ကျမ စာရေးဖို့ ကွန်ပြူတာရှေ့ထိုင်တော့ ကွန်ပြူတာဘေးမှာ ကျမရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေးကို တွေ့လိုက်ရတယ်။ အတူနေတဲ့ အခန်းဖော်မိန်းကလေး ဖတ်လက်စတန်းလန်းနဲ့ ထားသွားဟန် တူပါတယ်။ စာအုပ်မှာ မှတ်ရာလေး လုပ်ထားတာကို ကျမ တွေ့ရတယ်။ စာအုပ်လေးကို ကောက်ကိုင်လိုက်တော့ ပလိုင်းကြီးထဲက ဖိုးမူလေးရဲ့ ငိုမဲ့မဲ့အကြည့်နဲ့ ကျမ ထပ်ပြီး ဆုံရပြန်တယ်။
ကျမ ရင်ဘတ်တခုလုံး အောင့်တက်လာတယ်။ မျက်လုံးအိမ်ထဲလည်း မျက်ရည်တွေ အိုင်ထွန်းလာပြီး မျက်ရည်ပေါက်ကြီးတွေက ကျမ မျက်နှာပြင်တခုလုံးကို ဖုံးလွမ်းသွားပါတော့တယ်။
ဖိုးမူလေးရဲ့ ငိုသံသဲ့သဲ့လေးကို ကျမ အတိုင်းသား ကြားနေရတယ်။
Saturday, January 31, 2015
အရေးယူနိုင်တဲ့ စစ်တပ်ကျူးလွန်မှုများ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက် ဆွေးနွေးခန်းအစီအစဉ်မှာ တရားဥပဒေ စိုးမိုးရေး ချွတ်ခြုံကျနေတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ဘယ်လောက်ထိ မှန်မှန်ကန်ကန် ကိုင်တွယ်အရေးယူနိုင်ပါသလဲ။ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပေးနိုင်ပါသလဲ။ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ကချင် စေတနာဝန်ထမ်း ဆရာမနှစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေးကောင်မရှင်က ကြေညာချက်ထုတ်ပြန်တာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ အတိအကျတော့ မဟုတ်ဘူး။ ဒါပေမယ့် စစ်တပ်ကိုလည်း ညွှန်းထားတဲ့သဘောလို့ ကျနော် နားလည်ပါတယ်။ ဒါဟာ စစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ အတိအကျများ အထောက်အထားတွေ ရှိပြီလား ခင်ဗျား။

Friday, January 30, 2015
အနေသာ ... အသာနေ ... အသေနာ - ဦးဘုန်း (ဓာတု)
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ လယ်သမား လင်မယား အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား
ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။
ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။
အားလုံးကို သိစေချင်လို့ အသိပေးတဲ့သဘောပေါ့။
“အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျို့”

Thursday, January 29, 2015
မြန်မာဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တချို့ (မောင်သာချို)
(တစ်)
အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့ မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။ ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။ ကွယ်လွန်သူ သံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော အမြွှာညီနောင်’’ လို့ ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့ ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။
ဟုတ်ပါတယ်။ ကွဲပြားခြား နားမှုရဲ့ သော့ချက်ကို မသိသူတွေအဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်းနည်းကလေး ခက်ပါတယ်။ ဒါပေမယ့် ခွဲနည်းကို သူတို့ကပြောပြတော့လည်း အရှင်းသားပါကလား။
Wednesday, January 28, 2015
အများသဘောတူ ဆုံးဖြတ်တဲ့နောက်ကို အားလုံး လိုက်နာကြမယ်
ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မှာ အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲစဖို့ သဘောတူခဲ့တဲ့ သပိတ်မှောက် ကျောင်းသားတွေအကြား ပုပ္ပါးက ရှေ့ဆက်ချီတက်ဖို့ကိစ္စ ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။
နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့နေ့ထိ ချီတက်မှု မလုပ်ဘဲ ရပ်နားထားစေလိုပြီး သပိတ်စစ်ကြောင်းက ကျောင်းသားတွေကတော့ ကျောက်ပန်းတောင်းကဆက်ပြီး ရန်ကုန်ကိုချီတက်ဖို့ လိုလားကြပါတယ်။

ကျောင်း (မောင်သိန်းဇော်)
ဘဝသည် လမ်းဟု ဆိုပါစို့
လူနဲ့ ကမ္ဘာလောက
အပြန်အလှန် သင်ကြားခြင်းများ ...
