတဲ့ ဒုတ်(တုတ်) ချက်တိုင်း
သည်းခြေပြတ်ရမယ် ဆိုရင်
ဒေါင်းဆိုတဲ့ငှက်
ရာဇဝင်မှာတောင် မရှိလောက်ဘူး ...
ကျားဟာ ကျားပဲ
ကြောင်ဘဝ မပြောင်းသွားဘူး ...
ခေါင်းပေါ်ကျတဲ့ ဒုတ်(တုတ်) ချက်တိုင်း
သည်းခြေပြတ်ရမယ် ဆိုရင်
ဒေါင်းဆိုတဲ့ငှက်
ရာဇဝင်မှာတောင် မရှိလောက်ဘူး ...
ပညာရေးသပိတ် ကျောင်းသားတွေကို ရုံးထုတ်
ဒီမိုကရေစီ ပညာရေးသပိတ်ကြောင့် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က အာဏာပိုင်တွေကနေ အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထားသူ ၆၅ ဦးကို ဗုဒ္ဓဟူးနေ့ မတ်လ ၂၅ ရက်နေ့က လက်ပံတန်းမြို့ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
တရားရုံးရှေ့မှာ အဖမ်းခံရသူတွေကို လာရောက်အားပေးကြတဲ့ မိဘဆွေမျိုးတွေနဲ့ လှုပ်ရှားတက်ကြွသူတွေ ရာနဲ့ချီပြီး ရှိနေခဲ့ပါတယ်။
အဲဒီ့ ၆၅ ဦး အပါအဝင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ အခြား ၃ ဦး၊ စုစုပေါင်း ၆၉ ဦးတို့ကို ပုဒ်မ ၅ ခုတပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ထောင်ကြားက ရှေ့နေ (ဇော်နောင်လင်း)
ဧည့်ခန်းထဲက နေရာ အတော်များများမှာ စာအုပ်ဗီရိုတွေက နေရာယူထားကြတယ်။ အများစုက ဥပဒေဆိုင်ရာ စာအုပ်တွေဖြစ်ပြီး တခြားစာအုပ်တွေကိုလည်း တွေ့ရတယ်။ ဗီရိုပေါ်မှာ “စာအုပ် လုံးဝ မငှားပါ” ဆိုတဲ့ စာကိုလည်း ကပ်ထားတာ တွေ့ရသေးတယ်။ သပ်သပ်ရပ်ရပ် မရှိလှတဲ့ အပြင်အဆင်က တစ်ကိုယ်တည်းနေထိုင်တဲ့ သူ့ဘဝကို ညွှန်းဆိုနေသယောင်ယောင်။ အလုပ်စားပွဲပေါ်မှာလည်း စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ အပြည့်။ တကယ်တော့ ဒီခပ်ရှုပ်ရှုပ် အခန်းလေးဟာ နိုင်ငံရေးအမှုတွေမှာ အခမဲ့ရှေ့နေလိုက်ပေးသူအဖြစ် ထင်ရှားတဲ့ တရားလွှတ်တော်ရှေ့နေ (ဦး) ရောဘတ်စန်းအောင် ရဲ့ အခန်းပေါ့။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အထိုက်အလျောက် ပွင့်လင်းလာတဲ့ စာနယ်ဇင်း စာမျက်နှာတွေထက်မှာ ရောဘတ်စန်းအောင် ဆိုတဲ့နာမည်ကို နိုင်ငံရေးမှုခင်းတွေနဲ့တွဲပြီး မကြာမကြာ တွေ့လာရတာ အမှန်ပါ။ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ရောဘတ်စန်းအောင်က သူရဲ့လိပ်စာကတ်ပြားမှာတောင် “(၆) ကြိမ်မြောက် နိုင်/ကျဉ်းဟောင်း” ဆိုတဲ့စာသားကို ဂုဏ်ယူစွာရိုက်နှိပ်ထားတာ တွေ့ရတယ်။ တကယ်တမ်းလည်း သူ့ဘဝမှာ ထောင်နံရံတွေနဲ့ ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတာကို သူနဲ့ စကားပြောဆိုရင်း သိခဲ့ရတယ်။

