အရင် နဝတ.. နအဖ.. ခေတ်မှာရော ခု နမလ ခေတ်မှာရော နေရာတကာမှာ.. အဘတွေက များလှသဗျာ..။ (ဘာမှန်းမသိအောင် နားမလည်နိုင်တဲ့ခေတ်ဆိုတော့ နမလ ခေတ်ပေါ့ဗျာ)
အရင် ကျနော်တို့ခေတ် မကဒတ (ABSDF) ကျောင်းသားတပ်မတော်မှာတုန်းကတော့ လူတိုင်းက အဘ ခေါ်တာ ၂ ယောက်လောက်ပဲ ရှိသဗျ.. ကျနော်တို့ရဲ့ အဘ ဗိုလ်စွန်ညို [ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အေးမြင့် (ကြည်း-၈၅၆၃)] နဲ့ ဆက်သွယ်ရေးက အဘ ဦးဝင်းမောင် (အချက်ပြဆက်သွယ်ရေးတပ် တပ်ကြပ်ကြီးဟောင်း.. မကဒတ ဗဟိုဆက်သွယ်ရေးတပ်-နည်းပြ)။ အဘ ဗိုလ်စွန်ညိုကိုတော့ ကေအန်ယူနဲ့ တခြားမဟာမိတ်ခေါင်းဆောင်၊ ရဲဘော် အတော်များများကလည်း ကြီးကြီးငယ်ငယ် ကျနော်တို့ခေါ်သလို အဘ ပဲ ခေါ်သဗျ။
လူချင်းစတွေ့တော့ ၁၉၉၀ နှစ်ဆန်းပိုင်း ထင်ပါတယ်.. ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့က အဘကို ဘန်ကောက်ကနေ မဲဆောက်ကို လာပို့ပါတယ်။ ကျနော်က မာနာပုလောကနေ မဲဆောက်ကို လာကြိုပါတယ်။ ဒီမတိုင်ခင် သူ ဘန်ကောက်မှာရှိနေစဉ်က ကိုနိုင်အောင်နဲ့ ကိုသောင်းထွန်းတို့က လှမ်းအကြောင်းကြားလို့.. သူ ကျနော်တို့ မကဒတ-ကျောင်းသားတပ်မတော်မှာ ကာလတခုလာနေရင်း သင်တန်းလာပေးမယ့်အကြောင်း၊ ခွင့်ပြုပေးဖို့အကြောင်း မာနာပုလောမှာ ကေအဲန်ယူခေါင်းဆောင်များနဲ့ ညှိနှိုင်းခဲ့ပါတယ်။
Wednesday, December 31, 2014
ဒဏ်ရာစိမ်း (နေဇော်နိုင်)
ပြေးထွက်သွားတော့မှ အလွမ်းတွေမှန်း သိတယ်
အငွေ့တွေ ကုန်သွားမှာကို မလုံမလဲဖြစ်နေဆဲ
အသည်းမှာ ဒဏ်ရာတချို့ ခ ခဲ့ပြီ။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
အငွေ့တွေ ကုန်သွားမှာကို မလုံမလဲဖြစ်နေဆဲ
အသည်းမှာ ဒဏ်ရာတချို့ ခ ခဲ့ပြီ။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
Tuesday, December 30, 2014
ပန်းခြံထက်မှာ နတ်ဆိုးရဲ့ ကြုံးဝါးသံတွေ ရှိတယ် (ဇွန်မှိုင်း)
(၁)
ကျနော် ပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းလိုက်ပြီး ဆူးလေဘုရားဘက်ကို လျှောက်ခဲ့တယ်။ သိတ်မကြာခင် ကျနော် မဟာဗန္ဓုလပန်းခြံရှေ့ကို ရောက်တော့မယ်။ စဉ်းစားကြည့်လိုက်တော့ ဒီပန်းခြံရှေ့ကို ကျနော် မရောက်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီပဲ။ ဒီနေရာကို ကျနော့်စိတ်နှင့်ကျနော် မရောက်ဖြစ်ခဲ့တာတော့ လုံးဝ မဟုတ်ပါဘူး။ ဆူးလေစေတီတော်မြတ်ရှိရာ၊ မြို့တော်ခန်းမရှိရာ ပြီးတော့ ကျနော်ချစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းရှိရာ ဒီနေရာ ဒီဝန်းကျင်တွေကို ကျနော် သိတ်လာချင်တာပေါ့။ ဒီဝန်းကျင်လေးဟာ ကျနော့်အတွက် အမှတ်ရစရာတွေ အများကြီးရှိတဲ့ နေရာလေးပါ။
