သ န်းေ ခါ င် စာ ရ င်း
ရွှေပြည်ကြီးမှာ မနက်ဖန် မတ် ၃၀ ကနေစပြီး ဧပြီ ၁၀ ရက်ထိ သန်းခေါင်စာရင်း ကောက်တော့မယ် တဲ့။ ကောင်းတာပေါ့။ ကုလသမဂ္ဂသတ်မှတ်ချက်အရ နိုင်ငံတနိုင်ငံအတွက်က ၁၀ နှစ် တကြိမ်လောက် ကောက်သင့်သတဲ့။ ရွှေပြည်ကြီးမှာတော့ ၁၉၈၃ က နောက်ဆုံးကောက်ခဲ့တာဆိုတော့ အနှစ် ၃၀ ကျော်ကြာမှ တခါပေါ့။
Census
A census is the procedure of systematically acquiring and recording information about the members of a given population. It is a regularly occurring and official count of a particular population.[1] The term is used mostly in connection with national population and housing censuses; other common censuses include agriculture, business, and traffic censuses. The United Nations defines the essential features of population and housing censuses as "individual enumeration, universality within a defined territory, simultaneity and defined periodicity", and recommends that population censuses be taken at least every 10 years.
ကျနော်တို့ ရွှေပြည်လေးမှာနေတဲ့ ရွှေနိုင်ငံသားတွေကြားမှာတော့ ဒီကိစ္စအတွက် အတော် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြတယ်။
လူကိုယ်တိုင်သွားမှ ရမတဲ့...။
မပုတင် လုပ်တုန်းကလို ဓာတ်ပုံ ၃ ပုံကို ရေလောင်းလွှတ်လိုက်လို့ မရဘူးတဲ့...။
ဟဲ့ မပုတင်မရှိတဲ့သူ ဘယ်လိုလုပ်မလဲ...။
စိတ်ညစ်ပါတယ်... ငါ့မှာ အစိမ်း ၃ ခေါက်ချိုးတခု၊ ပန်းရောင်၂ ခုရှိတယ်ဟဲ့... ဘာနဲ့လုပ်ရမလဲ...။
ဟဲ့ ... နင့်အငယ် ၂ ကောင် ခေါ်သွားလို့ ဖြစ်ပါ့မလား... သူတို့က ဒီမှာမွေးတာ မပုတင် မရှိဘူး... ဟုတ်...။
ဒုက္ခပါပဲ... ပတ်စပို့အသေးလည်း လဲရမယ်၊ ဝပ်ပါမစ်လည်း လဲရမယ်... သန်းကောင်စာရင်းလည်း ပြန်ထည့်ရဦးမယ်... ငွေအတော်ကုန်မယ်... အရေးထဲ သူဌေးက မခွဲနိုင်ဘူး (ခွင့်မပေးဘူး) ပြောနေတယ်...။
ပတ်စပို့သမားတွေနဲ့ ဝပ်ပါမစ်သမားတွေ ပြန်စရာမလိုဘူး... သံရုံးက ဒီမှာလာကောက်မှာတဲ့... စသဖြင့်ပေါ့လေ...။
Monday, March 31, 2014
Sunday, March 30, 2014
Saturday, March 29, 2014
ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါ (ရဲရင့်မြင့်မောင်)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့် ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစားများကြောင့် ပြည့်တန်ဆာဘဝသို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ရင်ဖွင့်ပြောကြားသည်။
လွန်ခဲ့သည့် နှစ် ၂၀ ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ ၃၀ ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအဝင် ထိုင်းလူမျိုးပိုင် ရုံများသာရှိပြီး မြန်မာပြည့် တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။
ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာ မိန်းကလေးတွေနဲ့ ပြုစုမယ်။ ဒို့ မဲဆောက်ဆိုတာက မြန်မာ မိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

Friday, March 28, 2014
ကေသရာဇာ (မောင်လွမ်းဏီ)
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေ့တစ်ထောင်ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။
ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇဝင်ထဲမှာ ဝင်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။
သင်ဟာ
ခြင်္သေ့တစ်ထောင်ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။
ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇဝင်ထဲမှာ ဝင်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။
Thursday, March 27, 2014
တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော ... ...(ခင်မမမျိုး)
မတ်လ ၂၇ ရက်နေ့။
ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။
ဒီနေ့ကို အစိုးရအချို့က တပ်မတော်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စာရေးသူကိုယ်တိုင်လည်း မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ သတ်မှတ် လက်ခံထားခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စတာတွေမှာလည်း အလယ်တန်း၊ အထက်တန်း ကျောင်းသူအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် အချိန်တန် အရွယ်ရောက်လာပြီး၊ ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရသတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိ သမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသနစာအုပ်တွေကို ဖတ်မိလာချိန်မှာတော့ မတ်လ ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ဘဲ တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေအပေါ်မှာ အခြေခံထားခြင်းမရှိဘဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။

Wednesday, March 26, 2014
Tuesday, March 25, 2014
Monday, March 24, 2014
ခေတ်ပျက် (နိုင်မြန်မာ)
အမြီးကျက်တော့
အမြီးကို စားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့လူတွေ ရှိတယ်။
ခေါင်းကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့လူတွေလည်း ရှိတယ်။
အမြီးကို စားကြတယ်
အမြီးစားပြီးတော့
ကြီးပွားနေတဲ့လူတွေ ရှိတယ်။
ခေါင်းကျက်တော့
ခေါင်းကိုစားတယ်
ခေါင်းစားပြီးတော့
ကောင်းစားနေတဲ့လူတွေလည်း ရှိတယ်။
Sunday, March 23, 2014
တိုင်းပြည်ကို ခြတွေ ကိုက်စားနေတယ် (ကိုညို)
လွန်ခဲ့တဲ့မတ်လ ဒုတိယပတ်က သမ္မတကြီးဦးသိန်းစိန် ရဲ့ ကျပ် ၃ သိန်းကျော်လွန်တဲ့ လက်ဆောင်ပစ္စည်း လက်ခံရင်၊ လာဘ်ပေးလာဘ်ယူလို့ သတ်မှတ်တဲ့အကြောင်း ဝန်ကြီးဌာနများအားလုံးကို အကြောင်းကြားစာရေးပို့ခဲ့ပြီးတဲ့နောက် မီဒီယာနဲ့ ပြင်ပလောကမှာ သမ္မတကြီးအပေါ် လှောင်ပြောင်သရော်စာနဲ့ ကာတွန်းတွေ ပေါ်ထွက်လာပါတယ်။
လွတ်လပ်ရေးရပြီးခေတ်ကစလို့ ဒီကနေ့အချိန်ထိ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူမှု၊ အခွင့်အာဏာ အလွဲသုံးစားမှုနဲ့ ငွေများငွေနိုင် အဓမ္မတရားတွေ တစတစကြီးထွားလာနေတာ စာဖတ်သူတို့ ကိုယ်တွေ့ပါ။ မိမိရဲ့ သမ္မတသက်တမ်းမှာ အစဉ်အလာဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရမယ့်အစား ဝန်ကြီးဌာနတွေကို အနည်းဆုံး တရားဝင် ငွေကျပ် ၃ သိန်းတန်ဖိုးကို လက်ဆောင်အဖြစ် ပေးနိုင်ကြောင်း ဈေးဖြတ်လိုက်သလိုပါပဲ။ အမေရိကန် ဒေါ်လာ ၃၀၀ တန်လောက်ပေးရင် လာဘ်ငွေယူတယ်လို့ မသတ်မှတ်ပါဘူးလို့ သမ္မတကြီးက လူသိရှင်ကြား ကြေငြာပေးလိုက်တာပါ။

