Saturday, March 31, 2012

ကြားဖြတ်ရွေးကောက်ပွဲ (ကာတွန်းစောငို)

မဲစပေးကြလေပြီ …

 
ဒီနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မဲရုံတခုမှာ မဲစပေးနေသူများ။
(Photos: AP)

ဒေါ်လာ သန်း ၆၄၀ ကံထူးရှင် ဘယ်သူလဲ

အမေရိကန်ပြည်ထောင်စု၊ မေရီလန်း (Maryland) ပြည်နယ်မှာ ကမ္ဘာ့ဆုကြေးအများဆုံးအဖြစ် ဒေါ်လာ သန်း ၆၄၀ Jackpot ဆု ထီပေါက်သွားတဲ့ ကံထူးရှင် ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေစောင့်မျှော်နေကြပါတယ်။

အခုဆုကြီးပေါက်သွားတဲ့ ထီလက်မှတ်ကို ဘယ်တီမိုးကောင်တီ (Baltimore County) ဈေးတခုမှာ ဝင်ထိုးသွားတာဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာက ပြောပါတယ်။ မေရီလန်းပြည်နယ် ထီဌာနရဲ့ ပြောခွင့်ရသူ ကာလိုရီ အယ်ဘာရက်ကလည်း World today ကိုပြောပြရာမှာ …


ကာတွန်းအော်ပီကျယ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ



ကြိုတင်မဲ နဲ့ မဲရုံများ

 
 
ဒီနေ့ မတ်လ ၃၁ ရက်နေ့ကတွေ့ရတဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကြိုတင်မဲပေးနေသူတချို့နဲ့ မနက်ဖြန် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်ရှိ မဲရုံတချို့မှာ ပြင်ဆင်နေပုံတွေပါ။

ငွေရှိရင် … ပါးရိုက်လို့ရတယ် … (ကာတွန်းအောင်မော်)

Friday, March 30, 2012

နေရာထက် သိက္ခာက အရေးကြီးပါတယ် (လူထုစိန်ဝင်း)

(ဒီရက်ပိုင်း ဆင်ဆာအဖြုတ်ခံရတဲ့ နောက်ထပ်ဆောင်းပါး တစ်ပုဒ်ပါ။ 
True News ဂျာနယ်အတွက် ၁၇၊ ၀၃၊ ၂၀၁၂ က ရေးခဲ့တာပါ။)

မနေ့က နိုင်ငံခြားသား သတင်းထောက်တစ်ယောက်နဲ့ စကားပြောရင်း သူက ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်သလားလို့ မေးလိုက်တယ်။

ဇာတ်ညွှန်းရေးသူဖြစ်ခဲ့ရင်

အခြေခံဥပဒေကို မထောက်ခံဘူး၊ ရွေးကောက်ပွဲကိုလည်း မထောက်ခံဘူး၊ ဦးသိန်းစိန် အစိုးရကိုလည်း အခုချိန်ထိ မထောက်ခံသေးဘူးဆိုတဲ့ ကိုယ့်သဘောထားကို စောစောကတည်းက သူ့ကို ပြောထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီမေးခွန်းရဲ့အဖြေကိုလည်း သူက ခန့်မှန်းပြီးသားဖြစ်မှာပါ။ သူက ဘယ်လို ခန့်မှန်း ခန့်မှန်း မေးလာတော့လည်း ဝတ္တရားအတိုင်းဖြေရတယ်။

“ကျုပ်သာ ဒီဇာတ်ညွှန်းရေးတဲ့သူနေရာမှာ ဆိုရင်တော့ ၄၈ နေရာလုံး NLD ကို အနိုင်ပေးလိုက်မှာပဲ” 

“ဘာကြောင့်လဲ”

“၄၈ လုံး ပေးလိုက်ရလို့ အာဏာရပါတီအနေနဲ့ ဘာမှ ထိခိုက်မသွားဘူး၊ ဒါပေမယ့် ပြန်ရလိုက်မယ့် အမြတ်ကတော့ အဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးမားတယ်”

“ဘယ်လိုအမြတ်လဲ”

ဟာ ... မနောက်ကြေးဗျာ ... (ကာတွန်း အောင်မော်)

Thursday, March 29, 2012

ကြံဖွံ့ပါတီရဲ့ နောက်ဆုံးပေါ် မဲဆွယ်နည်း

 
 