ဒီနေရာလေးကို ကျနော် အင်မတန် ချစ်တယ်၊ အင်မတန်လည်း လာချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီနေရာလေးကို လာလို့မရခဲ့ဘူးလေ။ ကျနော် ဘယ်လောက်ပဲ လာချင်လာချင် စေတန်နတ်ဆိုးက ကျနော့်ကို လာခွင့်မပြုခဲ့ဘူး။ ကျနော့်ကို ဒီနေရာလေးဆီ လွတ်လပ်စွာလာရောက်ခွင့်ကို အဲဒီစေတန်နတ်ဆိုးက ကန့်ကွက်တားဆီးခဲ့တယ်။
ချစ်တယ် (နေဇော်နိုင်)
မလိုချင်မှာ စိုးလို့
ငြိုငြင်မှာ စိုးလို့
ကိုယ်တချိန်လုံး သိမ်းထားတဲ့စကား
သူများကို မင်း ပြောလိုက်ပြီလား ဟင်။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
ငြိုငြင်မှာ စိုးလို့
ကိုယ်တချိန်လုံး သိမ်းထားတဲ့စကား
သူများကို မင်း ပြောလိုက်ပြီလား ဟင်။ ။
နေဇော်နိုင်
၃၀ ဒီ ၂၀၁၄
Monday, December 29, 2014
အရေးတော်ပုံအနံ့ ရတယ်၊ သပိတ်စုံရင် သူပုန်ထလိမ့်မယ် (ကိုညို)
ပြည်သူနဲ့ အယုံအကြည် ပျက်သွားပြီ
ကြံ့ဖွတ်အစိုးရ မတရားမှုတွေကို ၃ နှစ်အတွင်း ပြည်သူတွေ သည်းမခံနိုင်ဖြစ်လာပြီ။ အုပ်ချုပ်သူတွေနဲ့ ခရိုနီတွေ၊ ဝန်ထမ်းတွေရဲ့ ဓနဥစ္စာ တဖက်စောင်းနင်း ပိုင်ဆိုင်မှု၊ စီးပွားရင်းနှီးမှုနဲ့ အရင်းအမြစ်မှန်သမျှ လောဘတကြီး သိမ်းကြုံး လက်ဝါးကြီးအုပ်မှု၊ နဂိုအကျင့်စရိုက်ကို မပြောင်းလဲ မပြုပြင်နိုင်မှု၊ ရာထူးစည်းစိမ်နဲ့ ဂုဏ်အရှိန်အဝါ၊ လာဘ်လာဘ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်မှု၊ အကြောက်တရား ကြီးမားမှု၊ စစ်ဗြူရိုကရေစီယန္တယားရဲ့ ခိုင်မာအားကောင်းမှုဟာ ဒီကနေ့ ဒီမိုကရေစီအရွေ့ကို အနှောက်အယှက်ပေးလာတယ်။
လူထု မကျေနပ်မှုကို တနေ့တခြား ကြီးမားစေတယ်။ လတ်တလောအခြေအနေက ကျင့်ဝတ် စံနှုန်းမရှိတဲ့ တရုတ်အစိုးရအပေါ် လိုက်လျော ဆက်ဆံလွန်းတာပါ။ စစ်ယူနီဖောင်းချွတ် အရပ်သား သမ္မတ တက်ခါစ အခြေအနေနဲ့ ဆန့်ကျင်ဘက်အဆင့်ထိ ပြောင်းလဲသွားတယ်။ သမ္မတ ဦးသိန်းစိန်ကို အရင်လို လက်ခုတ်တီး ကြိုဆိုမယ့်သူ ရှားပါးနေတာ သတိပြုမိတယ်။ အစိုးရနဲ့ ပြည်သူ အယုံအကြည်ပျက်သွားတာက ၈၈ အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံခဲ့ကြသလိုပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အရွေ့