အတွေးဝတ်မှုန် လင်းထိန်ခဲ့
ပန်းတွေမှာ အိပ်မက်ရှိတယ်။
ဖူးတံမှသည်
ပွင့်သစ်စ အနာဂတ် သို့
ဘယ်လောက် ဝေးဝေး
လူနဲ့ ကမ္ဘာလောက
အပြန်အလှန် သင်ကြားခြင်းများ ...
အတွေးဝတ်မှုန် လင်းထိန်ခဲ့
ပန်းတွေမှာ အိပ်မက်ရှိတယ်။
ဖူးတံမှသည်
ပွင့်သစ်စ အနာဂတ် သို့
ဘယ်လောက် ဝေးဝေး
Tuesday, January 27, 2015
Monday, January 26, 2015
အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ မပေါက်မိပါစေနဲ့ (ကျော်စွာမြင့်)
မြင်းခြံမြို့မှာရောက်ရှိနေကြတဲ့ မန္တလေးက ရန်ကုန်အထိ လမ်းလျှောက်ချီတက် သပိတ်မှောက်စစ်ကြောင်း ကျောင်းသားတွေကို မနက်ဖြန် တောင်သာမြို့အဖြတ်မှာ အစိုးရက တောင်သာ လူမိုက်စွမ်းအားရှင်ဆိုသူတွေကို အသုံးချပြီး ထောက်ခံသူနဲ့ ကန့်ကွက်သူ ပြည်သူချင်းဖြစ်ကြတဲ့ ပဋိပက္ခသဏ္ဍာန် ဖန်တီးပြီး ဖြိုခွင်းဖို့ကြံစည်ထားကြောင်း သတင်းတွေမှာ ကြားသိလာရပါတယ်။
တချိန်က ဒီပဲယင်းအရေးအခင်းလို ထောက်ခံသူနဲ့ ကန့်ကွက်သူ တိုက်ခိုက်တဲ့ ပြဿနာလိုမျိုး ဇာတ်လမ်းအဟောင်းကြီးကို တကျော့ပြန် ဖန်တီးမယ်ဆိုရင်တော့ အစိုးရ အကြီးအကျယ် မှားယွင်းနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ ဒီပဲယင်း အရေးအခင်းတုန်းက အခြေအနေ အနေအထားမျိုး မဟုတ်တော့ဘူး။ သမ္မတ ဦးသိန်းစိန်တို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် နိုင်ငံတကာအလယ်မှာ တဖွဖွပြောနေ ကတိတွေပေးနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အချိန်ကာလနော်။ ယနေ့အချိန်မှာ အမေရိကန်အစိုးရ အပါအဝင် အနောက် အင်အားကြီးနိုင်ငံတွေ၊ ကူညီထောက်ပံမှု အများဆုံးပေးနေတဲ့ ဂျပန်လိုနိုင်ငံတွေကပါ စောင့်ကြည့်နေတဲ့အချိန်နော်။

Sunday, January 25, 2015
Boys Don’t Cry… (သစ်ကောင်းအိမ်)
လူသေအလောင်း အဝတ်ဖြူလွှမ်းသလို
ကိုယ်တို့အိမ်ခေါင်မိုးတိုင်းပေါ်မှာ
ဆီးနှင်းဖြူဖြူများ…
ဒန်းဟာ ယမ်းခါလို့
ခြံထောင့်က သစ်လုံးပုံပေါ်
အဖြူရောင်ဖုန်တွေ ထခုန်လို့
မြက်ခင်းပြင်က
ကျူးကျော်သူ လူဖြူတွေနဲ့
အစိမ်းရောင်တော်လှန်ရေး ဆင်နွှဲလို့
ကိုယ်တို့အိမ်ခေါင်မိုးတိုင်းပေါ်မှာ
ဆီးနှင်းဖြူဖြူများ…
ဒန်းဟာ ယမ်းခါလို့
ခြံထောင့်က သစ်လုံးပုံပေါ်
အဖြူရောင်ဖုန်တွေ ထခုန်လို့
မြက်ခင်းပြင်က
ကျူးကျော်သူ လူဖြူတွေနဲ့
အစိမ်းရောင်တော်လှန်ရေး ဆင်နွှဲလို့
Saturday, January 24, 2015
ဝေ့လည်လည် မြန်မာ့နိုင်ငံရေး