ငေးဖွဲ့သူ (ငြိမ်းသစ်)
ပိတောက်ကလေးရေ
ငါ... ငေးစမ်းပါရစေ
နွေဟာ မင့်အိမ်ရာ ဖြစ်တာမို့
ဧည့်သည်ငါ့ကို မင်းကြိုပါလေ
ငါဟာနွေကိုမှ ရွေးပန်ခဲ့သူပါ
စီးဆင်းဖို့ မေ့နေခဲ့တယ်
ဟောဒါ ဥသြတွန်သံမပါ
ဇာတ်ဝင်သီချင်းမပါတဲ့ အသံတိတ်ရုပ်ရှင်
ငါ... ငေးစမ်းပါရစေ
နွေဟာ မင့်အိမ်ရာ ဖြစ်တာမို့
ဧည့်သည်ငါ့ကို မင်းကြိုပါလေ
ငါဟာနွေကိုမှ ရွေးပန်ခဲ့သူပါ
စီးဆင်းဖို့ မေ့နေခဲ့တယ်
ဟောဒါ ဥသြတွန်သံမပါ
ဇာတ်ဝင်သီချင်းမပါတဲ့ အသံတိတ်ရုပ်ရှင်
ယနေ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းသား အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရ-မရဆိုတာ မသေချာပေမယ့် အပစ်အခတ်ရပ်စဲရေးတော့ ရနိုင်တယ်လို့ UNFC (ခေါ်) ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ အကြီးအကဲ နိုင်ဟံသာ, က ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက်ကော ဘယ်လို အတားအဆီးတွေ ရှိနေသေးသလဲဆိုတာ နိုင်ဟံသာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာနိုင်ဟံသာ ခင်ဗျား … တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြားမှာ ငြိမ်းချမ်းရေးရတော့မယ်။ အပစ်အခတ်ရပ်စဲရေး အောင်မြင်တော့မယ်ဆိုတာ ကြားနေရပေမယ့် လက်တွေ့ဖြစ်လာတာ မတွေ့ရသေးပါဘူး။ ဆရာတို့ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို အနှောင့်အယှက် အတားအဆီးတွေ ကြုံနေရပါသလဲ ခင်ဗျား။
နိုင်ဟံသာ ။ ။ အနှောင့်အယှက်ရယ်လို့တော့ သိပ်မဟုတ်သေးဘူးလေ။ အခုမှ နည်းနည်းလမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ အရင်ကဆိုရင် သူကလည်း တပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ သူ့ရဲ့ သဘောထားနဲ့ သူ့ရဲ့ အဆိုပြုလွှာတွေနဲ့ တက်လာတယ်။ ကျနော်တို့ဘက်ကလည်း အဲဒီလို တက်လာတယ်ဆိုတော့ အဲဒီမှာ ညှိနှိုင်းရတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ အခုကတော့ နှစ်ဖက်စလုံးကနေပြီးမှ ဒီလို သူ့မူ ကိုယ့်မူအပေါ် ဆွေးနွေးနေတာထက် မူတစောင်ထဲကို ပူးတွဲရေးပြီးတော့ အဲဒီအပေါ်မှာ ညှိနှိုင်းသွားဖို့ အဲဒီလို သဘောထားတွေ ရလာပါတယ်။

Saturday, March 22, 2014
Friday, March 21, 2014
ငါ့ဂျင်းဘောင်းဘီတွေ ခေါက်သိမ်းထားတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပေါ့ (ဒီလက်မျိုး)
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
ကွဲအက်ကြေမွသွားတဲ့ အိပ်မက်တစုံနဲ့
တိုးတိုးလျလျလေးထွက်ပေါ်နေတဲ့ ပန်းနုရောင်ရယ်မောသံတွေရှိတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်ဘီတွေကြားမှာ
အနုပညာနဲ့ ထုဆစ်ထားတဲ့ကောင်းကင်နုနုလေးနဲ့
အတုအပတို့မှကင်းဝေးသော အချစ်ပန်းချီကားတချပ်ရှိတယ်။
ငါခေါက်သိမ်းထားတဲ့ ဂျင်းဘောင်းဘီတွေကြားမှာ
သစ္စာပန်းတို့ရဲ့ သစ္စာရှိမှကိုမြဲမြံထားကြတဲ့
ခေတ်ပျော်သူရဲကောင်းတွေဟာ
တော်လှန်ဗုံသံတွေကို ထုနှက်ကြတယ်။