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ပါတီရဲ့ ဒီနေ့ မင်္ဂလာတောင်ညွန့်မြို့မှာ မဲဆွယ်နေတဲ့ ပုံရိပ်တွေပါ။ (မဲဆွယ်တာတောင် ဓားရေး လှံရေးတွေနဲ့ဆိုတော့ …)

Photos: AP, Reuters, Getty Images

ပြောတော့ ပြောတာပေါ့၊ ဒါပေမယ့် မပြောဘူး (လူထုစိန်ဝင်း)


"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မြန်မာလို ၁ ကြိမ် အင်္ဂလိပ်လို ၉ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ ဘယ်လို လုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ပြီးတာ မဟုတ်ပါဘူး။ လက်တွေ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်ဝဝ ခံစားကြရမယ်ဆိုရင် ..."

မတ်လ ၁ ရက်က လွှတ်တော်မှာပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တချို့က ထူးခြားတဲ့မိန့်ခွန်းလို့ သဘောထားကြပြီး၊ တစ်ချို့ကတော့ သမ္မတကြီးပြောခဲ့သမျှ မိန့်ခွန်းတွေထဲမှာ အားရစရာမရှိဆုံး မိန့်ခွန်းလို့ ရှုမြင်ကြကြောင်း တွေ့ရတယ်။

၂၄ ကြိမ်တိတိ

ထူးခြားတဲ့မိန့်ခွန်းလို့ ယူဆသူများက တိုင်းပြည်ရဲ့ သမ္မတတစ်ဦးအနေနဲ့ ပြည်သူများကို “မိဘပြည်သူများ” လို့ သုံးနှုန်းပြောဆိုတာဟာ ထူးခြားချက်ဖြစ်တယ်လို့ ထောက်ပြတယ်။ နှစ်ပေါင်း ၅၀ လုံးလုံး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ကြွေးကြော်လာခဲ့ကြရာက ပြည်သူများက မိဘဖြစ်တယ်လို့ ပထမဆုံးအကြိမ် ပြောကြားလိုက်တာကို သတိထားခဲ့မိတယ်။ ကိုယ်တိုင်က “အစိုးရက မိဘလား၊ ပြည်သူက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့် ပိုပြီး သတိထားမိတာ ဖြစ်တယ်။ သမ္မတရဲ့ မိန့်ခွန်းတစ်ခုလုံးမှာ “မိဘပြည်သူများ” ဆိုတဲ့ အသုံးအနှုန်း ၂၄ ကြိမ်တိတိပါတယ်ဆိုတာကို ရေတွက်ကြည့်လို့ သိရတယ်။ ပြီးတော့ Rule of Law ဆိုတဲ့စကားက ၉ ကြိမ်ပါပြီး ဗမာလို တရားဥပဒေစိုးမိုးရေးဆိုတာက တစ်ကြိမ် စုစုပေါင်း တရားဥပဒေစိုးမိုးရေး စကား ၁၀ ကြိမ်ပါတာလဲ မှတ်သားထားလိုက်တယ်။

ပြည်သူကို အစီရင်ခံစာတင်ပြ

ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တိုင်းဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို တစ်နှစ်တစ်ကြိမ် လွှတ်တော်ရှေ့မှောက်မှာ လာရောက်ပြောကြားတဲ့ အစဉ်အလာရှိကြတယ်။ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သမျှတွေကို ပြည်သူသိရှိအောင် အစီရင်ခံတင်ပြတဲ့ သဘောဖြစ်တယ်။ ရှေ့တစ်နှစ်အတွက်လုပ်မယ့် အစီအစဉ်တွေလည်း ပြောကြတယ်။


မြန်လား နှေးလား ပုံမှန်လား (မောင်ဝံသ)

ဒီတစ်ပတ်မှာတော့ တရုတ်နိုင်ငံရဲ့ လွှတ်တော် သို့မဟုတ် ပါလီမန်ဖြစ်တဲ့ ‘အမျိုးသားပြည်သူ့ကွန်ဂရက်’ အကြောင်း ပြည်တွင်းနဲ့ နိုင်ငံခြားသတင်းထောက်တွေကို ရှင်းလင်းပြောဆိုတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောဆိုခဲ့တဲ့ စကားတချို့အကြောင်း စာဖတ်ပရိသတ်တွေကို မျှဝေချင်တယ်ဗျာ။
ဒီနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်စုတရားဝင် အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ အောက်ကျို့ကျို့နေတတ်တဲ့သူ့ရဲ့သဘာဝကြောင့် ‘ပြည်သူတို့ရဲ့ ချန်ပီယံ’ အဖြစ် ရှုမြင်ခြင်းခံရပြီး “ဘိုးဘိုးဝမ်” အဖြစ် မကြာခဏ ရည်ညွှန်းခြင်းခံရလေ့ရှိတဲ့ ဝမ်ကျားပေါင်အတွက် အခုကွန်ဂရက်ဟာ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးတက်ရောက်တဲ့ ကွန်ဂရက်ဖြစ်ဖွယ်ရှိတယ်ဗျ။

