Saturday, August 23, 2014

ဒေါင်းနီ (သို့မဟုတ်) သံလွင်ကမ်းက ပဉ္စလက် တော်လှန်ကဗျာမှော်ပန်းချီ (သုအိုင်စံ)

၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်အာဏာသိမ်းပြီးမှ တပြည်လုံးက ကျောင်းသားတွေဟာ အသုတ်လိုက် အသုတ်လိုက် အလျှိုလျှို ချိတ်ဆက်ပြီး တောခိုတော့တာပဲ။ အဲဒီမတိုင်ခင်တည်းက ကြိုတွက်ပြီး ကြိုထွက်သွားကြနှင့်သူတွေလည်း အတော်များပါတယ်။ ကျနော်တို့ ကရင်သူပုန်နယ် ဖာပွန်ခရိုင်မှာတော့ ၁၉၈၈ အောက်တိုဘာ တတိယပတ်နဲ့ နောက်ဆုံးပတ်အတွင်းမှာ တပတ်ကျော်ကျော် တောင်တန်းတွေကို ကျော်တက် လျှောက်ဖြတ်ခဲ့ရတဲ့ KNU တပ်မဟာ ၁ နယ်မြေကတဆင့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ် စတဲ့ အနယ်နယ်က တောခိုလာတဲ့ ကျောင်းသားပေါင်းစုံ လူတန်းစားအသီးသီးဟာ မာနယ်ပလောနဲ့ စက်လှေ တနာရီလောက်မောင်းရတဲ့ သံလွင်မြစ်ကမ်းပေါ်က မယ်လဲထ ဆိုတဲ့ နွားမှောင်ခိုဂိတ်လေးမှာ လာစုဆုံရောက်ကြတယ်။ 

၂၅ ဧကလောက်ပဲကျယ်တဲ့ ဒီမှောင်ခိုဈေးတန်းရွာလေးမှာ တောခိုကျောင်းသား ၂၀၀၀ ကျော်လောက်ဟာ ပြည့်ကြပ်နေတာပေါ့။ အဲဒီတော့ နယ်မြေခံ KNU လူကြီးတွေက သံလွင်မြစ်တလျှောက်မှာ Camp 1၊ Camp 2၊ Camp 3 ဆိုပြီး စခန်း ၃ ခု ခွဲပို့ နေရာချလိုက်တယ်။ Camp 1 က သံလွင်မြစ်ကြီး ဒေါင်လိုက်စီးနေတဲ့ မသာတံခါး လို့ခေါ်တဲ့နေရာအနားမှာ... နယ်မြေ အကြမ်းဆုံးပဲ။ Camp 3 က သေ့လောထ သစ်စက်နားမှာ။ Camp 2 က မယ်ပေါမူထ သစ်စက်နားမှာ။ 

အဲဒီအချိန်မှာ ကျောင်းသားတွေ ငှက်ဖျားဖြစ်ပြီး စ သေနေပြီ၊ စစ်သင်တန်းတွေလည်း စ တက်နေပြီ၊ ဖောက်ခွဲရေးသင်တန်းတွေ တဝုန်းဝုန်းနဲ့ ပေးနေပြီ... ဆိုးတာက နယ်မြေ ကြမ်း၊ အစား ရှား၊ သင်တန်းက ကြမ်းတာပဲ... ကျောင်းသားတချို့ စတင် အိမ်ပြန်နေကြပြီ... အိမ်ပြန်မရောက်ဘဲ လမ်းတဝက်မှာပဲ ပျောက် ပျောက်သွားကြပြီ (ကျနော် နာမည်တွေမှတ်မိနေတဲ့ ရှေ့နေနဲ့ DENTAL ကျောင်းသား ၂၁ ယောက်အုပ်စု လုံးဝ အိမ်ပြန်မရောက်ခဲ့ဘူး၊ ဒီအကြောင်းတွေကို... နောက်မှ ရာဇဝင်ကြွေး ရှင်းမယ်ဗျာ... ပြန်ပြောရင် ပြန်တွေးရင် ရင်မှာ သိပ် ဒေါသတင်းတယ်... ရင်နာတယ်... 