ခြသေ့င်္သွားတွေနဲ့ မျှတတဲ့နေ့နဲ့ည (ကိုညို)
ဒီနေ့ မတ်လ ၂၀ ရက် ညနေ ၅ နာရီ ၅၇ မိနစ်မှာ အီကွေတာပေါ် နေတည့်တည့်ကျလို့ နေ့နဲ့ည အချိုးညီတဲ့နေ့ဖြစ်တယ်။ အနောက်နဲ့ ဥရောပနိုင်ငံတွေမှာ နွေဦးကို စတင်တဲ့နေ့လည်းဖြစ်တယ်။ မနက်ဖန်ကစပြီး နေ့တာရှည်တော့မယ်။ နော်ဝေးမှာတော့ ဆောင်းရာသီဆို နေ့အလင်းရောင်ကို မနက် ၉ နာရီကျော်မှာ စမြင်ရပြီး နေ့လည် ၂ နာရီဆို မိုးချုပ်သွားတယ်။ နာရီလက်တံ တနာရီ နောက်ဆုတ်ရတယ်။ အခုမတ်လကုန်ဆို နာရီလက်တံကို တနာရီ ရှေ့ပြန်တိုးရတော့မယ်။ နေရောင်ကို အကြာကြီးတွေ့ရတော့မယ်။ အော်စလိုမှာ နွေအခါဆို မနက် ၂ နာရီကျော်ရင် အရုဏ်တက်နေပြီး ည ၁၁ နာရီကျော်မှ မိုးချုပ်လိမ့်မယ်။ နော်ဝေးမြောက်ပိုင်းမှာတော့ နေက မဝင်တော့ဘူး။ ပင်လယ်ပေါ်မေးတင်ပြီး ပြန်တက်လာတာ။
ရေခဲတွေအောက်က မြက်ခင်းစိမ်းတွေပေါ်လာပြီ။ တချို့သစ်ပင်တွေ ပရစ်ဖူးငုတ်စတွေ မြင်ရပြီ။ နွေဦးမှာ အစောဆုံးပွင့်တဲ့ နော်ဝေးလို လဲဗက်တန်းလို့ခေါ်တဲ့ ( လဲဗက်ဆိုတာ ခြသေ့င်္၊ တန်းဆိုတာ သွား) ခြသေ့င်္ရဲ့သွားပန်းဝါဝါလေးတွေ စပြီး ပွင့်နေပြီ။ ဒီပန်းတွေက ရေခဲပြင်ကိုခွဲပြီး အစောဆုံးပွင့်တဲ့ပန်း၊ ပြီးတော့ တတောလုံး နေရာအနှံ့တောထ နေအောင်ပွင့်တဲ့ အရိုင်းပန်း။

Thursday, March 20, 2014
ဆရာတို့နဲ့တော့ ... ... ခက်ပါပြီ (ရွှေအိမ်စည်)

(က)
ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္ထုတိုစာအုပ်တွင် အမှာစာရေးပေး၏။ ဝတ္ထုတိုစု၏ ခေါင်းစီးအမည်ကိုပင် မမှတ်မိတော့ ... ...။ သို့သော် ... ဆရာမြသန်းတင့်၏ အမှာစာကိုမူ အမှတ်ရနေဆဲ...။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္ထုတိုစုတွင်ပါသည့် ဝတ္ထုတိုတစ်ပုဒ်အား အမှာစာတွင် ကောက်နုတ်၍ဖော်ပြ၏။ “ချောင်းဟန့်သံ” ... ဝတ္ထုတိုဖြစ်သည်။ “ချောင်းဟန့်” တတ်သည့် စာရေးကြီးတစ်ဦး၏ အခက်ကြုံရပုံများအား ဆရာဂျိုဇော်က ရေးထားခြင်းဖြစ်သည်။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” အားဖတ်ရင်း သူလည်း “ချောင်းဟန့်” ချင်လာသည်ဟု ဆိုသည်။ ထိမ်း၍မရ ...။ “ဆရာမြ” အားပါးတရပင် ချောင်းဟန့်လိုက်ရသည်။
ဤကား ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” ဝတ္ထုတိုကြောင့် ဆရာမြသန်းတင့်ဖတ်ရင်း အခက်ကြုံရမှု...။ ကျနော်ကမူ ... ...။
(ခ)
ယခုရက်ပိုင်းအတွင်း ဝတ္ထုတိုနှစ်ပုဒ်အား အကြိမ်ကြိမ်ဖတ်ဖြစ်၏။ မဖတ်ဘဲလည်း မနေနိုင်။ ဖတ်ပြန်တော့လည်း အခက်ကြုံရသည်ဟု ဆိုရမည်။ ဆရာတို့၏ ဝတ္ထုတိုအနုပညာက ကြီးမားစွာ လွှမ်းမိုးရိုက်ခတ်လွန်းလှသည်။ ပထမတစ်ပုဒ်က ဆရာဖေမြင့်ရေးသည့် “မရဏာ နုသတိ” ဖြစ်သည်။ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လထုတ် မြတ်လေး မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဝတ္တုတိုဖြစ်သည်။ ဒုတိယတစ်ပုဒ်က ဆရာထွန်းထွန်း(ဆေးသိပ္ပံ) ၏ “ဂုဏ်ပြုစာတမ်း” ဖြစ်၏။ ၁၉၇၇ ခုနှစ်၊ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဝတ္ထုတိုဖြစ်သည်။
(ဂ)
“မရဏာ နုသတိ” တွင် တစ်ဦးတည်းသော ဇာတ်ကောင်သာပါ၏။ အခြားဇာတ်ရံများ မပါ။ ဇာတ်ကောင်က ဒေါက်တာငွေရ ... ...။ အသက် ၂၆ နှစ်ရှိ ဆရာဝန်တစ်ဦးဖြစ်သည်။ အသည်းကင်ဆာရောဂါအား စတင်ရရှိပြီးဟူသည်အား သိရှိသည့်အချိန်မှစ၍ နောက်ဆုံးထွက်သက်ကုန်ချိန်အထိ ဒေါက်တာငွေရ၏ စိတ်အာရုံ၌ ခံစားရမှု ထွေပြားမှုများအား ဇာတ်ကောင်အား ပြန်၍ပြောနေသည့်ပုံစံနှင့် ရေးထား၏။
Wednesday, March 19, 2014
အင်္ဂလိပ်စာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (ဇော်မင်း)
ဘာသာစကားတွေဟာ အသုံးဝင်လှသလို လူ့အဖွဲ့အစည်းအတွင်း အရေးကြီးတဲ့ကဏ္ဍမှာ တည်ရှိနေပါတယ်။ လူတဦးတယောက်ဟာ ပထမဆုံးအနေနဲ့ မိမိရဲ့မိခင်ဘာသာစကားကို လည်လည်ပတ်ပတ် ပြောတတ်ဆိုတတ် ရေးသား ဖတ်မှတ်နိုင်ဖို့ လိုပါတယ်။ အဲတာကနေ တဆင့်တက်ပြောရမယ်ဆိုရင် မိမိရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ နောက်ထပ် ဘာသာစကားတခုခုကို တတ်ကျွမ်းရင် ပိုပြီးအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ထပ်ဘာသာစကားတခုလို့ ပြောလိုက်တဲ့အခါမှာ ဘယ်လိုဘာသာစကားမျိုးကို လေ့လာသင်ယူဖို့လိုမလဲဆိုတာကလည်း စဉ်းစားဖို့ လိုလာပြန်ပါတယ်။
ယေဘုယျတင်ပြရမယ်ဆိုရင် ကနေ့ကမ္ဘာကြီးမှာ မိခင်ဘာသာစကားအပြင် နောက်ထပ်လေ့လာနေကြတဲ့ သင်ယူနေကြတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကား ဖြစ်ပါတယ်။ ဒါကိုလည်း အများသိထားပြီးသားပါ။ တခြားသော ဘာသာစကားတွေကို သင်ယူလေ့လာတာမျိုးရှိပေမယ့် ရာခိုင်နှုန်းအများစုအနေနဲ့ပြောရရင် အင်္ဂလိပ်ဘာသာစကားကို သင်ယူကြတာက များတာကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အင်္ဂလိပ်စကားဟာ အခုဆိုရင် ကမ္ဘာသုံး ဘာသာစကားတရပ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းလိုလိုက ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာရပ်ကို မိခင်ဘာသာစကားပြီးရင် ဒုတိယဘာသာစကားအဖြစ် သင်ကြားနေကြပါတယ်။