အလျင်အမြန် ပြောင်းလဲဖို့ လိုနေပြီ

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တဲ့စကားတွေအနက် အထူးခြားဆုံးလို့ ကျွန်တော်ယူဆမိတဲ့ စကားကတော့ တရုတ်နိုင်ငံဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အလျင်အမြန်ပြုလုပ်ဖို့ လိုအပ်နေပြီ။ အဲသလိုမလုပ်ဘူးဆိုရင် ‘ယဉ်ကျေးမှု တော်လှန်ရေး’ လို ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်ဆိုတဲ့စကား ဖြစ်တယ်ဗျ။


မဲရုံသို့ ကိုက် ၅၀၀ (ကာတွန်း အောင်မော်)

Tuesday, March 27, 2012

စိတ်ဝင်စားစရာ မဲဆွယ် နိုင်ငံရေးဟောပြောချက်အချို့ (မောင်ဝံသ)

“နောက်ဆုံးမှပြောပေမယ့် အရေးကြီးတဲ့နေရာမှာ နောက်ဆုံးမဟုတ်တဲ့ ဟောပြောချက်တစ်ခုကတော့ တစ်ချိန်က ပြည်တွင်းမှာရှိခဲ့ဖူးတဲ့ ကျောင်းသားပါတီလို့ အသိများကြတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အခြေခံမူဝါဒတွေကို ဆက်ခံတဲ့ပါတီလား ဒါမှမဟုတ် အဲဒီအခြေခံမူဝါဒတချို့ကို ဆက်လက်ဆုပ်ကိုင်၊ တချို့ကို စွန့်ခွာကျောခိုင်းလိုက်ပြီဖြစ်တဲ့ ပါတီသစ်တစ်ခုလား ရှင်းရှင်းလင်းလင်း မရှိလှတဲ့ ‘မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ’ ဥက္ကဋ္ဌဦးဇင်အောင်ရဲ့ ဟောပြောချက်တွေထဲက တစ်ခုဖြစ်တယ်ဗျ …”

ကျွန်တော် လက်ရှိနေထိုင်တဲ့ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မှုမရှိတာကြောင့် လာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော် မဲထည့်ဖို့ မရှိဘူးဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလည်း ပြည်ပ ခရီးထွက်နေတာကြောင့် မဲမထည့်ဖြစ်ခဲ့ဘူးဗျ။ ကြိုတင်မဲပေးဖို့လည်း စိတ်ကူးတောင် မရှိခဲ့ပါဘူးဗျာ။

ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင် (အထဲကိုဝင်တာလည်း အပါအဝင်) လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် လောလောဆယ်မှာ နိုင်ငံရေးသတင်းဂျာနယ်တစ်စောင် (ပြည်သူ့ခေတ်)ရဲ့ အတိုင်ပင်ခံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေပြီး အခြား မိတ်ဆွေဂျာနယ်အချို့မှာလည်း အပတ်စဉ် ဆောင်းပါးတွေ ရေးနေသူဖြစ်တာကြောင့် (ပြောရရင် အခြေခံသဘာဝအရရော တာဝန်အရပါ) နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်ပတ်သက်နေဖြစ်တယ်ဗျ။


အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့

 
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ပုံရိပ်တချို့ပါ။
(Photos: AP, Getty Images)

ယုံတာ မယုံတာ အသာထား၊ ကိုယ့်အလုပ်ကိုယ်တော့ တာဝန်ကျေအောင်လုပ်ရမှာပဲ (လူထုစိန်ဝင်း)

“တစ်ပါတီ အာဏာရှင်စနစ်နေရာ ဝင်ရောက်လာတာက တစ်သွေး - တစ်သံ - တစ်မိန့်နဲ့ပဲ အုပ်ချုပ်တဲ့ စစ်တပ်အစိုးရဖြစ်တော့ ၁၉၆၂ ခုနှစ်က အခြေအနေ ပြန်ရောက်သွားသလို သမိုင်းဘီး တစ်ပတ်လည်သွားခဲ့တယ်။ စစ်အစိုးရ သက်တမ်း ၂၃ နှစ်ကြာတော့ သမိုင်းဘီး နောက်တစ်ပတ်ပြန်ရောက်ပြီး ဦးသိန်းစိန်အစိုးရ ဖြစ်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ ၁၉၆၂ တို့၊ ၁၉၈၈ တို့ကတက်လာတဲ့ စစ်အစိုးရတွေနဲ့မတူဘဲ စထွက်လာကတည်းက …”