ကျူးကျော်ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့ သက်ကြီးတွေ များလာ
မြန်မာနိုင်ငံမှာ လယ်ယာမြေတွေ အသိမ်းခံကြရပြီး မြေလွတ် မြေရိုင်းပေါ် ကျူးကျော်တဲ့ ဥပဒေ၊ စည်ပင်မြေပေါ်မှာ ကျူးကျော်တဲ့ ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ တို့နဲ့ ပြစ်ဒဏ် ချမှတ်ခံကြရသူတွေထဲမှာ အသက် ၈၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေပါ ထောင်ချခံရတယ်ဆိုတဲ့ သတင်းတွေ အခုတလော ထွက်ပေါ်လာပါတယ်။
မိရိုးဖလာ အစဉ်အဆက် နေထိုင်ကြတဲ့ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေတွေပေါ် မြို့ပြတည်ဆောက်ရာမှာ လယ်ယာမြေ နိုင်ငံပိုင် ဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေတို့နဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းယူတာ မဟုတ်ဘဲ စည်ပင်သာယာ နယ်နိမိတ်ဖြစ်သွားပြီဆိုပြီး နှင်ထုတ်၊ တရားစွဲတာတွေလုပ်ခဲ့တယ်လို့ မြေသိမ်းခံ ပြည်သူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးမြင့်သွင်က ပြောပါတယ်။

Tuesday, March 24, 2015
ဝရမ်းပြေး (ကျော်ကိုကို)
မေမေက စားသုံးသူတွေအတွက် ကုန်စည်တွေဖြန့်ခင်းလိုက်ချိန်မှာ သားက ဆိုင်ခန်းတွေကြားမှာ ဝရမ်းပြေးဖြစ်ခဲ့ရတယ်။ ဖေဖေက ကျောင်းစာကြည့်တိုက်က စာအုပ်အချို့ငှားလာပေးတော့ သားက ဗီရိုကိုဖွင့်လိုက် စာမျက်နှာတွေထဲ ပြေးဝင်လိုက်နဲ့ တသက်လုံး ပြေးနေတော့မယ့် ဝရမ်းပြေးကလေးပေါ့။
သစ်ပင်တွေအောက် အရိပ်ကောင်းကောင်းရှာပြီး နေပူထဲက အာဖရိကကို လိုက်ရှာကြည့်တယ်။ စိန်တွင်းတွေထဲက အလုပ်ကြမ်းသမားတယောက် ထွက်ပြေးသလို… ဂျုံခင်းထဲက လူမည်းတယောက် ထွက်ပြေးသလို… စာသင်ခန်းထဲက ဦးနှောက်ပျက်လုဆဲဆဲ ကျောင်းသားတယောက် ထွက်ပြေးသလို… စိမ်းကားမုန်းတီးနေသူရဲ့ မြင်ကွင်းထဲက ချစ်သူရဲ့ အနမ်းရထားဆီကို ဦးတည်ပြီး ထွက်ပြေးသလို သားဟာ ဝရမ်းပြေးဘဝကို စိတ်ချလက်ချ ရွေးချယ်ခဲ့ပြီးပြီ။

Monday, March 23, 2015
လက်ပံတန်းမီးပွား ဘယ်လောက် ကြီးထွားလာနိုင်သလဲ (ခင်ငြိမ်းသစ်)
ဒီမိုကရေစီစနစ်သို့ ချီတက်နေပါပြီဟု တွင်တွင်ပြောနေသည့် အစိုးရလက်ထက်တွင် အငြင်းပွားဖွယ်ရာ ပြဿနာများက ဆက်ခါဆက်ခါ ဖြစ်ပွားခဲ့သည်။ မတ်လ ၅ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွင်းမှုမှစတင်ကာ မတ် ၁၀ ရက်တွင် ဖြစ်ပွားခဲ့သည့် လက်ပံတန်းမြို့ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ကျောင်းသားနှင့် ပြည်သူတို့ရင်ထဲ ဒေါသပေါက်ကွဲမှုများလည်း ဖြစ်ပေါ်နေသည်။ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆင်းရဲခြမ်းသာကွာဟမှု ကြီးမားခြင်းတို့ကြောင့်လည်း အခြေခံမကျေနပ်မှုများကလည်း ရှိနေနှင့်သည်။
ထို့ကြောင့် အချို့သော စောင့်ကြည့်လေ့လာသူများက အခုအခြေအနေသည် ၁၉၈၈ ကဲ့သို့သော အထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြသည်။ ထို့အတူ တက်ကြွလှုပ်ရှားသူမျာကလည်း လူမှုကွန်ယက်စာမျက်နှာများတွင် အထွေထွေသပိတ်ကြီးဖြစ်ပေါ်စေရန် လှုံ့ဆော်မှုအချို့ကိုလည်း စတင်ပြုလုပ်နေသည်။