Tuesday, March 18, 2014
ဒေါက်တာသိန်းဝင်း (ကလေးမြို့) သို့ အလွမ်း (ကိုညို)
ဒီနေ့ ဆရာ (ဒေါက်တာသိန်းဝင်း) ကွယ်လွန်တာ ၈ နှစ်တိတိပြည်တဲ့နေ့။ ဆရာ့ကို မမြင်လိုက် မတွေ့လိုက်ရခင်မှာဘဲ ဆရာက ကြိုပြီးထွက်သွားတယ်။ ဆရာနဲ့ မဆုံလိုက်ဖူးပေမယ့် ရင်းနှီးခင်မင်ခဲ့ကြတယ်။ ကိုယ်က သတင်းထောက်ဆိုတော့ သတင်းစိတ်ဝင်စားသူ၊ သတင်းပေးသူ၊ နိုင်ငံရေးသမား၊ သတင်းသမားတွေနဲ့ တယ်လီဖုန်းကတဆင့် သတင်းယူရင်း ခင်မင်ရင်းနှီးတာတွေ အများကြီးပါ။
ကလေးမြို့ မဲဆန္ဒနယ် အမှတ်(၂) ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာသိန်းဝင်းဟာ ကျနော်တို့လို ပြည်ပက ရေဒီယိုသတင်းထောက်တွေကို အများကြီး ပံ့ပိုးပေးခဲ့တယ်။ ကလေးမြို့တင် မကဘူး၊ စစ်ကိုင်းတိုင်းထဲက တမူး၊ ကလေးဝ၊ မော်လိုက်၊ မုံရွာနဲ့ စစ်ကိုင်းအပြင် အထက်ချင်းတွင်းက သတင်းတွေကအစ ဆရာက မှတ်သားထားပြီး ကျနော်တို့ ဖုန်းဆက်ရင် သေသေချာချာ ပြောပြလေ့ရှိတယ်။ ဆရာက ကလေးမြို့နယ်မှာ လူချစ်လူခင်များတယ်လို့ ဆိုရမယ်။ ဒေသတွင်းက တောင်သူတွေ၊ အလုပ်သမားတွေနဲ့ အခြေခံဝန်ထမ်းတွေကအစ စီးပွားရေးသမားတွေ အစိုးရဝန်ထမ်းတွေအဆုံး နိုင်ငံရေးအကျဉ်းသားပါမကျန် ဆရာ့ဆီကို သူတို့ခံစားချက်တွေ ရင်ဖွင့်လေ့ရှိတယ်။ ဆရာက သူတို့ပြောတာတွေ သေချာမှတ်သား၊ သူတို့ရေးပေးတာတွေ စနစ်တကျလက်ခံပြီး ပြည်ပမီဒီယာတွေကို ပြန်လည် သတင်းပို့လေ့ရှိတယ်။

၈၈ မိုင်ရှုခင်း (သစ်ကောင်းအိမ်)
မြင်ကွင်းကို
နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းတွေနဲ့ စဖွင့်တယ်
မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တစ်ကောင်နဲ့ စဖွင့်တယ်
မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့ အရောက်သွားတဲ့
ငမိုးရိပ်ရဲ့ သစ္စာစောင့်သိမှုနဲ့ စဖွင့်တယ်
၈၈ မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေ တစ်လုံးပြီးတစ်လုံး
အပေါင်ဆုံးလို့

Monday, March 17, 2014
Sunday, March 16, 2014
Saturday, March 15, 2014
အင်းယား ရာဇဝင်ရိုင်းတဲ့နေ့ (ကိုညို)