၂၅- ၂- ၂၀၁၂ နေ့က ထိုင်းနိုင်ငံက နေးရှင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ရောက်လာပြီး စကားပြောတယ်။ စကားအတော်လေးပြောပြီးတော့ သူက “ယုံတစ်ဝက်၊ မယုံတစ်ဝက်နဲ့ ယုံရခက်ခက်ဖြစ်နေတာ အခုအချိန်မှာ ခင်ဗျားတစ်ယောက်ပဲရှိလိမ့်မယ် ထင်တယ်” လို့ ပြောလိုက်ပါတယ်။

ပြောင်းလဲနေပြီလို့ မြင်ကြ

အပြောင်းအလဲတွေ မြင်တွေ့နေရပြီး ရှေ့ဆက်သွားအောင် ဝိုင်းပြီး တွန်းအားပေးကြဖို့လိုတယ်လို့ ပြောကြတယ်။ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဂျပန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေကလည်း ဒီလိုပဲ ရှုမြင်သုံးသပ်ကြပြီး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ပြောလာကြတယ်။


ပြောင်းဖူး ဗေဒင် … (ကာတွန်း အောင်မော်)

မြန်မာကွန်ဗင်းရှင်းစစ်တာက မယ်ပြိုင်ပွဲ

မတ်လ ၂၅ ရက်နေ့က ရန်ကုန် မြန်မာကွန်ဗင်းရှင်းစစ်တာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Myanmar International Beauty Contest မယ်ပြိုင်ပွဲမှ ပုံရိပ်တချို့ပါ။ 
(Photos: AP)

Friday, March 23, 2012

မဲဆောက် အမှိုက်ပုံက မြန်မာပြည်သားများ

 
မတ်လ ၂၂ ရက်နေ့က တွေ့ရတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့က အမှိုက်ပုံကြီးကို မှီခို ရှာဖွေစားသောက်နေရတဲ့ မြန်မာပြည်သားတွေရဲ့ ပုံရိပ်တချို့ပါ။

စီလုတ်ကြီးတို့ မြစ်ဆုံ (ကာတွန်းစောငို)

ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း

“သူတို့ ဆရာနဲ့တွေ့တဲ့အချိန်ကျတော့ ဆရာတို့နဲ့ တစ်သဘောတည်း ကိုက်ညီနေတာပဲ။ ပြန်ရေးတဲ့အခါကျမှ အစိုးရက ပွင့်လင်းလာပါပြီ။ ဒီမိုကရေစီ လမ်းစကိုတော့ ခြေလှမ်းနင်းနေပါပြီ။ လျှောက်လှမ်းနေတာ ကျွန်တော်တို့ တွေ့နေရပါပြီ။ ဒါတွေ ပြောတာပဲ။ ဆရာတို့နဲ့ တွေ့တဲ့အခါကျတော့ ဒါတွေ သူတို့ လုံးဝ မယုံဘူးတဲ့။ အပြောင်းအလဲတွေ လုံးဝ မယုံပါဘူး။ ဒီမိုကရေစီလမ်းစ မြင်တယ်ဆိုတာလည်း လုံးဝ သူတို့ မမြင်ပါဘူးလို့ သူတို့ ပြောတာပဲ။ ဒါဟာ သူတို့ ဒီမှာလာပြီးတော့ လုပ်ခွင့်သာဖို့အတွက် အခွင့်အရေး မျှော်ကိုးပြီးတော့ လာပြီးတော့ ရောယောင်နေကြတာပဲ။ ဂျာနယ်လစ် စစ်စစ်တွေ မဟုတ်ပါဘူး …”

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းအား မေးမြန်းထားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ 

သူတို့တွေလည်း မဲဆွယ်နေကြတယ် …

 
မတ်လ ၂၃ ရက်နေ့ကတွေ့ရတဲ့ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ရန်ကုန်မြို့ မဲဆွယ်မြင်ကွင်း။ 

Wednesday, March 21, 2012

အကောက်ရွေးမိသူ၏ ဒုက္ခ (စိုးဘားဒိုင်)