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဖို့ တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဝေ့လည်လည် ပန်ကြားချက်ကို ဘယ်လို အဓိပ္ပာယ်ကောက်ယူကြမလဲဆိုတာကို NLD အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်၊ နိုင်ငံရေးအကဲခတ် သုတေသီ ဒေါက်တာရန်မျိုးသိန်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့အရေး ပြည်ထောင်စုလွှတ်တော်က တင်ပြတဲ့ကိစ္စကို နိုင်ငံတော်သမ္မတက ပြန်ကြားထားတဲ့စာကို တွေ့ရပါတယ်။ သမ္မတရဲ့ ပြန်ကြားစာက ဘယ်လောက် ရှင်းလင်းပြတ်သားမှု ရှိတယ်လို့ နားလည်ရပါသလဲ။ သဘောရပါသလဲ။ ဒေါက်တာရန်မျိုးသိန်း စဆွေးနွေးပါ။

Friday, January 23, 2015
ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၂ (သစ်ကောင်းအိမ်)
(၅)
ကျနော် ၅ တန်းစာမေးပွဲဖြေဆိုပြီးသည့်နှစ်တွင်တော့ အနော်မာမြစ် တဖက်ကမ်းကို လှမ်းမျှော်ရည်စူး၍ အဖေနဲ့ အမေက ကျနော်တို့တခြံကျော်ရှိ တိုက်ကြီးကျောင်းမှာ ကိုရင်ဝတ်ပေးပါသည်။
ထိုစဉ်က ကျနော်တို့ရပ်ကွက် ရွာဦးရှိ ဘိုးဘွားအစဉ်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ကျောင်းထိုင်ဘုန်းဘုန်းမှာ ကျောင်းဝန်းကျယ်ကြီး တခုလုံး တပါးတည်း အုပ်စိုးခြယ်လှယ် သီတင်းသုံးနေထိုင်လေရာ ကျောင်းကြီးပေါ် မောင်မဆော့ပေမယ့် အလှူပြီးသည့်ညမှာပဲ ကျနော် ကိုရင်အား လက်ခံစောင့်ရှောက်မည့်သူ မရှိသဖြင့် တခြံကျော်ရှိ ကိုယ့်အိမ်ကိုယ်ပြန်ကာ သီတင်းသုံးနေထိုင်ရပါသည်။
အဖေရယ် အမေရယ် အိမ်ရယ်နဲ့ ကျနာ် တခါမှ ခွဲမအိပ်စဖူး... အိမ်ရှေ့ခန်းက သီးသန့်ခင်းကျင်းပေးထားသည့် အိပ်ရာပေါ်က သင်္ကန်းနံ့စူစူးပေါ် လူးလိမ့်လို့ ကြမ်းတပြေးကြီးပေါ်မှာ အလွမ်းကြီးကြီး … ကျမ်းကြီးကြီး ညတညပါ မေမေရယ်... ဘယ်အမျိုးသမီးနဲ့မှ တမိုးတည်းအောက် မအိပ်ရဆိုတော့ ကျနော် ငရဲရောက်ရတော့မှာလား ... အမေ့မေတ္တာတရားမှာ တရားဦးမနာဘဲ ဈာန်နဲ့ပျံကြွနိုင်သူ ရဟန္တာ... ကောင်းကင်မှာ ဘယ်နှပါးများ ရှိပါလိမ့် …။
ကောင်းခါး မှတ်တမ်း (ခိုင်မာကျော်ဇော)
စစ်ဘီလူးရဲ့
အဆိပ်လူးမြား
ကောင်းခါးကို အကျည်းတန်သွားတယ်။
မမြင်ရက်စရာ
ရင်ထက်မှာ အက္ခရာပျောက်
မနောမြေလန်း
တောပန်းဖြူဖြူလေးတွေ
အစိမ်းကြွေ ကြွေ။
အဆိပ်လူးမြား
ကောင်းခါးကို အကျည်းတန်သွားတယ်။
မမြင်ရက်စရာ
ရင်ထက်မှာ အက္ခရာပျောက်
မနောမြေလန်း
တောပန်းဖြူဖြူလေးတွေ
အစိမ်းကြွေ ကြွေ။
Thursday, January 22, 2015
Wednesday, January 21, 2015
စတုတ္ထအောင်လံ (မောင်လွမ်းဏီ)
မနက်ဖြန်
အာခံကာ ချီမတဲ့
မောင်ကျောင်းသားရဲ့ တပ်ဦး စံ။
စတုတ္ထသပိတ်၊ စတုတ္ထတိုက်ပွဲ
လိုက်ရဲသူ လက်ချင်းတွဲ
ခိုင်မြဲတဲ့ သံန္နိဋ္ဌာန် ဖိုးသခင်ထံ
အပ်နှံထားသည်တဲ့
ထီမထင်ကျောင်းတော်သားတွေရဲ့ နှလုံးရည်။
အာခံကာ ချီမတဲ့
မောင်ကျောင်းသားရဲ့ တပ်ဦး စံ။
စတုတ္ထသပိတ်၊ စတုတ္ထတိုက်ပွဲ
လိုက်ရဲသူ လက်ချင်းတွဲ
ခိုင်မြဲတဲ့ သံန္နိဋ္ဌာန် ဖိုးသခင်ထံ
အပ်နှံထားသည်တဲ့
ထီမထင်ကျောင်းတော်သားတွေရဲ့ နှလုံးရည်။
ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၁ (သစ်ကောင်းအိမ်)
(၃)
နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။ သူ၏နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေ ရွတ်ဆိုနေသည် မသိ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့်...၊ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ပံကို စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေးမြန်မာ့ရေး သတင်းများအလယ် သူ နစ်မြုပ်နေချိန်များတွင်တော့ သူ့ စိတ်ပုတီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် မြင်တွေ့သူ ကျနော်တို့ တယောက်ယောက်က ကောက်ယူကာ စားပွဲပေါ်သို့ ပြန်တင်ပေးထားရတတ်ပါသည်။
ကျောင်းပိတ်ရက် နေ့လယ် တနေ့ခင်း ကျနော်တို့ညီအကိုတသိုက် မျိုးကိုတို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူး သိလား... သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်းလျားတခုတွင် ဝင်ထိုင်ရင်း ကျနော်တို့ညီအကိုတသိုက်နဲ့အတူ အကြင်နာသစ်ဆု… အကြင်နာသစ်ဆု… ကို ဝင်တောင်းရမ်းရင်း ပုတီးစိတ်နေပါသည်။ ထိုစဉ် ဘယ်အချိန်ကာလတည်းက သူ့ပုတီးစိတ်နည်းကို စပ်စပ်စုစု လေ့လာထားသည်မသိသော ကျနော့်အကို အောင်ကိုကြီးက ကို(…) ခင်ဗျားစိတ်တဲ့ပုတီးက ဒီနေ့ဘာလို့ တလုံးလျော့နေရတာလည်းဟူ၍ အမေးအမြန်း ထထူပါတော့သည်။ သူကတော့ သူ့ကိုယ်ပိုင် အေးဆေးလေးလံသော လေသံဖြင့် ... …
ဘဏ္ဍာရေး အကျပ်အတည်း အဆုံးသတ်သွားပြီလို့ အိုဘားမားပြော
အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ နှစ်လည် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အမေရိကန်ရဲ့ဘဏ္ဍာရေး အကျပ်အတည်းကာလ အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ပြီး စီးပွားရေး မူဝါဒတွေက အမေရိကန် ပြည်သူအားလုံးအတွက် အကျိုးရှိစေရမယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။
Tuesday, January 20, 2015
Monday, January 19, 2015
ငါတို့ကျောင်းလေး ပြန်ပေးပါ (ခိုင်မာကျော်ဇော)
ကျောက်တုံးကြီးရေ
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့က ဆင်ဦးစီးပေါ့၊
တို့ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ကို တမျှော်မျှော်နဲ့။
မင်းကျောပေါ်ကို တို့တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့အော်
ငါတို့လည်းပျော်
မင်းလည်းပျော်ပေါ့။
ရွာမှာဆို မင်းက ဆင်ကြီး
ငါတို့က ဆင်ဦးစီးပေါ့၊
တို့ကျောင်းပေါ်မှာ
‘ကဒို’ ‘ခကဝေါ်’
တစာစာအော်တော့
မင်းကတို့ကို တမျှော်မျှော်နဲ့။
မင်းကျောပေါ်ကို တို့တက်စီး
ဟဲ့ ဆင်ကြီးလို့ ငါတို့အော်
ငါတို့လည်းပျော်
မင်းလည်းပျော်ပေါ့။