စိမ်းမြတဲ့ ရေလှိုင်းတွေ ××× အရောင်ပြောင်းသွား...
ဖြူစင်တဲ့ တံတားငယ်လဲ ××× အနီစွန်းခဲ့ပြီ...
ရာသီအလီလီ ပြောင်းပေမယ့် ××× မဟောင်းခဲ့နိုင်ဘူး ××× အင်းယားရယ်
ပြည်ပရောက် တော်လှန်ရေးတေး အဆိုတော် ကိုမွန်းအောင်ရဲ့ သီချင်းဟောင်းလေးတပုဒ်က အခုလိုကာလမှာ အသစ်လိုဖြစ်လာပြီး နားထောင်ရတာ အရသာရှိလာတယ်။ ၁၉၈၈ မတ်လ နဲ့ ဇွန်န်လ ရက်စွဲတချို့ဟာ မြန်မာ့ရာဇဝင်ကို အပြောင်းအလဲဖြစ်စေမယ့် ၈၈ သြဂုတ်လ ၈ ရက် ဒီမိုကရေစီအုံကြွမှုဖြစ်စေဖို့ လောင်စာမီးပွားတွေဖြစ်တယ်။ မတ်လ ၁၃ ရက် (ကိုဖုန်းမော် အရေးအခင်း) နဲ့ မတ်လ ၁၆ (တံတားနီ အရေးအခင်း) ဟာ ကျောင်းသားသွေးမြေကျပြီး ဒီမိုကရေစီ တိုက်ပွဲအတွက် အရင်းအနှီးပေးလိုက်ရတဲ့ နေ့စွဲတွေဖြစ်တယ်။
မတ်လ ၁၆ မတိုင်မီ
၁၉၈၇ စက်တင်ဘာ ၅ ရက်နေ့မှာ မဆလ ပါတီက ( ၇၅၊ ၃၅၊ ၂၅) ကျပ်တန်များ တရားမဝင် ငွေစက္ကူအဖြစ်ကြေငြာမှု၊ ကမ္ဘာ့ဘဏ်ကြွေးများ ပြန်မဆပ်ချင်လို့ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံအဖြစ် ကြေငြာမှုတွေဟာ မြန်မာပြည်သူတွေ ဂုဏ်သိက္ခာညှိုးပြီး ပိုမို ဆင်းရဲကုန်တယ်။ အစိုးရအပေါ် မကျေနပ်စိတ် ကြီးမားလာတယ်။ ကျောင်းလခ၊ အဆောင်ခပေးရမယ့်အချိန် ဒုက္ခရောက်လို့ စက်မှုကျောင်းသားတချို့ ဒေါသထွက်ပြီး ကြို့ကုန်းနဲ့ ပြည်လမ်းမ ဓာတ်မီးတိုင်၊ မီးပွိုင့်၊ ဘတ်စ်ကား မီးရှို့ဆန္ဒပြခဲ့တယ်။ ပြဿနာပိုမိုမကြီးထွားခင် အစိုးရက တနိုင်ငံလုံးက ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်လိုက်တယ်။ ကျောင်းသားတွေစိတ်ထဲ အစိုးရ မကျေနပ်စိတ် ကိန်းအောင်းလာတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်။
Friday, March 14, 2014
သဲလွန်စ (သစ်ကောင်းအိမ်)
မနေ့တုန်းတည်းက ပျောက်ဆုံးနေတဲ့
ရှဥ့်ကလေးသုံးကောင်များ
သွားရင်း လာရင်း လမ်းမှား …
လွန်ခဲ့တဲ့ရက်သတ္တပတ်ထဲက
ပျောက်ဆုံးနေတဲ့ လေယာဉ်တစင်းများ
ပျံရင်း သန်းရင်း လမ်းမှား …
စစ်တန်းလျားတွေ တိုးချဲ့ဖို့
ဘူဒိုဇာနဲ့ ထိုးကော်ထားတဲ့ လယ်မြေတွေရဲ့
ဝမ်းဗိုက်ဟောင်းလောင်းထဲက
အကြမ်းဖက်သမားတွေ မျိုးပွားနေတဲ့
အဆုံးမဲ့တွင်းနက်ကြီးထဲကိုများ
လိမ့်ကျပျောက်ဆုံးခဲ့လေသလား …
ရှဥ့်ကလေးသုံးကောင်များ
သွားရင်း လာရင်း လမ်းမှား …
လွန်ခဲ့တဲ့ရက်သတ္တပတ်ထဲက
ပျောက်ဆုံးနေတဲ့ လေယာဉ်တစင်းများ
ပျံရင်း သန်းရင်း လမ်းမှား …
စစ်တန်းလျားတွေ တိုးချဲ့ဖို့
ဘူဒိုဇာနဲ့ ထိုးကော်ထားတဲ့ လယ်မြေတွေရဲ့
ဝမ်းဗိုက်ဟောင်းလောင်းထဲက
အကြမ်းဖက်သမားတွေ မျိုးပွားနေတဲ့
အဆုံးမဲ့တွင်းနက်ကြီးထဲကိုများ
လိမ့်ကျပျောက်ဆုံးခဲ့လေသလား …
Thursday, March 13, 2014
ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ (ကျော်သူ)
ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံ ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ (၁၃) နှစ်ပြည့်သော အချိန်ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလ (၁) ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျင်တို့သည် သာသနာပြုလိုသောစိတ်၊ သာသနာ ပြန့်ပွားလို သောစိတ်နှင့်အတူ ပရဟိတလောကသားများအတွက် ကမ္ဘာတည်သရွေ့ မှတ်ကျောက်တင်နိုင်ရန် ပရဟိတ စေတီတော် တည်ထားကိုးကွယ်ရန် ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ်တွင်ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီးအား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံဉာဏ်များ တောင်းခံခဲ့ပြီးသည့်နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကာလတွင် မြတ်စွာဘုရား ကြွရောက်သာသနာပြုခဲ့သည့် တောင်ကိုးလုံးတွင် ပါဝင်သော ဖိုးဦးတောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် "မဟာပဏ္ဍိတပရဟိတ အောင်တော်မူစေတီ" နှင့် မြတ်စွာဘုရားဆင်းတုတော်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ်ထောင်ကျော်ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက်မြို့နယ် ပင်းဂွေးချိုးကျေးရွာအုပ်စု၊ ပင်းမြို့ဟောင်းကျေးရွာ၊ ပုဗ္ဗရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့တော့သည်။