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ အရဲစွန့်ဝင်လိုက်တာဟာ အစိုးရရော၊ လွှတ်တော်နဲ့ပါ ယုံကြည်မှုတည်ဆောက်ပြီး ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်ကနေ တဖြည်းဖြည်းလုပ်ယူမယ့် အဓိပ္ပာယ်ပြခဲ့တယ်။

Saturday, December 27, 2014
အထွေထွေသပိတ်ကြီးသို့  တမ်းချင်း (အောင်ဝေး)
အ ဖိ နှိ ပ် ခံ ဘ ဝ ဆို တာ
တို က် ပွဲ ။
တို က် ပွဲ ဆို တာ
ပ ထ မေ တာ့  ရှုံး မှာ ပဲ ။
( မ ရှုံး ဖူး တဲ့ တို က် ပွဲ မ ရှိ )
ရှုံး လ ည်း ဆ က် တို က်
တို က် ရ င်း နို င် မှာ ဘ ဝ ပဲ ။
ရု န်း ထ ကြေ ဟ့
ပွ င့် အာ ကြေ ဟ့။
ရှ င် သ န် ကြ ေ ဟ့
ထ ေ မြာ က် ကြ ေ ဟ့။
မီ း ပြ ာ း က ေ လ း က ။
ေ တ ာ မီ း ႀကီ း ဖြ စ် တာ ပဲ ။
သ စ် ေ စ့ က ေ လ း က
ေ တ ာ အု ပ် ကြီး ဖြ စ် တာ ပဲ ။
မ် ိဳ း ေ စ့ က ေ လ း က
ပ န်းေ တာ ကြီး ဖြ စ် တာ ပဲ ။
ရု န်း ထ ကြေ ဟ့
ပွ င့် အာ ကြေ ဟ့။
တို က် ပွဲ ။
တို က် ပွဲ ဆို တာ
ပ ထ မေ တာ့  ရှုံး မှာ ပဲ ။
( မ ရှုံး ဖူး တဲ့ တို က် ပွဲ မ ရှိ )
ရှုံး လ ည်း ဆ က် တို က်
တို က် ရ င်း နို င် မှာ ဘ ဝ ပဲ ။
ရု န်း ထ ကြေ ဟ့
ပွ င့် အာ ကြေ ဟ့။
ရှ င် သ န် ကြ ေ ဟ့
ထ ေ မြာ က် ကြ ေ ဟ့။
မီ း ပြ ာ း က ေ လ း က ။
ေ တ ာ မီ း ႀကီ း ဖြ စ် တာ ပဲ ။
သ စ် ေ စ့ က ေ လ း က
ေ တ ာ အု ပ် ကြီး ဖြ စ် တာ ပဲ ။
မ် ိဳ း ေ စ့ က ေ လ း က
ပ န်းေ တာ ကြီး ဖြ စ် တာ ပဲ ။
ရု န်း ထ ကြေ ဟ့
ပွ င့် အာ ကြေ ဟ့။
လက်ပံတောင်းရှိုက်သံ (ခိုင်မာကျော်ဇော)
စစ်တပ်က ဖိ
တရုတ် အိသည်
မြေကိုချစ်မိ
အပြစ်ရှိလား။
မျက်ရည်အိုင်ထွန်း
သွေးတွေစွန်းခဲ့။
ဘုရားပုထိုး စေတီကျိုးပြတ်
မြေသို့ခသည်
ထန်းပင်ထန်းတော
လွမ်းမောဆိတ်သုဉ်း
ဘုန်းဘုန်းလဲကျ လုပ်ရက်ကြသည်။
တရုတ် အိသည်
မြေကိုချစ်မိ
အပြစ်ရှိလား။
မျက်ရည်အိုင်ထွန်း
သွေးတွေစွန်းခဲ့။
ဘုရားပုထိုး စေတီကျိုးပြတ်
မြေသို့ခသည်
ထန်းပင်ထန်းတော
လွမ်းမောဆိတ်သုဉ်း
ဘုန်းဘုန်းလဲကျ လုပ်ရက်ကြသည်။
Wednesday, December 24, 2014
Tuesday, December 23, 2014
လက်ပံတောင်းကျိန်စာ - မောင်စိန်ဝင်း (ပုတီးကုန်း)
လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတခေတ်ကို ကမ္ပည်းထိုးပြီ။
ဒါ ဒို့ရေ ဒါ ဒို့မြေ
ငါတို့တတွေပိုင်တဲ့ တောင်တွေကိုဖျက်
လယ်ကွက်မြေကွက် အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင် စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ ကျည်ဆံ