ငွေလရောင်ရဲ့ တိမ်းရှောင်သူ (သစ်ကောင်းအိမ်)
(၁)
ကျနော့်အမေ ကွန်မြူနစ်ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့ တယောက်တည်း ပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ မျက်တွင်းများ ပါးရိုးနားရိုးများ ချိုင့်ဝင်လျက်၊ ရီဝေဝေ ကြောင်စီစီ မျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ဝေးသော ဆံပင်ခွေ လိပ်လိပ်များနှင့် ကျောပြင်တခုလုံး ပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသော လူတယောက် တခါတရံတွင် သတင်းစာတစောင်ကိုကိုင်လျက်၊ တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက် ထိုသို့မှမဟုတ်လျှင် စာအုပ်တအုပ်ကိုကိုင်လျက် ကျနော်တို့ အိမ်မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်ဘက်မှနေပြီး ကျနော်တို့အိမ်ရှိရာဘက်ခြမ်းကို လမ်းဖြတ်ကူးလာသည်ကို လှမ်းပြီးမြင်တွေ့လိုက်ရပါသည်။
ထိုသူကား ထိုနှစ်များမတိုင်ခင် အချိန်ကာလတခုက ဆင်းရဲသောမိဘ၏ စာတော်သော ကျောင်းသား။ သူတို့ခေတ်ကာလ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့အလယ်က ပျိုတိုင်းကြိုက် ဂျိမ်းစဒင်း။ စာပေနှံ့စပ်၍ သီချင်းဆိုလည်း အလွန်ကောင်းသူ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတယောက်။ ကျောင်းဆင်းလာပါက လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ပြီးသားချစ်သူနှင့် ရာထူးနေရာတခုကလည်း အဆင်သင့်။
Sunday, January 18, 2015
လမ်းမကြီးဆီ (မောင်လွမ်းဏီ)
ဒီဇင်ဘာ ၂၀ ရက် တမ်းချင်း
(သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ* ကို
ဇန်နဝါရီ ၂၀ လမ်းမထက်မှာ ကျဲဖြန့်လိုက်
ကျဲဖြန့်လိုက်ကြ။
ဒါဟာ
တို့တတွေ ဟစ်ကြွေးကြတဲ့
စတုတ္ထ ကျောင်းသားသပိတ်ရဲ့
အမျိုးသားပညာရေး ကမ္ပည်းထိုးသံပဲ။
(သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ* ကို
ဇန်နဝါရီ ၂၀ လမ်းမထက်မှာ ကျဲဖြန့်လိုက်
ကျဲဖြန့်လိုက်ကြ။
ဒါဟာ
တို့တတွေ ဟစ်ကြွေးကြတဲ့
စတုတ္ထ ကျောင်းသားသပိတ်ရဲ့
အမျိုးသားပညာရေး ကမ္ပည်းထိုးသံပဲ။
Saturday, January 17, 2015
ကျောင်းသား သပိတ်စခန်းဖွင့်မယ်လို့ ကြေညာ
အမျိုးသားပညာရေး ဥပဒေပြင်ဖို့ ကျောင်းသားတွေရဲ့ ရာဇသံပေး တောင်းဆိုမှု ရက် ၆၀ ပြည့်ပြီးတဲ့အထိ အစိုးရဘက်က အကြောင်းပြန်ကြားတာမရှိတဲ့အတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ သပိတ်စခန်းတွေဖွင့်ပြီး နိုင်ငံလုံးအနှံ့ သပိတ်မှောက်သွားမယ်လို့ ကျောင်းသားတွေဘက်က ပြောပါတယ်။
လာမယ့် ၃၊ ၄ ရက်အတွင်း မန္တလေးမြို့ကနေ ကျောင်းသားတွေ စတင်မှာဖြစ်ပြီး ရန်ကုန်မှာလည်း ၁၅ ရက်အတွင်း သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမယ်လို့ ကျောင်းသားတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။