Sunday, March 22, 2015
နယ်စပ်ကျော်လာတဲ့ ပြဿနာများကို ရပ်တန့်ရေးအတွက် (လှကျော်ဇော)
တရုတ်ပြည်-ယူနန်ပြည်နယ်တွင်း သောကြာနေ့က ဗုံးကြဲခံရမှုအတွင်း တရုတ် ၅ ယောက် သေဆုံးရပြီး ၈ ယောက် ဒဏ်ရာရမှုအပေါ် မြန်မာဘက်က ပထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းကြောင်း တနင်္ဂနွေနေ့က အတိအလင်း ပြောလာပါတယ်။
မြန်မာပြည်မြောက်ပိုင်း ကိုးကန့်ဒေသတွင်း ကိုးကန့်တပ် (MNDAA)နဲ့ အစိုးရတပ်အကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကနေ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုများ စီးပွားရေးကျဆင်းမှုများ အရပ်သားသေကျေမှုများ စတာတွေ တရုတ်ပြည်လို အိမ်နီးချင်း နိုင်ငံများအထိပါ ဝင်တိုးတက်ဖြစ်ပေါ်လာနေပါတယ်။ သို့သော်လည်း အလွန်အကဲဆတ်တဲ့ ပဋိပက္ခများဖြစ်တာကြောင့် ကုလသမဂ္ဂလို၊ အေ-စီ-ယမ်လို ပတ်သက်ရာ ပတ်သက်ကြောင်း နိုင်ငံတကာ့နဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ထိထိရောက်ရောက် ဝင်ရောက်ဖြန်ဖြေနိုင်ခြင်း မရှိပါ။

Saturday, March 21, 2015
နိုးချင်း... (သစ်ကောင်းအိမ်)
အိပ်ရာက နိုးနိုးချင်း
ညက ကြည့်လက်စ
ဆိုဖီမားဆိုးရဲ့
ရုပ်ရှင်ကိုဆက်ကြည့်ရင်း
ဝိုင်နီတခွက်ကို
ငှဲ့သောက်နေမိတယ်... လို့
သူငယ်ချင်း အင်္ဂလိပ်ပေးရှန့်ကို
နောက်နေတုန်း
ညက ရှုပ်ထားတဲ့အမှိုက်တွေ
အမှိုက်ပုံးထဲသွားပစ်တဲ့...
နားထဲ ယီမင်ဗလီထဲဗုံးကွဲသလို
အသံတသံ...
ဒေါ်ကေခိုင်
မောင်ချောနွယ် ဆန်ချင်ဆန်
မချောတော့ မဆန်ပါနဲ့...
ညက ကြည့်လက်စ
ဆိုဖီမားဆိုးရဲ့
ရုပ်ရှင်ကိုဆက်ကြည့်ရင်း
ဝိုင်နီတခွက်ကို
ငှဲ့သောက်နေမိတယ်... လို့
သူငယ်ချင်း အင်္ဂလိပ်ပေးရှန့်ကို
နောက်နေတုန်း
ညက ရှုပ်ထားတဲ့အမှိုက်တွေ
အမှိုက်ပုံးထဲသွားပစ်တဲ့...
နားထဲ ယီမင်ဗလီထဲဗုံးကွဲသလို
အသံတသံ...
ဒေါ်ကေခိုင်
မောင်ချောနွယ် ဆန်ချင်ဆန်
မချောတော့ မဆန်ပါနဲ့...
ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်
မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ကြီးမှူးကျင်းပတဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပွဲတော်ကို ရန်ကုန်မြို့ရှိ Yangon Gallery မှာ မတ်လ ၂၀ ရက်ကနေ မတ်လ ၂၃ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၅ နာရီအတွင်း ပြသသွားမယ်လို့ သိရပါတယ်။
Thursday, March 19, 2015
တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ကိုးကန့် ဂယက်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလှကျော်ဇော နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နားလည်တာက စစ်ဆိုတာ ပြဿနာတခုကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ မရတဲ့အခါမှာ နောက်ဆုံးအသုံးချတဲ့ နည်းလမ်းလို့ ကြားဖူးပါတယ်။ နားလည်ပါတယ်။ ဆိုတော့ အခု ကိုးကန့်ပြဿနာဟာ ဘယ်လောက်များ ခက်ခဲနေလို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရလို့ တိုက်ကြတယ်လို့ ထင်ပါလဲ။ ဒေါ်လှကျော်ဇောရဲ့အမြင်ကို ပထမဦးဆုံး ကြားချင်ပါတယ်။
ဒေါက်တာလှကျော်ဇော ။ ။ အမှန်ပါပဲ။ စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ ဖြစ်လာတဲ့ကိစ္စ။ ကိုးကန့်ကိစ္စကတော့ ရှောင်နှိမ်အဖွဲ့လို့ခေါ်တဲ့ ဦးဖုန်းကျားရှင်တို့အဖွဲ့က ၂၀၀၉ ခုနှစ်က နအဖ စစ်အစိုးရက မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားရတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့အနေနဲ့ နိုင်ငံရေး အနေအထားတခုကို ပြန်လိုချင်လာတယ်။