Friday, August 22, 2014

Last Fightting Field (Down Ni)

I have come to the last war, to fight, to win.
I desire to win the war within.
I wore a bright toga (long coat).
My religion and five percepts like flowing soda.
My hair flowing in unison with the wind and it's bright.


Thursday, August 21, 2014

သူငယ်ချင်း ရဲဘော်ဒေါင်းနီ (မင်းကျော်ခိုင်)

သူငယ်ချင်း ရဲဘော်ဒေါင်းနီအတွက် အမှတ်တရပါ...  
(မင်းကျော်ခိုင်)

 

Thursday, August 14, 2014

ချစ်ခြင်းအားဖြင့် ရေးတဲ့ အရေးကြီးပြီ အလွမ်းစာ (ကျော်ကျော်ငြိမ်းချမ်း)

“ဖထီး... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေးတယောက်လောက် မရှိတော့ဘူးလားဗျ...” 

“ရှိရင် ကျနော်နဲ့ ပေးစားဗျာ... ဒါဆို ကျနော် ဒီမှာပဲနေတော့မယ်... မပြန်တော့ဘူး...” တဲ့ ... ...။ 

အဲ ... ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ...။ 

အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်... မနက်လင်းအားကြီး ၂ နာရီလောက်...။ နေရာက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်လလို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့ KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့ နေအိမ်...။ [ယခု မယ်လ ဒုက္ခသည်စခန်း (ဘဲကလော် ဒုက္ခသည် စခန်း) မဟုတ်ပါ... မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက်ဆက်သွားမှ ရောက်ပါသည်... ၎င်းရွာကိုအစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လ ဟုခေါ်ခြင်းဖြစ်ပါသည်...။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ဝါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော် (ဝါဂွမ်းခြံ) ဟုလည်း ခေါ်ပါသည်] 


Tuesday, August 12, 2014

မရှိတာထက် မသိတာခက် (ကိုညို)

လှေပျက်ကြီး ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်မယ်ဆိုရင် ၂ နှစ်အတွင်း နော်ဝေးဘာသာစကားနဲ့ နော်ဝေးလူနေမှုဘဝ၊ သမိုင်း၊ နိုင်ငံရေးနောက်ခံတွေကို မသင်မနေရ လေ့လာသင်ကြားရပါတယ်။ ဒါကို နော်ဝေးတွေက Introduction Program နော်ဝေးနိုင်ငံအကြောင်း အခြေခံသိကောင်းစရာအစီအစဉ် လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဆောင်းဦးပေါက်မှာ ကျနော်လည်း အဆိုပါ အင်ထရိုပရိုဂရမ်ကို သင်ကြားလေ့လာပါတယ်။ 

နော်ဝေးစကား၊ နော်ဝေးစာ၊ နော်ဝေးသီချင်း၊ လူမှုရေး၊ ယဉ်ကျေးမှု အနုပညာတွေကို ပြတိုက်တွေ၊ ပြခန်းတွေ လက်တွေ့ကြည့်ရှု့လေ့လာရတဲ့ အစီအစဉ်တွေလည်း ပါပါတယ်။ တရက်မှာ ကျနော်တို့ကို သင်တန်းဆရာက အော်စလို ပင်လယ်ကမ်းမြောင်ကို မေးတင်နေတဲ့ ဗစ်ဒွိုင်း Bygdøy အရပ်ကို သွားလေ့လာပါတယ်။ 


Sunday, August 10, 2014

မှိန်ဖျော့နေဆဲ မျှော်လင့်ချက်များ (ခင်ငြိမ်းသစ်)