သမိုင်းကိုမှန်ပြီး ကျန်ခဲ့။
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတခေတ်ကို ကမ္ပည်းထိုးပြီ။
ဒါ ဒို့ရေ ဒါ ဒို့မြေ
ငါတို့တတွေပိုင်တဲ့ တောင်တွေကိုဖျက်
လယ်ကွက်မြေကွက် အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင် စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ ကျည်ဆံ
သမိုင်းကိုမှန်ပြီး ကျန်ခဲ့။
Monday, December 22, 2014
နိုင်ငံတော်ကို ဈာပနချကြဖို့ လိုပြီလား (ရဲဘော်ကျော်သန်း)
တအုံနွေးနွေး လောင်မြိုက်နေတဲ့ လက်ပံတောင်းတောင်အရေးဟာ ဗမာပြည်ရဲ့ အချုပ်အချာအာဏာကို သွေးတိုးစမ်း စိန်ခေါ်နေတဲ့အရေးဖြစ်တယ်။ အင်္ဂလိပ်တို့ ဗမာပြည်ကိုသိမ်းဖို့ ကြံစည်အားထုတ်စဉ်ကာလက ဖြစ်ခဲ့ရတဲ့ ရှင်မဖြူကျွန်းအရေးနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဆိုရပါမယ်။
ဒီအရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုဝန်ကြီး အောင်မင်းက တရုတ်ကိုလည်း ကြောက်ရတယ်လို့ဝန်ခံပြီး ပြည်သူကို တရုတ်နဲ့ လှည့်ခြောက်ခဲ့ပါတယ်။ တပြည်လုံး အားကိုးမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း "တိုင်းပြည်ရဲ့ အနာဂတ်အကျိုးစီးပွားအတွက် ဒီဟာ(စီမံကိန်းအတွက် လယ်တွေသိမ်း တောင်တွေဖြို သိမ်တွေဖျက်တဲ့ကိစ္စတွေ) သူ တာဝန်ယူတယ်၊ သူ့စကားကို နားထောင်လက်ခံကြပါ" လို့ပြောပြီး လက်ရှောင်သွားခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ပြီးရင် လူထုက အားကိုးအမျှော်လင့်ဆုံး ၈၈ ပွင့်လင်းတွေဆို ဝေးဝေးကရှောင်နေကြရုံတင်မက ဒီအရေးမှာ ဝင်ပါနေကြတဲ့ သူတို့နဲ့ပတ်သက်နွယ်သူတွေကိုတောင် ဟန့်တား မာန်မဲခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို ကျေးရွာသားတွေက ဦးပိုင်-ဝမ်ပေါင် ကုမ္ပဏီတွေနဲ့အတူ မသာချ ဆန္ဒပြခံခဲ့ကြရတယ်။

တို့ရင်းတဲ့ ရင် (မောင်လွမ်းဏီ)
အညာဆောင်းငဲ့
သွေးမြေကျတဲ့ လက်ပံတောင်း
ခေါင်းချချင်စိတ် ပေါက်လာပြီ။
အကြွေးကို
သွေးနဲ့ ဆပ်လေသလား၊
အရေးရယ်ဆို
လယ်တီကို တိုင်တည်ကြလေသလား၊
ဘူဒိုဇာ လူကိုယ်ပါ ထိုးကာအပ်
ပြတ်သားတဲ့ ဘဝပေးအသိ
ကြည့်ရက်သူ ကြည့်ကြစမ်းပါစေ။
သွေးမြေကျတဲ့ လက်ပံတောင်း
ခေါင်းချချင်စိတ် ပေါက်လာပြီ။
အကြွေးကို
သွေးနဲ့ ဆပ်လေသလား၊
အရေးရယ်ဆို
လယ်တီကို တိုင်တည်ကြလေသလား၊
ဘူဒိုဇာ လူကိုယ်ပါ ထိုးကာအပ်
ပြတ်သားတဲ့ ဘဝပေးအသိ
ကြည့်ရက်သူ ကြည့်ကြစမ်းပါစေ။