Wednesday, March 12, 2014
ဧရာဝတီအယ်ဒီတာမြင်တဲ့ ဒီနေ့ နဲ့ အနာဂတ် မြန်မာ့မီဒီယာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်က ချီးမြှောက်တဲ့ Shorenstein သတင်းမီဒီယာဆုကို လက်ခံရရှိတဲ့ ဧရာဝတီသတင်းစာ အယ်ဒီတာ ဦးအောင်ဇော် နဲ့ ဗွီအိုအေ မြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ တို့က မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီသတင်းစာ လုပ်ငန်းအခြေအနေ၊ မြန်မာ့သတင်းလွတ်လပ်ခွင့် နဲ့ နိုင်ငံရေး အပြောင်းအလဲ၊ ရှေ့အလားအလာများကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး မေးချင်တာက မြန်မာနိုင်ငံပြည်တွင်းမှာ ဧရာဝတီအောင်ဇော် ကို ဘယ်လောက် အသိအမှတ်ပြုခြင်းခံရတယ်လို့ ယူဆပါသလဲ။
ဦးအောင်ဇော် ။ ။ ကျနော်တို့က ထုတ်လုပ်တဲ့ news တွေ၊ Analysis တွေ၊ အယ်ဒီတာအာဘော်တွေကို ဖတ်တဲ့လူတွေ ပိုပြီးများလာတာကို တွေ့ရပါတယ်။ ဆိုတော့ ကျနော်တို့အပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာကိုတော့ ကျနော် ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုက မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့သဘောထား။ ပြည်ပမှာ အခြေစိုက်ခဲ့တုန်းကတော့ အာဏာပိုင်တချို့က နာမည်နဲ့ဖော်ထုတ်ပြီးတော့ မယုံနဲ့ မဖတ်နဲ့ဆိုတာကို ကြားခဲ့ဖူးပါတယ်။ အခု ပြည်တွင်း ရောက်လာတဲ့အခါ သူတို့က ဘယ်လိုသဘောထားပါသလဲ။ ကိုအောင်ဇော်တို့ကို ရန်သူလို မြင်နေတုန်းလို့ ထင်ပါသလား။
ဦးအောင်ဇော် ။ ။ အဲဒီလိုမေးတာကို ကျေးဇူးတင်ပါတယ်။ ကျနော်မြင်တာကတော့ ကျနော်တို့ကို မယုံနဲ့ မဖတ်နဲ့ ပြောတဲ့အတွက်ကြောင့်လည်း ဂုဏ်ယူပါတယ်။ အဲဒီလိုပြောလေ ကျနော်တို့အတွက် ကောင်းလေပါ။ ဆိုတော့ အထဲဝင်သွားတဲ့အခါကြတော့လည်း ကျနော် ထင်ပါတယ်။ ကျနော်တို့ မမျှော်လင့်ထားတဲ့သူတွေ သူတို့တတွေရဲ့ အကြောင်းတွေကို အပြင်မှာ နှစ်ပေါင်း ၂၀ လောက် ရေးလာခဲ့တဲ့လူတွေ။ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူတွေ၊ နိုင်ငံရေးသမားတွေ။ အကုန်လုံးကို ဟိုဘက်ကော ဒီဘက်ကော တွေ့ခွင့်ရပါတယ်။ စကားပြောခွင့် ရပါတယ်။

Tuesday, March 11, 2014
Monday, March 10, 2014
ပျောက်ဆုံးလေယာဉ် ရှာဖွေဆဲ
လေယာဉ်ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်ရင် ခရီးထွက်နိုင်အောင် ပတ်စ်ပို့လျှောက်နေကြတဲ့ တရုတ်ဆွေမျိုးတချို့။
ပျောက်ဆုံးလေယာဉ်ရှာဖွေရာမှာ အမေရိကန်ရေတပ်က USS Pinckney လည်း ပူးပေါင်းပါဝင်။
မလေးရှား မြို့ပြလေကြောင်းဌာန အကြီးအကဲ Datuk Azharuddon Abdul Rahman က ကွာလာလမ်ပူလေဆိပ်မှာ နောက်ဆုံးအခြေအနေကို ထုတ်ပြန်ပေးနေ။

Sunday, March 9, 2014
ပိုးထိုးခံထားရတဲ့ ရာသီ (ဒီလက်မျိုး)
ငါဟာ
တောင်ကျချောင်းလေးနံဘေးက
ပုဇွန်စာရွက်ကလေးတွေကို
တိတ်တိတ်ကလေးစားနေတဲ့ ယုန်လေးတကောင်ပါ။
ငါဟာ
ငါ့အမောကို ငါ မဖောက်မခြင်း
ကမ္ဘာမြေရဲ့အဆီအနှစ်ပိုင်းထိ
ငါ့ခွာတွေနဲ့ ထိုးခွဲပစ်နေတဲ့
သန်မာထွားကြိုင်း ပြိုင်မြင်းတကောင်ပါ။
ငါဟာ
အသံသာကြားရပြီး
ကိုယ်ထည်ကိုရှာမတွေ့တဲ့
စူးစူးရှရှလွမ်းလျလျအော်နေတဲ့
ဟိုးသစ်ပင်ထိပ်ဖျားက
ပုဇဉ်းရင်ကွဲတကောင်ပါ။
တောင်ကျချောင်းလေးနံဘေးက
ပုဇွန်စာရွက်ကလေးတွေကို
တိတ်တိတ်ကလေးစားနေတဲ့ ယုန်လေးတကောင်ပါ။
ငါဟာ
ငါ့အမောကို ငါ မဖောက်မခြင်း
ကမ္ဘာမြေရဲ့အဆီအနှစ်ပိုင်းထိ
ငါ့ခွာတွေနဲ့ ထိုးခွဲပစ်နေတဲ့
သန်မာထွားကြိုင်း ပြိုင်မြင်းတကောင်ပါ။
ငါဟာ
အသံသာကြားရပြီး
ကိုယ်ထည်ကိုရှာမတွေ့တဲ့
စူးစူးရှရှလွမ်းလျလျအော်နေတဲ့
ဟိုးသစ်ပင်ထိပ်ဖျားက
ပုဇဉ်းရင်ကွဲတကောင်ပါ။
မလေးရှားလေယာဉ်နဲ့ မြန်မာ့ပြည်တွင်းရေး အတွေး (ကိုညို)
ဒီစာရေးနေတဲ့အထိ ရှာဖွေ မတွေ့ရှိရသေးတဲ့... မလေးရှား လေယာဉ်ပျောက်ဆုံးမှုဟာ စိတ်ဝင်စားစရာကောင်းတယ်။ နောက်ကွယ်မှာ မရှင်းမရှင်းနဲ့ တွေးစရာတွေပါတယ်။ ရိုးရိုး စက်ချို့ယွင်းလို့ ပျက်ကျတာလို့ ပြောဖို့ခက်တယ်။
အနည်းဆုံး လူ ၄ယောက်က ပတ်စ်ပို့စ်အတုနဲ့ ခရီးသည်တဲ့။ ၂ ယောက်က ဥရောပ ပတ်စ်ပို့စ်၊ ၂ ယောက်က တရုတ်ပတ်စ်ပို့စ်။ တချို့သတင်းတွေက ၂ ယောက်လို့ အတည်ပြုတယ်။
အခုထိ လေယာဉ်ကို ရှာမတွေ့ဘူး။
အကြမ်းဖက်မှု၊ ရုန်းရင်းဆံခတ်မှုနဲ့ ပျက်ကျတာလား ဆက်စပ်တွေးစရာ..။
နောက်တခုက လေယာဉ်မှူးဟာ မြေပြင်စခန်းကို အရေးပေါ် ဆက်သွယ်တာမျိုး သတင်းမှာ မကြားမိ၊ မဖတ်မိဘူး။
မကြာသေးခင်က ကျနော်တို့ အိမ်နီးချင်း ကူမင်းမှာ တရုတ်ပြည် ဇင်ကျန်ပြည်နယ်သား အစ္စလမ်မစ်စ်တွေ ဓားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်။ ဒါကို တရုတ်တွေကိုယ်တိုင် သံသယရှိတယ်။ အကြမ်းဖက်တွေဟာ တကယ်ပဲ တရုတ်ကလာတာလား၊ တခြားလမ်းကြောင်းကလား... ဆိုတာ။