လူကြီးဖတ်ဖို့ ကဗျာ (နေဇော်နိုင်)
သူတို့လူကြီးဖြစ်လာရင်
ကလေးတွေကိုချစ်တတ်ဖို့
အခု လူကြီးဖြစ်နေတဲ့ ကျနော်တို့က သူတို့တွေကို ချစ်တတ်ရမယ်။
သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။
ချစ်တတ်ရင်
သေနတ်မောင်းဖြုတ်မယ့် ခင်ဗျားလက်ညှိုးကို ထိုးပေးလိုက်
ကလေးတွေက နို့ထွက်လာအောင် စုပ်ယူနိုင်တယ်။

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ ပြန်ရုပ်သိမ်း
လွှတ်တော်မှာ တင်သွင်းထားတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကို ပြန်လည်ရုပ်သိမ်းဖို့ ပြန်ကြားရေးဝန်ကြီးက မတ်လ ၁၈ ရက်နေ့က အဆိုတင်သွင်းရာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေဟာ ပုဂ္ဂလိက သတင်းမီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲအောင်လုပ်တဲ့ သဘောရှိတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အခုတော့ ဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရုပ်သံလွှင့် ဥပဒေ၊ ပြောင်းလဲလာတဲ့ သတင်း စာနယ်ဇင်း အခြေအနေတွေကြောင့် တင်ထားပြီးသား ဥပဒေကို ပြန်လည် ရုပ်သိမ်းရတာ ဖြစ်တယ်လို့ ပြောပါတယ်။

Wednesday, March 18, 2015
Tuesday, March 17, 2015
ကျောင်းသားတွေ နိုင်တယ်၊ ရှုံးတာက ကျနော်တို့ အားလုံး (ကိုညို)
အောင့်ထားတာတွေ အန်ပစ်လိုက်ပြီ။ သွေးခွဲတယ်တော့ မထင်နဲ့၊ မြင်တာကို တည့်တည့်ပဲပြောမယ်။ ကျောင်းသားတွေ နိုင်တယ်၊ နိုင်ငံရေးသမားတွေ ရှုံးတယ်။ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ ရှုံးတယ်။ နိုင်ငံရေးပါတီတွေ ရှုံးတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရှုံးတယ်။ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ရှုံးတာပဲ။ ဘာကြောင့် ရှုံးလဲဆိုတော့... ကျောင်းသားတွေကို ထိရောက်စွာ မကူညီ၊ မဝန်းရံလို့ပါ။ (နာရေးကူညီမှု၊ ပညာရေးကွန်ယက်နဲ့ အဖွဲ့အနည်းငယ်၊ လူအနည်းငယ်လောက်သာ ဝန်းရံတယ်)
ဒါကြောင့် လက်ပံတန်းမှာ ကျောင်းသားတွေ မနာသင့်ဘဲ နာရတယ်၊ အရိုက်မခံသင့်ဘဲ ခံရတယ်။ သူတို့ကို ဝန်းရံမှု အင်အားနည်းလို့ အထိနာတာဖြစ်တယ်။ နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေနဲ့ နောက်ဆုံး ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက လက်တွေ့ကျကျ ဝန်းရံလုပ်ဆောင်ရမယ့်အရာကို မလုပ်ခဲ့ကြဘူး။