လာမယ့် ၃၊ ၄ ရက်အတွင်း မန္တလေးမြို့ကနေ ကျောင်းသားတွေ စတင်မှာဖြစ်ပြီး ရန်ကုန်မှာလည်း ၁၅ ရက်အတွင်း သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမယ်လို့ ကျောင်းသားတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။
Friday, January 16, 2015
၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကြားထဲက နိုင်ငံရေးအကျဉ်းသားတို့ရဲ့ အခန်းကဏ္ဍ (ခင်ငြိမ်းသစ်)
လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့သမိုင်းတွင် နိုင်ငံရေးအကျဉ်းသား ရှိခဲ့သည်။ ၁၉၆၂ ခုစစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် အစိုးရအားဆန့်ကျင်သူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးကြောင့် အကျဉ်းချခံရသူ မျိုးဆက်အလိုက် ရှိနေခဲ့ခြင်းဖြစ်သည်။
၁၉၈၈ စက်တင်ဘာတွင် တပ်မတော်မှ အာဏာလွဲပြောင်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားဦးရေမှာ အလွန်များပြားလာခဲ့သလို လူတန်းစားလည်း စုံလင်စွာပါလာခဲ့သည်။ AAPP ၏ ခန့်မှန်းချက်အရ ၁၉၆၂ ခုနှစ်မှစတင်ပြီး ယနေ့အထိ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်နိုင်သူဦးရေ ၇ ထောင်နှင့် တစ်သောင်းကြားတွင်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရေးမျက်နှာစာက နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍ
ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်တိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကြသည်။ ၁၉၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာစဉ် လွတ်လပ်ရေးခေတ်ကတည်းက ပါဝင်ခဲ့သည့် သက်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ ၁၉၆၂ ခုနှစ်မှစတင်ပြီး ဦးနေဝင်းလက်ထက်တစ်လျှောက် နိုင်ငံရေးအတွက် အကျဉ်းကျခံရဖူးသူများသည် အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသားလူငယ်များနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။

Thursday, January 15, 2015
Charlie Hebdo နဲ့ မြန်မာ့ရှုထောင့်
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြင်သစ်နိုင်ငံ Charlie Hebdo ရုပ်ပြောင်မဂ္ဂဇင်းအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်သစ်လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချကန့်ကွက်ကြသလို လူအများ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားတရပ်အပေါ် သရော်လှောင်ပြောင်တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ချင်သူတွေလည်း ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့လူ့အဖွဲ့အစည်း မီဒီယာတို့ရဲ့ သဘောထား ဘယ်လို ရှိနိုင်ပါသလဲ။ ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအမျိုးသားတဦးဖြစ်တဲ့ (Beyond Rangoon ဇာတ်ကား ရုပ်ရှင်မင်းသားကြီး ဦးအောင်ကိုး၊ မြန်မာနိုင်ငံက ဝါရင့်မီဒီယာသမားကြီး ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