Saturday, March 8, 2014
လူ့အခွင့်အရေးကို မျက်စေ့မလည်စေချင် (ကိုညို)
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ၁၀ နှစ်ကြာ အတူပေါင်းသင်းနေထိုင်ခဲ့တဲ့ လိင်တူချစ်သူ လူငယ်နှစ်ဦးရဲ့ မင်္ဂလာ အထိမ်းအမှတ်ပွဲကို မီဒီယာစာမျက်နှာ အတော်များများက အထူးအဆန်းဖော်ပြခဲ့တာ တွေ့ရတယ်။ Democracy Today သတင်းစာ အလယ်စာမျက်နှာမှာလည်း အဆိုပါမင်္ဂလာပွဲ စကားသံတွေဖော်ပြထားတာ မြင်ရတယ်။
ဒီမိုကရေစီအသားကျပြီး လူ့အခွင့်အရေး အပြည့်အဝရှိတဲ့နိုင်ငံတွေမှာတောင် အငြင်းပွားစရာဖြစ်နေတဲ့ လူမှုဆိုင်ရာ ပြဿနာကို လူ့အခွင့်အရေး ဘောင်ထဲထည့်သွင်းပြီး မြန်မာပြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစင်မြင့်မှာ ရောင်ပြန်တော်လွှတ်မိနေမှာ စိုးရိမ်တာရယ်၊ အမှောင်ထဲကနေနိုးထစ မျက်လုံးဝေသီ မသဲမကွဲဖြစ်နေတဲ့ ပြည်သူတွေ လူ့အခွင့်အရေးအပေါ် စည်းမဲ့ကမ်းမဲ့သဘောတွေ ထင်ဟတ်ပြီး မှားယွင်းနားလည်ကုန်မှာ စိုးရိမ်လို့ ဒီဆောင်းပါးနဲ့ လက်တို့လိုက်ရတာပါ။
အခြေခံအခွင့်အရေးကို ရအောင်ယူ
မြန်မာနိုင်ငံလို လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့အရပ်မှာ ပိုမိုသိရှိနားလည်သူတွေက မိမိတို့ပြည်သူတွေအပေါ် စာနာဂရုဏာစိတ်၊ သန့်ရှင်းဖြောင့်မတ်စိတ်ထားဖို့ လိုပါတယ်။ မိမိရဲ့ဆန္ဒဇောနဲ့ အတ္တအစွဲတွေလျှော့ပေါ့ပြီး၊ မြန်မာ့လူမှုဘဝ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအပြင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ စိတ်သဘောထား ရင့်ကျက်မှုတွေကို ပညာပေး၊ လမ်းညွှန်ပြဖို့ အရေးကြီးပါတယ်။ နိုင်ငံနဲ့ပြည်သူတွေ အတွေးမှန်၊ လမ်းမှန်ရောက်စေဖို့ မီဒီယာတွေရော၊ နိုင်ငံရေးသမားများ၊ တိုင်းပြု ပြည်ပြုပုဂ္ဂိုလ်များက ဦးဆောင်တဲ့အခါ ရိုးသားဖြောင့်မတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း တခါတခါ မရှိတာထက်၊ မသိတာ ခက်တယ်ဆိုတဲ့အတိုင်း အသိနဲ့ သတိရှိဖို့က ကျနော်တို့လို ဒီမိုကရေစီလမ်းပေါ် ရုန်းထလျှောက်ခါစ တိုင်းပြည်မှာ အရေးကြီးလာတတ်ပါတယ်။

Friday, March 7, 2014
လူထုအခြေပြု လူမှုအဖွဲ့အစည်းများနဲ့ ပွင့်လင်းမြင်သာမှု (ဇော်မင်း)
အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အဖွဲ့အစည်း အသင်းအပင်းတွေ တစထက်တစ တိုးတက်များပြားလာနေတာ တွေ့ရပါတယ်။ ဘာသာရေး လူမှုရေးဆောင်ရွက်တဲ့ အသင်းအပင်းတွေ၊ ပညာရေး ကျန်းမာရေးကိစ္စများအတွက် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ စသဖြင့် အမျိုးအစား စုံလင်လှပါတယ်။
ဒါ့အပြင် အလုပ်သမား လယ်သမား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းများလည်း ရှိပါသေးတယ်။ အမျိုးသမီးအခွင့်အရေး ကလေးသူငယ်အခွင့်အရေး စတာတွေအတွက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများလည်း အတော်လေး များပြားလာတာ တွေ့ရပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ နိုင်ငံတော် အာဏာရယူဖို့ ရွေးကောက်ပွဲအောင်နိုင်ဖို့ စတာမျိုးတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီလို အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းမျိုးတွေကို နိုင်ငံတကာမှာ လူထုအခြေပြု လူမှုအဖွဲ့အစည်း များဆိုပြီး ယေဘုယျအားဖြင့် သတ်မှတ် ခေါ်ဆိုကြပါတယ်။

Thursday, March 6, 2014
လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ မြန်မာပြည် ၆ နှစ် ခရီး
ဒီသီတင်းပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ Tomas Ojea Quintana ကို သူ့တာဝန်လုပ်ဆောင်မှုများနဲ့ပတ်သက်ပြီး သူ့အမြင်၊ လုပ်ဆောင်ချက်၊ ခံစားချက်များကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Quintana မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘယ်လို တိုးတက်မှုတွေ မြင်ခဲ့ရသလဲဆိုတာကို ပြောပါ။
Quintana ။ ။ ကျနော့်ရဲ့ ၆ နှစ် သက်တမ်းဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး တိုးတက်လာမှုနဲ့ အများကြီးဆက်စပ်မှု ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားကိစ္စပါ။ စစ်အစိုးရလက်ထက်က ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ထောင်နဲ့ချီပြီး အကျဉ်းထောင်ထဲ ရောက်နေခဲ့တာပါ။ အခုအခါ အများအပြား လွတ်မြောက်လာကြပါပြီ။ သိပ်အရေးကြီးတဲ့ကိစ္စပါ။ ကျနော့်တာဝန်ဘောင်အတွင်း နောက်တိုးတက်မှုရခဲ့တဲ့ နယ်ပယ်တခုကတော့ မီဒီယာကိစ္စ ဖြစ်ပါတယ်။ ကျနော့်ရဲ့တာဝန်သက်တမ်းအတွင်း မီဒီယာအခြေအနေလည်း အတော့်ကို ပြောင်းလဲလာခဲ့ပါတယ်။ ဒါတွေဟာ အရေးကြီးတဲ့ အသွင်ကူးပြောင်းလာမှုတွေပါ။