Thursday, March 12, 2015
လမ်းပြမြေပုံ - မောင်စိန်ဝင်း (ပုတီးကုန်း)
ကြွေမှာကြောက်လျှင်
ပိတောက်မပွင့် ...
မှောက်မှာစိုးလျှင်
မိုးသဲလေကြမ်း လှေကမ်းမခွာ ...
နာမှာတွေးလျှင်
သွေးလူးခြေထောက်
ဘယ်ဆက်လျှောက်မလဲ ...
ပိတောက်မပွင့် ...
မှောက်မှာစိုးလျှင်
မိုးသဲလေကြမ်း လှေကမ်းမခွာ ...
နာမှာတွေးလျှင်
သွေးလူးခြေထောက်
ဘယ်ဆက်လျှောက်မလဲ ...
ဗကသ ခေါင်းဆောင်တွေကို လိုက်လံ ဖမ်းဆီး
ဗကသ ကျောင်းသားတချို့ ကြာသပေတေးည သန်းခေါင်ကျော်မှာ အာဏာပိုင်တွေရဲ့ လာရောက်ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
အလုံမြို့နယ် အောင်ဇေယျာလမ်းထဲက လိပ်စာကို ရဲတွေ ကား ၂ စီးတိုက်ရောက်လာပြီး ဝင်ရောက်ဖမ်းဆီးတာမှာ ဗကသ ဒုဥက္ကဋ္ဌ မိုးထက်နေ၊ ဗဟိုလုပ်ငန်းကော်တီဝင်တဲ့ဖြစ်တဲ့ မဟန်နီဦး၊ ကိုသီဟဝင်းတင်တို့နဲ့အတူ အဲဒီမှာရှိနေတဲ့ သတင်းသမားတစ်ဦး အပါအဝင် နောက်ထပ် ဗကသ ကျောင်းသားတစ်ဦး စုစုပေါင်း ၅ ဦး အဖမ်းခံခဲ့ရပါတယ်။

လက်ပံတန်း မှသည်... နိဂုံး (ရှင်ဒေဝီ)
အဲဒီအချိန်မှာ ပတ်ထားတဲ့ သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါပဲ။ ရန်ကုန်သွားခွင့် ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလည်း ပျော်ပြီး ခုန်လို့ ရိုက်တဲ့ အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေက မလိုလားလို့ အမြန်ဆုံး ထွက်သွားဖို့။
အဲဒါက ပျော်နေတဲ့ စစ်ကြောင်းကို တွေဝေသွားစေတဲ့အပြင် ဒေါသဆွပေးလိုက်သလိုပါပဲ။ ဒါ လက်ပံတန်းပြည်သူ အစစ်တွေမဟုတ်မှန်း သိနေကြသားပဲ။ လှည့်ကွက်တွေ လာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခု မှားနေလို ခံစားလာရတယ်။ ကျောင်းသားအများစုတွေက မူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိနှိုင်းမှုက အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့၊ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက် ကျယ်လာပြီ။
အဲဒီအချိန်မှာ ကျောင်းသားတွေဘက်က ကြေညာတယ်။ ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ့် ပြည်သူတွေကို မဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေကို နာကျင်အောင် မလုပ်ပါနဲ့။ တကယ်လို့ ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော်ကို မလေးမစား မလုပ်ပါနဲ့လို့ တောက်လျှောက် ကြေညာနေတယ်။ မင်းသွေးသစ် ဖြစ်မယ်လို့ ထင်ပါတယ်။