ကျောင်းပိတ်ရက်ကလည်းဖြစ်၊ အစ်ကို နှစ်ယောက်ကလည်း တစ်ဖက်ရွာကအလှူကို သွားရောက်ကူညီနေရသည့် အချိန်လည်းဖြစ်တော့ တောထဲလိုက်ပြီး ထင်းခွေရန် ကျွန်တော် မလိုက်မဖြစ် လိုက်သွားရသည်။

အစ်ကိုတွေ မရှိချိန် အစ်မက တောထဲ ထင်းသွားခွေရမည်ဆိုတော့ အဖော်ပါမှဖြစ်မည်မို့ ကျွန်တော့်ကို ခေါ်သွားသည်။ ကျောင်းပိတ်ရက်ဆိုလျှင် တစ်နေကုန် ဆော့ရတော့မည်ဖြစ်သော ကျွန်တော် စိတ်ပျက်သွားရသည်။

ကျွန်တော်တို့ အိမ်ကနေ ရွာပြင်ရောက်ရန် လျှောက်ရသည်က တစ်မိုင်ကျော်ကျော် လောက်ရှိသည်။ ရွာအပြင်ကနေ တောစပ်ကို နောက်ထပ်တစ်မိုင်လောက် ထပ်လျှောက်ရသည်။ တောစပ်ကနေ တောင်ပေါ်ကို ဆက်တက်ရသည်။ တောထဲတိုးပြီး ထင်းခုတ်ရသည်။ ထင်းခုတ်သူတွေကများတော့ တောင်ပေါ်ကို တော်တော်တက်ယူရသည်။ တောင်အောက်ဘက် နီးသည့်နေရာတွေမှာ ထင်းဆိုက်၍ကောင်းသည့် အပင်တွေ နည်းလာနေပြီ။

မဲဝယ်ခြင်း (ကာတွန်း အောင်မော်)

သမဂ္ဂတွေ ဖွဲ့စည်းခွင့် (မောင်ဝံသ)

ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ ကန့်လန့်ကာဖွင့်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ခေတ်သစ်သမိုင်းဟာ တစ်လျှောက်လုံး ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့သမိုင်းဖြစ်တယ်ဗျ။ သူ့ကျွန်မခံလိုတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တော်လှန်ပုန်ကန်မှုတွေ၊ ဘုရားကျောင်းကန် ပရဝုဏ်များအတွင်းဘယ်သူမှ ဖိနပ် မစီးရေး၊ အင်္ဂလန်နိုင်ငံက ထုတ်လုပ်တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ မသုံးစွဲရေး၊ ဗြိတိသျှ ဘုရင်ခံအစိုးရနဲ့ မဆက်ဆံရေး (ဘူးအသင်း) လှုံ့ဆော်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ၁၉၂၀ ပြည့်နှစ်မှာပေါ်ထွက်ခဲ့တဲ့ နိုင်ငံရဲ့အညွန့်အဖူး တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အထင်အရှားမြင် တွေ့ခဲ့ကြရတဲ့ ပထမကျောင်းသားသပိတ်ကသာ ခေတ်သစ်မြန်မာ့သမိုင်းအပေါ် သက်ရောက်မှုအကြီးဆုံး အဖြစ်အပျက်၊ တနည်းပြောရရင် အနာဂတ်မြန်မာနိုင်ငံ လျှောက်လှမ်းရမယ့် ခရီးလမ်းကြောင်းကို ညွှန်ပြလိုက်တဲ့ အချိုးအကွေ့ အလှည့်အပြောင်းဖြစ်ခဲ့တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျ။ 
 

Tuesday, March 20, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၀)

သူများ ဆဲလည်း နားမလည်

အဖိုးတို့ တပ်ခွဲနေတဲ့ရွာက ဇရပ်ကွင်းရွာ။ ရိုးလေးတချောင်း ရှိတယ်။ အဖိုးတို့က ရိုးတဖက်မှာ။ အခြားတဖက်မှာ ရန်သူ ရှိတယ်။

အဖိုးတို့နဲ့အတူရှိတာက ဗိုလ်မှူးမြမောင်။ သူက ဒုရင်းမှူး။ ဗိုလ်ဘသန်းက အဲဒီတုန်းက တပ်ရင်းမှူး။ တွံတေးဘက်က တယောက်ရှိသေးတယ်။ ဗိုလ်မှူးမြချိုဆိုတာ သူကလည်း တွံတေးဘက်က ဆုတ်လာတာ။