တောင်ကြီး ဖဝါးအောက် ရောက်သွားပါပြီ
အမေရိကန်နိုင်ငံ ကယ်လိုဖိုးနီးယားပြည်နယ်က ကမ္ဘာကျော် ယိုဆမ်မီတီ အမျိုးသား ဥယျဉ်ကြီးထဲမှာရှိတဲ့ မီတာ ၉၀၀ သို့မဟုတ် မိုင်ဝက်ကျော် အမြင့်ရှိတဲ့ ကျောက်ဆောင်ကြီးထိပ်ကိုရောက်ဖို့ လူနှစ်ဦး ကြိုးစားနေတာ ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ တောင်ထိပ်ကိုရောက်သွားပြီမို့ သမိုင်းတွင်သွားပါပြီ။
တော်မီ ကက်ဝဲလ်နဲ့ ကဲဗင်ရိုဟမ်ဆင်တို့နှစ်ဦးဟာ မတ်စောက်တဲ့ El Capitan အယ်လ်ကက်ပီတန် ကျောက်တောင်နံရံကို တွဲကပ်ပြီး လက်ချောင်းထိပ်ဖျားနဲ့ ကုတ်ကပ်ပြီး တရွေ့ရွေ့နဲ့တက်နိုင်ဖို့ ၇ နှစ် ပြင်ဆင်ခဲ့ပါတယ်။
တော်မီ ကက်ဝဲလ်နဲ့ ကဲဗင်ရိုဟမ်ဆင်တို့နှစ်ဦးဟာ မတ်စောက်တဲ့ El Capitan အယ်လ်ကက်ပီတန် ကျောက်တောင်နံရံကို တွဲကပ်ပြီး လက်ချောင်းထိပ်ဖျားနဲ့ ကုတ်ကပ်ပြီး တရွေ့ရွေ့နဲ့တက်နိုင်ဖို့ ၇ နှစ် ပြင်ဆင်ခဲ့ပါတယ်။
Wednesday, January 14, 2015
သူပုန်လေး တယောက်အကြောင်း (ခိုင်မာကျော်ဇော)
မြူတွေဆိုင်းပြီး
လှချင်တိုင်း လှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
ငယ်ငယ်ရွယ်ရွယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘဝပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။
မသိစိတ်မှာကြောက်စိတ်တွေသာ ကြီးစိုးပေမယ့်
သိစိတ်မှာ တစစီကြေမွသွားအောင်…။
မိုးတည
တောင်ယာတဲဝမှာ
အရိပ်မည်းတွေ ထိုးကျခဲ့တယ်
အပါးကို သွေးစိမ်းရှင်ရှင်ကျ အသားတွေ အထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြပြီး အလှည့်ကျ စနစ်နဲ့
ကျနော်ကတော့
ရှင်လျက်နဲ့ သေခဲ့ရပေါ့၊

ဘယ်သူကူပြီး ထူပေးနိုင်မှာလဲ (ခင်ငြိမ်းသစ်)
ဆောင်းရာသီဆိုပေမယ့် ညနေ ၃ နာရီ နေအပူရှိန်က တောက်လောင်နေဆဲ။ ပြင်းပြသည့် အပူရှိန်အောက်တွင် ရွှေပြည်သာ ထန်းခြောက်ပင်လမ်းမကြီးပေါ်မှာတော့ ဆိုက်ကားတွေ၊ ဆိုင်ကယ်ကယ်ရီတွေ၊ ဈေးဝယ်တွေ၊ ဈေးသည်တွေက ပျားပန်းခပ်မျှ ရှုပ်ထွေးလျက်။
စတိုးဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများဖြင့် ထည်ထည်ဝါဝါရှိနေသည့် ထန်းခြောက်ပင်လမ်းမထက်တွင် အဝတ်အစား နွမ်းဖတ်ဖတ်နှင့် လမ်းလျှောက်နေသူများလည်း မရှားလှ။ ဟိုငေးသည်ငေးနှင့် ပေ ၅၀၀ ခန့်လမ်းလျှောက်ပြီးနောက် အိမ်ကြီး၊ အိမ်ကောင်း၊ ဆိုင်ကြီး ဆိုင်ကောင်းတွေကို မတွေ့ရတော့။ သက်ကယ်မိုး၊ ဝါးခင်း၊ ဝါးထရံကာထားသည့် ၁၀ ပေလည် မရှိတရှိ အိမ်များစုထားသည့် အိမ်တမ်းရှည်တွေကိုသာ တွေ့ရတော့သည်။