Wednesday, March 5, 2014
ကဗျာဆရာလှသန်း (သို့မဟုတ်) ကဗျာ၏ဝိဉာဉ် (ထက်ရာဇာ)
ကျနော် သူ့ကိုစသိတာက အင်းစိန် သီးသန့်အကျဉ်းထောင်မှာ။ ကျနော် အင်းစိန် ဗဟိုအကျဉ်းထောင်ကနေ ပြစ်ဒဏ်နဲ့ သီးသန့်ထောင်ကို ရောက်တယ်။ မှတ်မှတ်ရရ ၁၉၉၂ ခုနှစ်။ ကျနော့်ကိုတိုက်ထဲထည့်ပြီး ၁၅ မိနစ်လောက်အကြာမှာ ပိန်ပိန်ရှည်ရှည် နှုတ်ခမ်းမွေးနဲ့ ထောင်ပုံစံ ဝတ်စုံအဖြူဝတ်ထားတဲ့ လူတယောက်က ကျနော့်တိုက်ခန်းရှေ့ သံတိုင်တွေရဲ့အပြင်မှာ လာထိုင်တယ်။ ပြီးတော့ မက်လောက်စရာမရှိတဲ့ အပြုံးတခုကို ပြုံးတယ်။ (အဲဒီအချိန်က တိုက်ကို ရေချိုးချတဲ့ နာရီဝက် လမ်းလျှောက်ချိန်ပါ) ပြီးတော့ ကျနော့်ကို စနှုတ်ဆက်တယ်၊ မင်းက ၅ ညလား ကိုက လှသန်းပါ တဲ့။ အဲဒါဟာ ကဗျာဆရာလှသန်းနဲ့ကျနော် စတွေ့ကြတဲ့ နေ့လည်ခင်းပဲ။
အဲဒီတုန်းက သီးသန့်ထောင် ၁ တိုက်နောက်ခြမ်းမှာ ကျနော်ရောက်တဲ့အချိန် ကဗျာဆရာ လှသန်းရှိတယ်၊ သူ့အကိုအရင်း ပန်းချီ မောင်နိုးရှိတယ်၊ ကဗျာဆရာ မောင်နေနွယ် ရှိတယ်၊ အခုလက်ရှိ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာ ကိုကျော်စွာမိုးရှိတယ်၊ လက်ရှိ DVB က ကိုမိုးအေးရှိတယ်။ ကျန်တဲ့သူတော်တော်များများလည်း ရှိကြတယ်။ ပြီးတော့ ကိုလှသန်းက ကျနော့်ကို နွားဆေးပေါ့လိပ် ၃ လိပ် ထုတ်ပေးတယ်။ နောက်မှ အေးဆေးတွေ့မယ်ကွာတဲ့။ ဒါဟာ ကဗျာဆရာလှသန်းရဲ့ ပထမဆုံးနွေးထွေးမှုဆိုရင်လည်း မမှားဘူး။

မြို့ပျက် (ဆောင်းလူ)
နဂိုတိုင်းထားတာမှ သမိုင်းဝင်ဦးမယ့် မြို့ ...။
......
......
လူကူးမျဉ်းကျားတွေနဲ့
စည်းကမ်းဖောက်ပြားတဲ့ မြို့ ...။
မီးနီ မီးဝါနဲ့
နောက်မီးလင်းတဲ့ မြို့ ...။
ယင်တလောင်းလောင်း
အညှီ တထောင်းထောင်းနဲ့
သိက္ခာတွေ ထောင်းလမောင်းကျေနေတဲ့ မြို့ ...။
သစ္စာတွေ မီးကျိုးမောင်းပျက်ခဲ့နေတဲ့ မြို့ ...။

Tuesday, March 4, 2014
Monday, March 3, 2014
လူ့အခွင့်အရေးဆိုတာ လိင်တူဆက်ဆံရေး မဟုတ်... (ကိုညို)
လူကြီးတွေငယ်ငယ်က ဆုံးမလေ့ရှိတဲ့ စကားတခွန်းပါ။ ဆုတ်ကပ် ကမ္ဘာထဲရောက်လာပြီဆိုလူတွေဟာ ဟီရိသြတ္တပ္ပတရားတွေနဲ့အညီ မကျင့်ကြံတော့ဘူးတဲ့...။
မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အရှက်အကြောက်တရားလို့ခေါ်တဲ့ ဟီရိသြတ္တပ္ပတရားတွေ ပျက်ပြားနေတာတွေ တနေ့တခြားမြင်ရတော့ ကျနော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ရတယ်။။ ရှက်ရမယ့်အရာကို မရှက်တော့ဘဲ မရှက်သင့်တာတွေ ရှက်နေတယ်။ ကြောက်သင့်တဲ့အရာတွေ မကြောက်ဘဲ မကြောက်ရမှာတွေကို ကြောက်လန့်နေကြတယ်။
သဘာဝတရားနဲ့ သွေဖီဆန့်ကျင်လာပြီဆိုရင် အဲဒီသဘာဝတရားကြီးရဲ့ အပြစ်ဒဏ်ကို သဘာဝကျကျ ခံစားရမှာဖြစ်တယ်။ ကျနော်ဟာ လိင်တူစုံမက်ခြင်းကို သဘာဝနဲ့ သွေဖယ်မှုဖြစ်လို့ စိတ်ဝေဒနာတရပ်လို့သာ ခံယူတယ်။ ဒါကြောင့် ဂရုဏာသက်တယ်။ လိင်စိတ်ပြောင်းလဲနေသူတွေ၊ နပုလ္လိင်တွေနဲ့ပတ်သက်ပြီး ဘာသာတရားသမားတချို့က ဝဋ်နာကံနာတို့ ဘာတို့ပြောရင် မကြားချင်ဘူး၊ စိတ်မကောင်းဘူး၊ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းဆဲ အနိုင်ကျင့်တာမျိုး မဖြစ်သင့်ဘူး။ ဒါဟာ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ချိုးနှိမ်တာလို့ပဲ ခံယူတယ်။