အကြမ်းဖက်ဖြိုခွဲမှု ရှုတ်ချပွဲနဲ့ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး တောင်းဆို
လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့အပေါ် ကန့်ကွက် ရှုတ်ချပွဲနဲ့ အဖမ်းခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ရေး တောင်းဆိုပွဲကို နာရေး ကူညီမှုအသင်း (ရန်ကုန်) ကနေ ဦးဆောင်ပြီး ကြာသပတေးမှာ ပြုလုပ်ခဲ့ပါတယ်။
မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်းကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ NNER ကိုယ်စားလှယ်တွေ၊ ရုပ်ရှင် အနုပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေ လာပြီးတော့ လက်ပံတန်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်းနဲ့ ကန့်ကွက် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့လူ့အခွင့်အရေး ဘယ်လောက် တိုးတက်လာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၄ ခုနှစ်မှာ မော်တော်ကားကြီး ချောက်ထဲပြုတ်ကျသလို ယိုယွင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ တကယ်ပဲလား။ ဒီသုံးသပ်ချက် ဘယ်လောက်မှန်သလဲ။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဘန်ကောက်အခြေစိုက် အရာရှိတဦးဖြစ်တဲ့ Phil Robertson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Phil Robertson တို့ရဲ့  HRW ခေါ်တဲ့ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ ညွှန်းကြားရေးမှူး Brad Adams က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ၂၀၁၄ မှာ Car crash ခြောက်ထဲကို ကားကြီးထိုးကျသွားသလိုပဲ မှတ်ချက်ရေးထားပါတယ်။ ဒါကို လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ၂ နှစ်က ပုံမှန်တိုးတက်မှုရှိခဲ့တယ်လို့ ဆိုထားလေတော့ ဘာတွေကိုများ ခင်ဗျားတို့က တိုးတက်မှုလို့ ခင်ဗျားတို့က တွက်ခဲ့ကြသလဲဆိုတာကို အရင်ဆုံး ရှင်းပြပါ။

Wednesday, March 11, 2015
လက်ပံတန်း မှသည်... (ရှင်ဒေဝီ)
ကျမ ရှင်ဒေဝီ ပါ။ အသက်မွေးဝမ်းကြောင်းက documentary filmmaker (မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ) ဖြစ်ပါတယ်။ ၁၀ ရက်နေ့ လက်ပံတန်း အကြမ်းဖက်မှုအတွက် မျက်မြင်သက်သေ တယောက်လည်း ဖြစ်ခဲ့ပါတယ်။ တိတိကျကျပြောရရင် လက်ပံတန်းမှာ ကင်မရာနဲ့ရောက်ရှိနေခဲ့တာဟာ သတင်းဌာနတခုခုအတွက် အလုပ်လုပ်တဲ့ media သမားအဖြစ် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို မှတ်တမ်းတင် စုဆောင်းနေတဲ့ image collector အဖြစ် ရောက်ခဲ့တာပါ။ ဒါကြောင့်မို့ ကျမဟာ တခြားသော media သမားတွေလို ကျင့်ဝတ် စောင့်ထိန်းစရာမလိုဘဲ ကျောင်းသား ကျောင်းသူတွေကို ဝန်းရံနိုင်သူအဖြစ် ကျမကိုယ် ကျမ ခံယူပါတယ်။
အစကပြောရမယ်ဆိုရင် ပညာရေးပြောင်းလဲဖို့ အမှန်တကယ် လိုအပ်လို့ ကျောင်းသားစစ်ကြောင်းကို ထောက်ခံပါတယ်။ သူတို့ စထွက်လာကတည်းက လုံးဝ သဘောတူထောက်ခံပါတယ်။ အခုမှမစရင် ကျမတို့ ဘယ်လောက် ထပ်စောင့်ရဦးမတုန်း။ တဘဝလုံး စောင့်ခဲ့ရတာ။

ပင်မ သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံထားရသူတွေကို ရုံးထုတ်စစ်ဆေး
လက်ပံတန်းမှာ ကျောင်းသားသပိတ်ကို လုံခြုံရေးတွေက အကြမ်းဖက်ဖြိုခွဲစဉ်မှာ မတ်လ ၁၀ ရက် ညနေပိုင်းက လက်ပံတန်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရသူတွေထဲက ၆၀ ကျော်ကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်ခဲ့မှု၊ လူစုခွဲဖို့ အမိန့်ပေးပြီးနောက်ပိုင်းမှာ ဆက်လက် ပါဝင်ခဲ့မှု၊ ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို နာကျင်စေခဲ့မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲထားပြီး လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ရုံးချိန်း ပြန်ခေါ်ထားတယ်လို့ သိရပါတယ်။