ထိုရပ်ကွက်ကလေးကို သဲကွင်းကျေးရွာဟု ခေါ်ကြပြီး မြန်မာပြည်အတွင်းရှိ အများစုဖြစ်သည့် အဆင်းရဲဆုံး လူတန်းစားများ အသက်ရှင် နေထိုင်နေကြရသော ရပ်ကွက်ဟု ခေါ်ဆိုလို့ရမည်ထင်သည်။ ထိုရပ်ကွက်အတွင်း နေထိုင်ကြသူအများစုမှာ နေရာ အတည်တကျမရှိကြဘဲ အလုပ်အကိုင်ရှိရာသို့ ပြောင်းရွေ့နေထိုင်သူအများစုဖြစ်ပြီး အုတ်၊ သဲသယ်ခြင်း၊ ပုဇွန်စက်ရုံတွင် ပုဇွန်ခေါင်းခြွေခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကြသည်။

Tuesday, January 13, 2015
၂ ၀ ၁ ၅ (ထွန်းဝင်းငြိမ်း)
အခုဆို
ညီအကို မသိတသိအချိန်ကို
ကျော်ခဲ့ပါပြီ ။
ဆည်းဆာလား
အရုဏ်ဦးလား
စဉ်းစားမနေပါနဲ့ ။
သေချာတာတခုက
ကျားဆိုးပေါတဲ့
ခယောင်းရိုးကို
ရဲရဲတိုးကြဖို့လိုတယ် ။
ညီအကို မသိတသိအချိန်ကို
ကျော်ခဲ့ပါပြီ ။
ဆည်းဆာလား
အရုဏ်ဦးလား
စဉ်းစားမနေပါနဲ့ ။
သေချာတာတခုက
ကျားဆိုးပေါတဲ့
ခယောင်းရိုးကို
ရဲရဲတိုးကြဖို့လိုတယ် ။
Monday, January 12, 2015
နိုင်ငံရေး အညံ့သံသရာ (ညီစောလွင်)
“ကျွန်ုပ်တို့တွေဟာ အတိတ်ရဲ့ ထုတ်ကုန်တွေပါပဲ။ ဒါပေမယ့် အတိတ်ရဲ့အကျဉ်းသားတွေတော့ မဖြစ်ရပါဘူး။” (ရစ်ခ်ဝရန်၊ အမေရိကန် စာရေးဆရာ)
လူတွေဟာ ကိုယ်လုပ်ဖူးတာ၊ လုပ်တတ်တာကိုပဲ ကောင်းကောင်း၊ ညံ့ညံ့ ထပ်တလဲလဲ လုပ်ကြတာ များပါတယ်။ မကောင်းတာကို ထပ်တလဲလဲ လုပ်တာကတော့ ကိုယ့်အတွက်လည်း ဆိုး၊ ကိုယ်ပတ်ဝန်းကျင်အတွက်လည်း ဆိုးပါတယ်။ ဒါပေမယ့် ဖောက်ထွက်စဉ်းစားလုပ်ကိုင်သူက ရှားပါတယ်။
ဒီအကြောင်းကို ပညာရေးစနစ်နဲ့ ဥပမာပေးချင်ပါတယ်။ ကျနော်တို့ မျိုးဆက်က ပညာရေး ညံ့တယ်၊ ဘာကြောင့် ညံ့လဲဆိုတော့ ပညာရေးစနစ် ညံ့တယ်။ ဆရာတွေ ညံ့တယ်၊ တပည့်တွေ ညံ့တယ်၊ ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာ မရပ်ဘူး၊ ညံ့တဲ့ တပည့်တွေက ဆရာတွေဖြစ်တော့ နောက်ထပ် တပည့်ညံ့တွေကိုမွေးပြီး အဲဒီ တပည့်ညံ့တွေဟာ ဆရာညံ့တွေ ထပ်ဖြစ်ပြီး တပည့်ညံ့တွေကို ထပ်ခါထပ်ခါ မွေးနေတော့တယ်၊၊ အညံ့သံသရာ ဖြစ်သွားတယ်။ မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့ဆင်းသွားတော့တယ်။

Sunday, January 11, 2015
ငုပ်ကောင် (ခင်လွန်း)
အဖြစ်က
တနေ့တုန်းက
နှစ်ခြမ်းကွဲတယ်
မနေ့က
လေးစိတ်ကွဲတယ်
ဒီနေ့
အစိတ်စိတ်အမွှာမွှာ
တစစီ။
လက်ညှိုးငေါက်ငေါက်တွေကြား
ရေပန်းအစားဆုံးကတော့
“ယုံကြည်မှု” ဆိုလား
ကိုယ်စွဲလေး...။
တနေ့တုန်းက
နှစ်ခြမ်းကွဲတယ်
မနေ့က
လေးစိတ်ကွဲတယ်
ဒီနေ့
အစိတ်စိတ်အမွှာမွှာ
တစစီ။
လက်ညှိုးငေါက်ငေါက်တွေကြား
ရေပန်းအစားဆုံးကတော့
“ယုံကြည်မှု” ဆိုလား
ကိုယ်စွဲလေး...။