“ဟေ့ ကျော်သောင်း အခု ငပေါ်ငကြာ ခုတ်ခွာတို့ဘက်မှာ ရန်သူစစ်တပ်က အားတော်တော် များတယ်ကွ။ မင်း နိုင်အောင် ပြန်ချနိုင်ပါ့မလား” ဗိုလ်မှူးမြမောင်က မေးတယ်။

“များများပေါ့ ဗိုလ်မှူး။ ကျနော်တို့ ကမ်းနားကို တယောက်မှ မရောက်စေရဘူး။ ချမယ် ဒီကောင်တွေကို”

အဖိုးလူတွေကလည်း ရှိတာကိုး။ ဟိုကောင်တွေက ဘာပြောလဲဆိုတော့ …

“သေချင်ရင် စိန်မစားနဲ့။ ဗိုလ်ကျော်သောင်း တပ်စုကို သွား” တဲ့။

ဒီကောင်တွေက စကားဆိုနဲ့ ။ ဒါနဲ့ တယောက်က ထပြောတယ်။

“လိုက်လာရင် ဗိုက်ဆာမှာပေါ့ကွာ” တဲ့။

“ဗိုလ်မှူးမယုံရင် စောင့်ကြည့်” လို့ အဖိုးပြောတော့ ဗိုလ်မှူးမြမောင်က ပြုံးပြုံးနဲ့ လှည့်ထွက်သွားတယ်။ သူ ဗိုလ်စလွယ်ကိုပြောတာ အဖိုး ကြားတယ်။

“ခင်ဗျားဗိုလ်တွေ တပ်စုမှူးတွေက တကယ့်ထိပ်သီးတွေချည်းပဲ” တဲ့။

နောက်မကြာဘူး။ အဖိုးတို့နားမှာ တိုက်ပွဲဖြစ်တာပဲ။ ၃ နာရီလောက် ကြာတယ်။ ပစ်လိုက်ရပ်လိုက် ပစ်လိုက်ရပ်လိုက်နဲ့။ ရေထဲမှာ ဗေဒါလေးတွေ ရှိတာကိုး။

ရေကလည်း ငြိမ်နေတယ်။ သူတို့ ဆင်းလာမလို့ လုပ်လိုက်။ အဖိုးတို့က ပစ်လိုက်။ သူတို့ ရေစပ်ကိုတောင် မဆင်းရဲဘူး။ နည်းနည်းဆင်းလာမလို့ လုပ်လိုက်။ အဖိုးတို့က စုပြီးတော့ ပစ်လိုက်။ ကြာတော့ ဒီကောင်တွေ ရေထဲတောင် မဆင်းရဲဘူး။

နောက်တော့ ဒီကောင်တွေ ကုန်းပေါ်ကနေပြီး အဖိုးတို့ကို အော်ပြီး ဆဲတော့တာပဲ။

မအေတွေရော နှမတွေရော စုံလို့။

သတ်ပုံမှားလို့ ... (ကာတွန်း စောငို)

ဝေဒနာ ... ပိတောက် (ကမာပုလဲ)

ပိတောက်ကို ကျနော် ချစ်သည်။ ပိတောက်ပန်းကို ကျနော် ချစ်သည်။ ကျနော် ငယ်စဉ်ကတည်းက ပိတောက်ပန်းကို ချစ်သက်မြတ်နိုးခဲ့ရသည်ဆိုလျှင် လွန်မည်မထင်ပါ။ 
 
ကျနော် ငယ်ငယ်က မိသားစုနှင့်အတူနေထိုင်ခဲ့သော အိမ်ငယ်ကလေး၏ မလှမ်းမကမ်းတွင် ပိတောက်ပင်ကြီးတပင် ရှိပါသည်။ အများသူငါ ဥဒဟိုသွားလာနေကျ လမ်းကြားကလေး၏ နံဘေးတွင် အဆိုပါ ပိတောက်ပင်ကြီး ရှိနေပါသည်။ မည်သူက စိုက်သွားခဲ့သလဲ၊ မည်သူတွေက ရေလောင်းပေါင်းသင်ခဲ့သလဲဆိုတာကို ကျနော် မသိခဲ့။ အိမ်က အမေ၊ အမတွေကလည်း ပြောမပြ။ သူ့အလိုလို ပေါက်ရောက်ရှင်သန်နေသည့် ပိတောက်ပင်ကြီးအဖြစ် ကျနော် သိရှိနားလည်ခဲ့ရသည်။ ပိုင်ရှင်တိတိကျကျ မရှိ။ အလေ့ကျပေါက်နေသော ပိတောက်ပင်ကြီး အဖြစ်သာ။ 