ကျောင်းသားတွေ နိုင်တယ် (မောင်လွမ်းဏီ)
ကျန်ခဲ့တဲ့ နှီးခမောက်တိုင်းက
နောက်သမိုင်းစာမျက်နှာအတွက်
သွေးစက်စွန်းတဲ့
ရှေ့အဖွင့်စာမျက်နှာပေါ့ ညီရဲဘော်။
တို့ ချီတက်ရမယ်
ချီတက်ကြရမယ်
မန္တလေးမှသည် မြစ်ဝကျွန်းပေါ်အထိ
လက်ပံတောင်းမှ လက်ပံတန်းအထိ
ပဲခူးရိုးမက တနင်္သာရီရိုးမဖျားအထိ
သာယာဝတီမှ ကမ္ဘာမကြေဆီအထိ
တို့ခွပ်ဒေါင်းအလံတွေ
လေကစား ကြွားတလူလူဝေ။
နောက်သမိုင်းစာမျက်နှာအတွက်
သွေးစက်စွန်းတဲ့
ရှေ့အဖွင့်စာမျက်နှာပေါ့ ညီရဲဘော်။
တို့ ချီတက်ရမယ်
ချီတက်ကြရမယ်
မန္တလေးမှသည် မြစ်ဝကျွန်းပေါ်အထိ
လက်ပံတောင်းမှ လက်ပံတန်းအထိ
ပဲခူးရိုးမက တနင်္သာရီရိုးမဖျားအထိ
သာယာဝတီမှ ကမ္ဘာမကြေဆီအထိ
တို့ခွပ်ဒေါင်းအလံတွေ
လေကစား ကြွားတလူလူဝေ။
လက်ပံတန်း အခြေအနေ
မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ ကျောင်းသားသပိတ်စခန်းကို လုံခြုံရေးက ဖြိုခွဲလိုက်ပြီးနောက် လက်ပံတန်းမြို့ အခြေအနေ။
Tuesday, March 10, 2015
ဒေါင်းဖမ်းတဲ့ ပွဲ - မောင်စိန်ဝင်း (ပုတီးကုန်း)
ကျောင်းမြေမှာ
အလောင်းတွေထပ်
ဒေါင်းတွေ သတ်ခဲ့တဲ့ သမိုင်းအစဉ်။
သေနိုင်ရိုးတဲ့လား
ဒေါင်းမျိုးဆိုတာ ဖြတ်ဖျက်မရတဲ့
သမဂ္ဂရဲ့ သွေး သမိုင်းဝင်။
တော်လှန်တဲ့ နွေသမိုင်းကို
အမွေရိုင်းအောင် အာဏာသုံး
မာယာဖုံးပါလို့ ညွတ်ကွင်းဆင်
ဇွတ် အတင်းဝင် ရိုက်နှက်ဆွဲ။
အလောင်းတွေထပ်
ဒေါင်းတွေ သတ်ခဲ့တဲ့ သမိုင်းအစဉ်။
သေနိုင်ရိုးတဲ့လား
ဒေါင်းမျိုးဆိုတာ ဖြတ်ဖျက်မရတဲ့
သမဂ္ဂရဲ့ သွေး သမိုင်းဝင်။
တော်လှန်တဲ့ နွေသမိုင်းကို
အမွေရိုင်းအောင် အာဏာသုံး
မာယာဖုံးပါလို့ ညွတ်ကွင်းဆင်
ဇွတ် အတင်းဝင် ရိုက်နှက်ဆွဲ။
ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရ
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး မန္တလေးကနေ ရန်ကုန်ကို ချီတက်လာရင်း လက်ပံတန်းမှာ တားဆီးခံနေရတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ဒီနေ့ နေ့လည် ၁ နာရီကျော်လောက်မှာ ရဲတွေရဲ့ အကြမ်းဖက်ရိုက်နှက် ဖြိုခွင်းတာကို ခံလိုက်ရပါတယ်။