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့သည်။ ပါလီမန် ဒီမိုကရေစီခေတ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို အင်္ဂလိပ်ခေတ်ကအတိုင်း Class ခွဲထားတာဖြစ်လို့ နေရေးထိုင်ရေးက သိပ်တော့ခက်ခဲလှမည်ဟုမထင်ပါ။ ၁၉၆၂ ခု ဦးနေဝင်း အာဏာသိမ်းချိန်ကစလို့ အကျဉ်းထောင်ဥပဒေထဲက အချို့အပိုင်းတွေကို ပြင်ဆင်ပြီး ယခင်က Class ထားခဲ့တဲ့ စနစ်ကိုဖျက်သိမ်းခဲ့သည်။ ထိုအချိန်ကစလို့ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားတို့၏ နေမှုထိုင်မှုပုံစံအရ အခက်ခဲများရှိခဲ့ပါသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများအား ကိုကိုးကျွန်းသို့ပို့ဆောင်ခဲ့သည်အထိ ဦးနေဝင်းက ဖိနှိပ်ခဲ့သည်။ 

ဦးနေဝင်းလက်ထက်မှာစတင်ပြီး နိုင်ငံရေးအကျဉ်းသားများအတွက် အင်မတန် ခက်ခဲကြမ်းတမ်းလှသည့် စစ်ကြောရေးစခန်းများကို ဖြတ်ကျော်ခဲ့ရသည်။ ဦးနေဝင်းလက်ထက်က အမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် ရေကြည်အိုင် စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့သူတိုင်း မိမွေးတိုင်း၊ ဖမွေးတိုင်းပြန်ထွက်လာဖို့ တော်တော်ခက်ခဲလှသည်။ အင်မတန် ရက်စက်လှသည့် စစ်မေးသည့်နည်းလမ်းများကို အသုံးပြုသည်ဟုလည်း ကျော်ကြားလှသည်။ 


Saturday, August 9, 2014

စာနယ်ဇင်းကောင်စီ ဘာလဲ၊ ဘယ်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ့စာနယ်ဇင်းကောင်စီက တင်ပြတဲ့အခက်အခဲတွေအပေါ် နားလည်မှုပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မြန်မာ့မီဒီယာလောက လွတ်လပ်မှု ပိုမိုရရှိရေး၊ တိုးတက်ထွန်းကားရေးတို့အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလာနိုင်သလဲဆိုတာကို မြန်မာ့စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေး သုံးသပ်ထားပါတယ်။ 

 ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ မီဒီယာသမားတွေကို ကိုယ်စားပြုတဲ့ မြန်မာစာနယ်ဇင်းကောင်စီဝင်တွေဟာ မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံမှုက ပထမဦးဆုံးအကြိမ်လို့ ပြောနိုင်သလား။ 

ဦးဇော်သက်ထွေး ။ ။ မဟုတ်ပါဘူး။ ကျနော်တို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကျနော်တို့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပါတယ်။ အခုက ဒုတိယအကြိမ် တွေ့ဆုံမှုလို့ပြောရင် ရပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုတုန်းက ဘယ်လို သဘောတူညီမှုတွေ ရခဲ့သလဲ။ နည်းနည်းလေး ပြန်ပြောပါလား။ 


ပြည်သူ့ သက္ကရာဇ် (နွယ်ဦးလှိုင်)

၈၈ ငွေရတုလွန် နှစ်ပတ်လည်တဲ့ 
ဆိုင်းဘုတ်က သိပ်ကြီးတော့
ကျွန်တော် အနားကို မသီဝံ့ဘူး 
တကယ်တော့ ကျွန်တော်ဟာ 
၈၈ ရဲ့ လူမသိ သူမသိ 
သစ္စာတော်ခံ တစ်ဦးသာပါ။ 

၈၈ မှာ သူများတွေလို 
အသက်မပေးလိုက်ရပေမယ့် 
နေ့တွေ... ညတွေ 
ကျားကုတ် ကျားခဲမျှော်လင့်ချက်တွေ 
အတိဒုက္ခ နေ့ရက်တွေကို စတေးခဲ့ရသူပါ။ 


၈၈ နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ (ကိုညို)