Monday, March 19, 2012

ကြံ့ဖွံ့ပါတီ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရေး

“ကျနော်တို့တပ်မတော်က ၈၈ အရေးအခင်းမှာ တိုင်းဖျက်ပြည်ဖျက်ဖြစ်လို့ တပ်မတော်က ဝင်ပြီးတော့ ထိန်းပေးတာ။ ထိန်းပေးပြီးတော့မှ နိုင်ငံတခုကို တည်ဆောက်တဲ့အခါမှာ ဘယ်လမ်းကြောင်းနဲ့သွားမလဲဆိုတာ ကျနော်တို့ မဆလ မဖျက်ခင်တုန်းက ဒီမိုကရေစီနဲ့သွားမယ်လို့ ပြဌာန်းပြီးသား။ ဒီမိုကရေစီနဲ့သွားတဲ့အတွက် တည်ငြိမ်မှုရမယ်။ နိုင်ငံရေးတည်ငြိမ်ရင် စီးပွားရေးတည်ငြိမ်မယ်။ အဲဒီဟာကြောင့် ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းအတိုင်း တစိုက်မတ်မတ်သွားမယ်လို့ လုပ်လာတာပါ။ တိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အများဆန္ဒနဲ့အညီ ရွေးချယ်တဲ့အစိုးရတရပ် အုပ်စိုးမှသာဖြစ်မှာ …”

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက် သတင်းရယူခဲ့တဲ့ ဗွီအိုအေမြန်မာဌာနက ဦးသိန်းထိုက်ဦး က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း ကို ရန်ကုန်မြို့မှ တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်နေကြပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါဝင်ယှဉ်ပြိုင်မယ့် ၄၈ နေရာစလုံး အနိုင်ရနိုင်ဖို့အတွက် ဝိုင်းဝန်းထောက်ခံကြဖို့ လူထုကို ဆော်သြနေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ဒီ ၄၈ နေရာစလုံးက သူတို့ အနိုင်ရပြီးသားနေရာတွေဖြစ်တဲ့အတွက် နေရာအားလုံးကိုပြန်နိုင်မှ အရင်းရမယ်ဆိုပြီး ပြောဆိုနေပါတယ်။


လာပြန်ပြီလား … ဒီ ကြိုတင်မဲ (ကာတွန်း စောငို)

Sunday, March 18, 2012

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ (လူထုစိန်ဝင်း)

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်း လွှတ်တော်ပ ပြောဆို ဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ဝမ်းသာ အားတက်စရာပါပဲ။

သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စားသူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ဝင်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံးခြုံပြီး ဝေဖန်အကြံပြုတာမျိုးမဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။


Friday, March 16, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၉)

တိုက်ကြတာ ၂ နာရီ၊ ၃ နာရီလောက် ကြာမယ်။

သူတိုက် ကိုယ်တိုက်ပဲ “ဝေါ ဝေါ” နဲ့ ။ ကိုယ့်ဘက်ကလည်း ကျ၊ သူတို့ဘက်ကလည်းကျ သင်္ဘောပေါ်မှာဆိုတော့ ဘယ်လောက်ကျလို့ ကျမှန်းတော့ မသိဘူး။

အဖိုးတို့က ကုန်းပေါ်မှာနေပြီးတော့ သူတို့တက်လာရင် ပစ်တာကိုး။

အဖိုးတို့ကို သူတို့ပစ်တာလည်း ကတုတ်ကျင်းကြီး ပြိုကျသွားတယ်။

အဖိုးတို့ခေါင်းတွေမှာ ရွှံ့တွေနဲ့ လူးနေတာပဲ။

သူတို့က သင်္ဘောပေါ်က ပစ်တာ။ အဖိုးတို့က ကမ်းပေါ်က ပစ်ပေါ့။

Thursday, March 15, 2012

ကဗျာဆရာကြည်အောင်ကို လွမ်းဆွတ်ခြင်း (ဆူးငှက်)