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘီဘီစီ မြန်မာပိုင်းကနေ သမ္မတ ဦးသိန်းစိန် ၈၈ ကာလက ဆန္ဒပြမှုကို ဖိနှိပ်တဲ့ အဓိကနေရာမှာ ပါဝင်တယ်လို့စွပ်စွဲတဲ့ ဝီကီလိခ်သတင်းနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းတယ်။ ဦးရဲထွဋ်ရဲ့ အင်တာဗျူးထဲမှာ ဒီကနေ့ နိုင်ငံရေးလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်တွေကိုရော၊ လှုပ်ရှားတက်ကြွသူတွေကိုရော အနာပေါ်တုတ်ကျပြီး စွပ်စွဲပြောဆိုသွားတာတခုက... ၈၈ ထဲက သင်ခန်းစာကိုသာ ဖော်ထုတ်သင့်တယ်၊ ၈၈ ကို အကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်ဖို့ မသင့်ဘူး... ဆိုတာပဲ။ ဒီတော့ ပြောစရာနည်းနည်း ဖြစ်လာတယ်...။ 

ဒီကနေ့ နိုင်ငံရေးတက်ကြွသူတွေက ၈၈ ကိုအကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်နေတယ်လို့ ကျနော် မမြင်ပါ။ အစိုးရဘက်က လုပ်ဆောင်သင့်တဲ့ အခြေခံအလုပ်တွေ လုပ်ဖို့ပျက်ကွက်နေလို့ အများပြည်သူရဲ့ မယုံကြည်မှုက အခြေခံလာတာ ဖြစ်တယ်။ 


Wednesday, August 6, 2014

ချေဂွေဗားရား... (ခရမ်းပြာထက်လူ)

လူတိုင်း သေရမယ်ဆိုတာ သိပြီးသားမို့ ဘာဆန်းလို့တုန်း 
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။ 

မင်းတို့ ငါ့ကို သတ်ပစ်မယ်ဆိုတာ 
တော်လှန်ရေး မစခင်ကတည်းက ငါ သိခဲ့တာပဲ။ 

လူဆိုတာ ကျည်ဆံနဲ့ မသေလည်း 
နောက်တစ်နည်းနဲ့ သေချာပေါက်သေရမှာ သေချာ။ 
ဥပမာ 
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း 
ခေါင်းပေါ် ပန်းအိုးတစ်အိုး ပြူတ်ကျလာပြီး သွေးအိုင်ထဲ နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။ 
ဥပမာ 
ပင်လယ်ရဲ့ ညနေဆည်းဆာကို ထိုင်မျှားနေရင်း 
ဧရာမလှိုင်းလုံးကြီးရဲ့ ခုန်အုပ်စားသောက်ခြင်းကို ခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။ 
ဥပမာ 
ဒဏ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေ ဒဏ်ခံကြိုးတစ်ချောင်းဆီက ပြတ်ထွက် 
ညဘက် ဒေတာတစ်ခုလုံး နံရံတစ်ခုထဲ ပြေးဝင် ပြဲထွက်သွားသလိုပေါ့။ 


ခွပ်ဒေါင်းတို့ရဲ့ မိုင်ထောင်ချီခရီး… ဘယ်လောက်နီးပြီလဲ (ခင်ငြိမ်းသစ်)

နဖူးနှင့်လက်မောင်းတို့တွင် အနီရောင်အဝတ်စများပတ်ထားပြီး လည်ထောင်အင်္ကျီ အဖြူရောင်၊ ကချင်ရိုးရာဆင်ပုဆိုးတို့ကို ဝတ်ဆင်ထားသည့် အသက် ၂၀ ဝန်းကျင် ကျောင်းသားလူငယ်များ အနီရောင် ခွပ်ဒေါင်းအလံတို့ကို ဝှေ့ရမ်းရင်း ချီတက်လာကြသည်။ ထိုစစ်ကြောင်းအတွင်း လူငယ်က အများစုဖြစ်သော်လည်း သက်လတ်ပိုင်း၊ လူကြီးပိုင်းများလည်း ပါဝင်ပြီး “တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ၊ မဆလပါတီ ကျဆုံးပါစေ၊ ဒီမိုကရေစီ ချက်ချင်းပေး၊ စိန်လွင် ချက်ချင်းထွက်” ဆိုသည့် ကြွေးကြော်သံများကို မိုးလုံးညံမျှ ကြွေးကြော်လာခဲ့ကြသည်။ 

မဟာရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဆူးလေလမ်းမကြီးတစ်ခုလုံး အနီရောင်အလံတို့က ဖုံးလွှမ်းနေသည်။ လှိုင်းလုံးတမျှ ကြီးမားလှသည့် လူအုပ်ကြီးကလည်း ဆူးလေလမ်းမထက်တွင် ပြည့်ကျပ်နေသည်။ ကြက်ပျံမကျ စည်ကားလှသော်လည်း ပျော်ပွဲရွင်ပွဲကျင်းပနေခြင်းတော့ မဟုတ်ပါ။ အသက်ကိုလောင်းကြေးပြုရင်း ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြသူများသာဖြစ်သည်။ လမ်းဘေးဝဲယာမှာတော့ လူသတ်လက်နက်များကို ကိုင်ဆောင်ထားသည့် ပုခုံးတွင် အနီရောင်စည်းထားသည့် အသေခံ တပ်မတော်သားများ၏ မျက်နှာသွင်ပြင်က တင်းမာနေသည်။ 


Sunday, August 3, 2014

ကိုကိုးကျွန်းမှာ အနီရောင်လွှမ်းခဲ့စဉ်က - ဖိုးသံ (လူထု)

၁၉၆၉ ခုနှစ်၊ ကိုကိုးကျွန်းပေါ်ကိုရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသမားတွေထဲမှာ တချို့က နာကြည်းချက်၊ တချို့က ဒေါသ၊ တချို့က လွမ်းဆွတ်မှု၊ တချို့က ကြောက်ရွံ့မှု၊ တချို့က စူးစမ်းလိုမှု၊ တချို့က စွန့်စားလိုမှု စသဖြင့် ခံစားချက်အမျိုးမျိုး ပါလာကြပါတယ်။ လူတယောက်ထဲမှာကိုပဲ တမျိုးမက ပါလာတာတွေ ရှိပါတယ်။ 

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေဟာ ကျွန်းပေါ်ကို ခြေချလိုက်တယ်ဆိုတာနဲ့ သူတို့ လုံးဝ ထင်မထားတဲ့၊ ဗမာနိုင်ငံသမိုင်းမှာ မရှိခဲ့ဖူးတဲ့ ထောင်စနစ်တခုနဲ့ ဝင်ဆောင့်ပါတယ်။ လူတွေကို သဲသောင်ပြင်ပေါ်မှာ နေလှန်းထိုင်ခိုင်းပြီး ကိုယ်ထူကိုယ်ထလုပ်ရမယ်လို့ အကျဉ်းထောင် အထူးအရာရှိ ဗိုလ်ထွန်းရင်လောက မိန့်တဲ့အခါ ကျွန်တော့်တဦးချင်းရဲ့ခေါင်းထဲမှာတော့ ဒါဟာ ငုံ့ခံနေရမယ့်ဟာ မဟုတ်ဘူးလို့ပဲ တခါတည်း တေးထားလိုက်မိပါတယ်။ 


အူလဒူ၊ တယ်လနော နဲ့ ခုတ်ရာတခြား ရှရာတလွဲ (ကျော်ကျော်ငြိမ်းချမ်း)

ထင်တော့ ထင်ပါတယ်... ပြောချင်တာ တခြား နားလည်တာ တခြား ဖြစ်တော့မယ်လို့...။ အူလဒူတွေ... တယ်လနော.. အမ်ပီတီတွေ.. ထောက်ခံတယ်... ကန့်ကွက်တယ်ဆိုတဲ့ ပေါ်ပင်ကိစ္စတွေ ပြောချင်တာမဟုတ်ပါဘူး...။ ဒါ့ကြောင့် အပေါ်က ရည်ညွှန်းပို့စ်ရဲ့အောက်ဆုံးမှာ ဈေးနှုန်းလေးတောင် ထည့်ထားသေးတယ်... ၂၅ သိန်း နဲ့ ထောင့်ငါးရာ...။

လက်တွေ့အရ ပြောရရင်တော့ အကောင်းဆုံးဝန်ဆောင်မှုကို ဈေးအသက်သာဆုံးနဲ့ပေးနိုင်တဲ့ ကုမ္ပဏီကို သုံးမှာပဲ...။ အစိုးရ၊ ပုဂ္ဂလိက၊ ဖက်စပ်၊ ပြည်တွင်း/ပ ဘယ်သူပိုင်ပိုင်... ကုလားဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ ကပြားဖြစ်ဖြစ် (တကမ္ဘာလုံးမှာ) စားသုံးသူဘက်ကကြည့်ရင် အရေးမကြီးပါဘူး။ (ဒီနေရာမှာ အရပ်သုံးလို့ သဘောထားပြီး “လုံခြုံရေး” ဖက်တာကို ကိန်းသေထားလိုက်ကြပါစို့ ...)

ထားပါတော့၊ အဲဒီအကြောင်းပြောချင်တာ မဟုတ်ပါဘူး...။


ဘယာနက ဟင်းတခွက် (အရှင်ဇဝန)

အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်တယ်လို့ ပြောကြတယ်။ တကယ်က အစားကောင်း မစားရရင် မိတ်ဆွေတွေကို ပိုသတိရတတ်ပါတယ်ဆိုတာကိုပါ ဆက်ပြောရမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲခန်းက ဒုက္ခ ဒိုင်ယာရီတွေကို ပြန်လှန်လှောလိုက်ရင် ငန်တူးနေတဲ့ ပုံစံငပိ ပါမယ်၊ ရေတမျိုးတည်းနဲ့ပြုတ်ထားတဲ့ ဟင်းနုနယ် အရိုးစင်း တာလပေါဆိုတာ ပါမယ်။ စပါးလုံးနိုင်းခြင်းနဲ့ ထမင်း မာဂလောက်လည်း ပါမယ်။ ဒါပဲလားဆိုတော့ ကြံဖန်ပြီး ဟင်းချက်စားရတဲ့ ဒုက္ခလည်း ပါမယ်။ ဟင်းချက်စားတာကိုများ ဒုက္ခဆိုတဲ့စကားလုံးနဲ့ ဘာလို့များ တွဲသုံးတာလည်းလို့ မေးရင် ဟင်းတစ်အိုးအတွက် ဒေါက်နဲ့ စိန်ခေါ် တိုက်ပိတ်တာနဲ့ ခြိမ်းခြောက်၊ ဂန်းပိုက်နဲ့ ရွယ်မိုးခံရမယ့် ဘေးကနေ စွန့်စွန့်စားစားလုပ်ရတဲ့ ကိစ္စမဟုတ်လား။ 

ဒါကြောင့် ဟင်းချက်ရတဲ့ဒုက္ခလို့ ဒုက္ခနဲ့ ဟင်းချက်တာကို တွဲသုံးလိုက်ရတာပါ။ ဒီလို ဒုက္ခတွေနဲ့ရင်းရတိုင်း အတူစား အတူသွားနေခဲ့ရတဲ့ ထောင်ပြင်ပကရက်တွေကို ပြောမဆုံးဘူး။ သတိတရ ပြန်ပြောအဖြစ်ဆုံးထဲမှာ ပါမယ်ထင်တယ်။ ထောင်ဝင်စာ ပုံမှန်မလာတဲ့သူတွေကတော့ ထောင်ကပေးတဲ့ ပုံစံငပိရယ်၊ တာလပေါရယ်ကို စားဝင်အောင် ပြင်ရတာပေါ့။ ပြင်တယ်ဆိုလို့ အထွေအထူးတော့ မဟုတ်ပါဘူး။ ကြံဖန်ရှာလို့ရထားတဲ့ အချိုမှုန့်ကို သင့်ရုံခတ်လိုက်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုက္ခတွေကို ဟာသနဲ့ဆေးချလိုက်တော့ သောကတွေ ရင်ထဲက ကွာကျကုန်ရတာပါပဲ။

ထောင်ဝင်စာ ပုံမှန်မလာနိုင်တဲ့ အခန်းတစ်ခန်းမှာ ဟာသပြောတတ်တဲ့သူ တစ်ယောက်များရှိရင် သူ့အခန်းထဲကနေ စားသောက်ချိန်ဆို ဒီစကားလေးတွေ ကြားကြရနိုင်တယ်။