“တကယ်တော့ အနှစ် နှစ်ဆယ်ကျော်မကြာခင်မှာပဲ ဘယ်သူ ဘာလဲ၊ ဘယ်သူ တပ်မှူးလဲ ဆိုသည့်အဖြေက ထွက်သွားချေပြီ။ သမိုင်းကိုဖြင့် လိမ်ညာမရတော့။
သို့တစေ ဝမ်းနည်းစရာကောင်းသည်က ယခု နှစ်အစိတ်တွင် တိုင်းပြည်နှင့် လူမျိုးအပေါ် ရိုးသားစွာ ချစ်ခဲ့ကြသော ဆရာတင်မိုး မရှိတော့၊ ဆရာကြည်အောင် မရှိတော့၊ ဆရာမောင်စွမ်းရည်က ရွှေပြည်ကြီးနဲ့ ဝေးကွာတဲ့နေရာမှာ၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)၏ ကလောင်ကလည်း လွတ်လပ်လာသည်မှာ မကြာသေး …”

“ကန္တာရပြင်
ပန်းပင်ပွင့်စေ
စမ်းရေစီးမြ
ငှက်လှတေးဆို
ပျိုစေ .. သစ်စေ ..
ချစ်နိုင်စေ ..” တဲ့ … ။

ကဗျာဆရာကြီးကြည်အောင်က သူ၏ ‘အရိုင်းလွင်ပြင်’ ကဗျာတွင် ဖွဲ့ဆိုခဲ့သည်။ ကျွန်တော်က ဆရာကြည်အောင်၏ ‘မိခင်မာရသွန်’ ကဗျာစာအုပ်ကို အမှတ်တရပြန်လှန်ဖတ်ရှုရင်း ‘အရိုင်းလွင်ပြင်’ ကဗျာကိုဖတ်ကာ အထက်ပါ စာပိုဒ်လေးရောက်တော့ ကဗျာဆရာကို ဖျပ်ခနဲ လွမ်းဆွတ်သတိရကာ ဖတ်လက်စစာအုပ်လေး ရင်ဘတ်ပေါ်တင်ရင်း စိတ်တွေကလည်း အဝေးဆီသို့ ပျံ့လွင့်သွားတော့သည်။

မြင်နေရတယ် … (ကာတွန်း အောင်မော်)

အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု နဲ့ နိုင်ငံရေးပါတီများ

“ဒီနေ့ လက်ရှိအခြေအနေမှာတော့ ရှမ်းတွေက ရှမ်းတွေကိစ္စတခုတည်းကို လုပ်လို့မရတော့ဘူး။ ရခိုင်တွေက ရခိုင်ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ ချင်းတွေ၊ မွန်တွေလည်း သူတို့ ချင်း၊ မွန်ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ နောက် ဗမာလူမျိုးစုတွေအနေနဲ့လည်း ဗမာတွေရဲ့ကိစ္စတခုတည်း လုပ်လို့မရတော့ဘူး။ အားလုံးက အားလုံးကိစ္စကို ပြန်စဉ်းစားမှ အဖြေမှန်ရမယ်လို့ …”

၁၉၉၀ ရွေးကောက်ပွဲတုန်းက သက်ဝင်လှုပ်ရှားပြီး နောက်ပိုင်းမှာ တားဆီးပိတ်ပင်ခံခဲ့ရတဲ့ တိုင်းရင်းသားပါတီတချို့ဟာ အခုအခါမှာ ပြန်လည်မှတ်ပုံတင်လာကြပါတယ်။ အခုလက်ရှိမှာ ၂၀၀၈ ရွေးကောက်ပွဲတုန်းက လူထု အားပေးထောက်ခံခဲ့တဲ့ပါတီတွေ အသီးသီးရှိနှင့်ပြီး ဖြစ်ပါတယ်။

ဒီလိုမျိုး တိုင်းရင်းသားဒေသမှာ စင်ပြိုင်ပါတီတွေ ပေါ်ပေါက်လာတာနဲ့ပတ်သက်လို့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။


Wednesday, March 14, 2012

တသက် နှစ်ကျွန်း (ကာတွန်း စောငို)

နိုင်ငံအကြီးအကဲ၏ မိန့်ခွန်း (မောင်ဝံသ)

ကျွန်တော်တို့နိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေးအချိုးအကွေ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ ဒီကနေ့အထိ ပြည်သူတွေဟာ နိုင်ငံအကြီးအကဲ ၇ ဦးနဲ့ ကြုံတွေ့ခဲ့ကြရပြီး ဖြစ်တယ်ဗျာ။ နိုင်ငံအကြီးအကဲများဟာ သူတို့ရဲ့ ရပ်တည်ချက် သဘောထားအမြင် မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အခါအားလျော်စွာ ထုတ်ဖော်ရှင်းလင်း ပြောကြားခဲ့တာတွေရှိခဲ့တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျ။