တပွင့်တည်းပဲ ... ငယ်ကထားခဲ့
အသက်ပေး ရေးဆက်
ဆိုခဲကတိ သစ္စာစကားတွေ
ပျက်သုဉ်းပျောက်ကွယ်သွားတဲ့အခါ ...။
Tuesday, July 31, 2012
ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ (မောင်ဝံသ)
"ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ
မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာထားရင် နိုင်ငံတော်အား
ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲ
ထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ
ဉာဏ်ကြီးလှပါသော ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ဥပဒေပါ။ ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ ..."
ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီးရေးလိုက်တဲ့အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်၊ great men think alike လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။
ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ဖြစ်တဲ့ ဆရာ ဝင်းထွဋ်ဇော်က ‘ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား’ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်းအရာကို သူ ရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ‘ခရိုနီများရဲ့ ရှေ့ခရီး’ ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။
မနက်ဖြန် (ကေသွယ်)
အတုအယောင်တွေဟာ ... အစစ်အမှန်ထက် ပိုပြီး တောက်ပြောင်တယ်ဆိုတာ သိလာတဲ့အခါ …
အမှားတွေက ... အမှန်တွေထက် ပိုဆူညံတယ်ဆိုတာ တွေ့လာတဲ့အခါ ...
လွတ်လပ်မူတွေထဲက ... ထိန်းသိမ်းမူကို ရှာတွေ့လာတဲ့အခါ ...
အချစ် နဲ့ မေတ္တာကို ခွဲခြားတက်လာတဲ့အခါ … မမုန်းတတ်အောင် ... သင်ယူနိုင်လာတဲ့အခါ ...
အမှားတွေက ... အမှန်တွေထက် ပိုဆူညံတယ်ဆိုတာ တွေ့လာတဲ့အခါ ...
လွတ်လပ်မူတွေထဲက ... ထိန်းသိမ်းမူကို ရှာတွေ့လာတဲ့အခါ ...
အချစ် နဲ့ မေတ္တာကို ခွဲခြားတက်လာတဲ့အခါ … မမုန်းတတ်အောင် ... သင်ယူနိုင်လာတဲ့အခါ ...
Monday, July 30, 2012
အရှိအတိုင်း ... ခံစားကြေး (ကမာပုလဲ)
လူတယောက်
ဘဝ တခုစီရတယ် ...
အဲဒီလို ရခဲတဲ့ လူ့ဘဝမှာ
မိမွေးတိုင်း ဖမွေးတိုင်း
အခက်အခဲဟူသမျှ ခုခံရင်ဆိုင်တယ်။
သဘာဝတရားကြီးကိုလည်း တိုက်ပွဲဝင်ရတယ်
စားဝတ်နေရေးကိုလည်း နေ့စဉ်ဖြေရှင်းရတယ်
လူ့အဖွဲ့အစည်းရဲ့ တရားမှု၊ မတရားမှုတွေနဲ့လည်း
(မတရားမှုတွေက များပါတယ်)
ထိပ်တိုက်ရင်ဆိုင်ရတယ်
နို့
လက်တွေ့မှာ ထွက်ပြေးလို့မှ မရတာ ...။

Sunday, July 29, 2012
ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၄၂)
ထမင်းငတ်တဲ့ နေ့ရက်များ
ပဲခူးရိုးမကို ရောက်လာတာ အတော်ဒုက္ခရောက်တယ်။ ရဲဘော်တွေဆို စစ်ချည်းပဲ တိုက်နေရတယ်။ ထမင်းကျတော့ မစားရဘူး။ ၇ ရက် ၈ ရက်ဆက်တိုက် စစ်တိုက်ရပြီး အစာက မရှိတော့မောတာပေါ့။ ရဲဘော်လေးတယောက် ကျသွားတာ။ ဗိုက်ကလေး ဟောက်ပက်နဲ့။ အဖိုး တော်တော်စိတ်ထိခိုက်တယ်။
ပဲခူးရိုးမမှာ အဖိုးတို့ ခဏခဏ ထမင်းငတ်တယ်။ တခါတခါ တစ်လတောင် ကျော်သေးတယ်။ ဟိုအရွက်ခူးစား ဒီအရွက်ခူးစား ဒီလိုဖြစ်ကြတာ။ ကျသွားတဲ့ ဗိုလ်မှူးမောင်ချစ်ဆိုရင် အခြေအနေမကောင်းဘူးလို့ ပြောရင် မကြိုက်ဘူး။ ထမင်းငတ်ပေမယ့် စိတ်ဓာတ်က တော်တော်ခိုင်တယ်။ အညံ့မခံ အရှုံးမပေးဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်က ခိုင်ခိုင်မာမာရှိတယ်။
“စိတ်ဓာတ်ကျမယ့် အတွေးအခေါ်တွေ မင်းတို့ဦးနှောက်ထဲမှာ တစက်မှမထားနဲ့။ ဒီ အတွေးအခေါ်တွေ ဝင်လာပြီးဆိုရင် မင်းတို့ ခေါင်းထဲက မြန်မြန် ထုတ်ပစ်လိုက်” သူက ဒီလိုပြောတာ။
မနေ့ကအကြောင်း ပြန်ပြီး ပြောကြဆိုကြတဲ့အခါ (ကမာပုလဲ)
မရောက်ရောက်အောင် ခြေလှမ်းများ
လမ်းကလေး အတိုင်း
ကတိစကား အတိုင်း
ဘဝကို ...
အရှိ ... အရှိအတိုင်း။
တိုက်ပွဲတွေဟာ
သံယောဇဉ်တွေအတွက်
မရှိမဖြစ် ဆက်ထုံး
ယာယီရှုံးနိမ့် ကျဆုံးမှုတွေဟာ
မနက်ဖြန်အတွက်
ရှေ့ဆက်ရမယ့် မှတ်မှတ်ရရ အနာတရတွေ ...။
လမ်းကလေး အတိုင်း
ကတိစကား အတိုင်း
ဘဝကို ...
အရှိ ... အရှိအတိုင်း။
တိုက်ပွဲတွေဟာ
သံယောဇဉ်တွေအတွက်
မရှိမဖြစ် ဆက်ထုံး
ယာယီရှုံးနိမ့် ကျဆုံးမှုတွေဟာ
မနက်ဖြန်အတွက်
ရှေ့ဆက်ရမယ့် မှတ်မှတ်ရရ အနာတရတွေ ...။
Saturday, July 28, 2012
သူရဲကောင်း ဒိုင်ယာရီထဲက လူထု ဦးစိန်ဝင်း (ခင်ဆွေဦး)
၁။
နွေ၊ မိုး၊ ဆောင်း ရာသီ အလှည့်အပြောင်း နှစ်၊ လ၊ နာရီပေါင်းတွေ ဖြတ်သန်းကျော်လွှားခဲ့ချိန်၊ ကျွန်မ ဆရာ ဦးစိန်ဝင်းနှင့် အသိအကျွမ်းမက ခင်မင်ရင်းနှီးခဲ့တာ ကျွန်မ အသက် ၃၀ သာသာ ၃၂၊ ၃၃ အရွယ်၊ ဆရာက အသက်အစိတ် ဝန်းကျင်။ ဆရာ ကျွန်မထက် ၈ နှစ်နီးပါး ငယ်ပါတယ်။
လူထု သတင်းစာ မပိတ်ခင်ကာလတွေ ကျွန်မ မန္တလေး ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့ လူထုတိုက် ခဏခဏရောက်တဲ့ အချိန်တွေပေါ့။ ပြောရရင် မန္တလေးမှာ ရီမြင့် ရုပ်ရှင်ပိုင် နယ်လီ (ရီရီ)ဆီ အထုပ်ချပြီး ဒေါ်ဒေါ်မာတို့ဆီ သွားတည်းခိုခဲ့တယ်။ ကျွန်မဘဝ လူထုဦးလှ၊ ဦးလေးလှ ကျွန်မရဲ့ဒုတိယ ဖခင်၊ ဒေါ်ဒေါ်မာက ဒုတိယ မိခင်။ ကျွန်မမေမေနဲ့ ဒေါ်ဒေါ်မာတို့ကလည်း အသက်ရွယ်တူတွေ။ လူထုတိုက်သွားတိုင်း၊ အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ် အသားဖြူဖြူ အရေပါးပါး၊ နဖူးကျယ်၊ နားရွက်ကားနှင့် မျက်လုံးအရောင် တောက်တောက်၊ အမြဲတမ်းလို ပြုံးနေတဲ့မျက်နှာကို မြင်တွေ့ရပါတယ်။
စာအုပ် (ကမာပုလဲ)
ခေတ်ကိုလည်း ကိုယ်စားပြုတယ်
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။
စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် ... ။
သင်က သူ့ကို တရွက်ခြင်း လှန်သွားစရာမလိုဘူး
သူကသာ သင်တို့ကို တမျက်နှာချင်း လှန်သွားလိမ့်မယ်။
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။
စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် ... ။
သင်က သူ့ကို တရွက်ခြင်း လှန်သွားစရာမလိုဘူး
သူကသာ သင်တို့ကို တမျက်နှာချင်း လှန်သွားလိမ့်မယ်။
Friday, July 27, 2012
သတင်းများက ပြောတဲ့ မြန်မာ့လယ်ယာကဏ္ဍ (မောင်ဝံသ)
မြန်မာဂျာနယ်လစ် ကွန်ရက် MJN လူငယ်သတင်းသမားတွေရဲ့ တာဝန်ပေးချက်အရ သည်ရက်ပိုင်းအတွင်း ကျွန်တော့်မှာ သတင်းဖြတ်ပိုင်းစာမျက်နှာတွေနဲ့ လုံးထွေးပြီး အိမ်စာတွေ လုပ်နေရတယ်ဗျ။ ရှင်းအောင်ပြောရရင်ဖြင့် မြန်မာ့လယ်ယာကဏ္ဍနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေထဲက အကောင်းဆုံး သတင်း/ဆောင်းပါး သုံးပုဒ်စီကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဆုပေးချင်တယ်၊ မြန်မာဂျာနယ်လစ် ကွန်ရက်ဆိုပြီး ဖွဲ့စည်းထားတဲ့ လူငယ် သတင်းသမားများရဲ့အဖွဲ့ကို အဲဒီကိစ္စ အကူအညီတောင်းတယ်။
လူငယ်တွေက ကျွန်တော်တို့ဆီ ပြေးလာပြီး အကောင်းဆုံး သတင်း/ ဆောင်းပါးများ ရွေးပေးပါလို့ ခိုင်းတာပါပဲ။ သူတို့ဘာသာ ရွေးရင် အဂတိပါတယ်လို့ အထင်ခံရမှာစိုးလို့ ကျွန်တော်တို့ကို ဒိုင်လုပ်ခိုင်းတာပါ။
လူငယ်တွေက ကျွန်တော်တို့ဆီ ပြေးလာပြီး အကောင်းဆုံး သတင်း/ ဆောင်းပါးများ ရွေးပေးပါလို့ ခိုင်းတာပါပဲ။ သူတို့ဘာသာ ရွေးရင် အဂတိပါတယ်လို့ အထင်ခံရမှာစိုးလို့ ကျွန်တော်တို့ကို ဒိုင်လုပ်ခိုင်းတာပါ။
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် (ဟံသာဝတီ ဦးဝင်းတင်)
ခင်မောင်ရင်၊ သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်
ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါးလောက်က အကြောင်းတွေကို တခါတခါ ပြန်တွေးမိတယ်။ တပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။ တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက်တော့ ကျုပ် သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့မြို့သားတယောက် ပါနေတယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
အပ်ကြောင်းထပ်နေတဲ့ ... ကိစ္စ (ကမာပုလဲ)
ရိုးသားစွာ နိုးထလာတဲ့ ပန်းပွင့်ကလေး
အမေ့ နို့ပိန်ပိန်ကို ရှာလို့ မတွေ့တဲ့အခါ ...။
ညက
ဟင်းစား ရှာရင်း
ပိုးထိသွားတဲ့လူနာ ... ။
Wednesday, July 25, 2012
ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ဘယ်လိုလုပ်ကြမလဲ (ပြည်သူ့ခေတ်)
ပြည်သူ့ခေတ်ကို တည်ဆောက်ကြမည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှု လျော့ပါးပပျောက်ရေးသည် အဓိက အကျဆုံးသော တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအနက်က တစ်ခုဖြစ်ပါလိမ့်မည်။ အစိုးရသစ် စတင် ဖွဲ့စည်းစဉ်ကတည်းကပင် ဆင်းရဲနွမ်းပါးမှုပပျောက်လျော့ပါးရေးကို အရေးကြီး လုပ်ငန်းတစ်ရပ်အဖြစ် သဘောထား ထုတ်ပြန်ခဲ့တာ တွေ့ရပါသည်။
အစိုးရသက်တမ်း တစ်နှစ်ကျော်ကာလအတွင်းမှာ ဆင်းရဲနွမ်းပါးမှု လျော့ပါးသွားပြီလား၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးအတွက် ဘာတွေ အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီလဲဟု မေးခွန်းထုတ်လျှင် ဖြေဖို့ ခက်ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲ ရောက်နေခဲ့သော မြန်မာပြည်သူလူထုအတွက် ချက်ချင်း လက်ငင်း ပြေလည်သွားဖို့ မလွယ်လှတာ အမှန်ပဲ ဖြစ်ပါသည်။ သည်လို မလွယ်ဘူးဆိုသော်လည်း ထိရောက်သည့် နည်းလမ်းများကို ကြံဆ လုပ်ဆောင်သင့်နေပါပြီ။

အမည်ပေးဖို့ စကားလုံးတွေ ကြေကွဲနေတဲ့ ... ကဗျာ (ကမာပုလဲ)
လမ်းတလျှောက်လုံး ... မိုး
ရေညှိ ဆင်ဝင်အောက်ကို ရောက်မှ
သူ့ အငို တိတ်သွားတယ် ...။
လှေကားထစ်တွေအတိုင်း
အချိန်ကာလဟာ ပြန်လည်နုပျိုလာခဲ့ ...။
ရေညှိ ဆင်ဝင်အောက်ကို ရောက်မှ
သူ့ အငို တိတ်သွားတယ် ...။
လှေကားထစ်တွေအတိုင်း
အချိန်ကာလဟာ ပြန်လည်နုပျိုလာခဲ့ ...။
Tuesday, July 24, 2012
ခရိုနီများရဲ့ ရှေ့ခရီး (မောင်ဝံသ)
အဘရာမိုဗစ်ခ်ျ မားဒေါ့ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီး ဘောလုံးအသင်းကို ဝယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ် သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။
အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင်ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက်သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။
ဒါတင်မက ပြည်သူ့ဘဏ္ဍာတွေကို တစ်ဖက်လှည့်နဲ့သုံးစွဲပြီး ဆင်းရဲသားတွေ ကောင်းစားရေးလုပ်ပေးတယ်လို့ နာမည်ကောင်းယူကာ နိုင်ငံရေးလုပ်စားခဲ့တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ပြုတ် တက်ဆင်အကြောင်းကိုလည်း အကျယ်တဝင့် ရေးခဲ့သေးတယ်ဗျာ။
အဲသလို ရေးခဲ့တာတွေဟာ ကျွန်တော်တို့ဆီမှာလည်း အလားတူ ဇာတ်ကောင်တွေ ရှိနေခဲ့ ရှိနေဆဲဖြစ်တယ်ဆိုတာ ပြောချင်လို့ပဲဗျ။ အဲသလိုလူတွေ မရှိပါဘူးလို့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ငြင်းလာရင်လည်း ကျွန်တော်က အဲဒီလူကို နားရွက်ဆွဲပြီး လှည့်ပြမယ်ဗျာ။
အနုပညာ ... ကိစ္စ (ကမာပုလဲ)
အသင့် သိမ်းဆည်းစရာမလိုတဲ့ အိပ်ယာ
စားအိုး၊ စားခွက်နဲ့
လည်တိုင်မှာ ချည်စွဲနေကျ
ပခုံးထက်က တဘက်ကလေး
အလေ့ကျ သုံးရာသီများ ...။
နာကျင်မှုတွေအပေါ်မှာ
မချိပြုံးတွေ သိမ်းပိုက်နေတဲ့ ကိစ္စ ...
လက်တွေ့ဖြေရှင်းရမယ့် ပြဿနာတွေပေါ်မှာ
ဘာစတီးလ် အကျဉ်းထောင်ကို ဖြိုဖျက်ဖို့ မဝံ့ရဲခဲ့ရင်ဖြင့် ...။

Monday, July 23, 2012
ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ
“ဆိုတော့ ဒီနေရာမှာ တရားမဝင် လာနေထိုင်တယ်ဆိုပြီး ထားပါဦး။ တရားမဝင် လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူ မဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာ မတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက် မခြားတော့ဘူးလေ …”
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံနဲ့ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခပြဿနာတွေဟာ ရခိုင်ပြည်နယ်ရဲ့ မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ နောက်မှာဝင်လာသူတွေဆိုတဲ့ ဘာသာကွဲပြား စကားမတူတဲ့ ဘင်္ဂါလီနွယ်ဖွားတွေကြားမှာ နှစ်ပေါင်းအတော်ကြာရှိနေခဲ့တဲ့ မုန်းတီးမှုနဲ့ သံသယမီးပွားတွေ ထပြီး တောက်လောင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့ ဒီလူအစု၊ လူအဝေးကို ဒေသခံတွေက အကြောင်းအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးကြောင့် သံသယကြီးစွာနဲ့ မယုံကြည် လက်မခံနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
လူစိမ်းကား (မင်းကိုနိုင်)
အဖေရေ အမေရေ
ခေါ်နေပေမဲ့ ပြန်မထူးကြ
သြော် နံရံက ထူလှတာကိုး
မြေသား ကမ္ဘလာ
မြင်သာမြင်ရ
ခြေတဖဝါးစာ နင်းခွင့်မရခဲ့
သြော် သံတိုင်က ခိုင်လှတာကိုး
ခေါ်နေပေမဲ့ ပြန်မထူးကြ
သြော် နံရံက ထူလှတာကိုး
မြေသား ကမ္ဘလာ
မြင်သာမြင်ရ
ခြေတဖဝါးစာ နင်းခွင့်မရခဲ့
သြော် သံတိုင်က ခိုင်လှတာကိုး
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အခမ်းအနား
ဒီနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် နှစ်လည် အခမ်းအနားမှာတွေ့ရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
ဓာတ်ပုံ - အေပီ
Sunday, July 22, 2012
ရင်ခွဲရုံ (ကမာပုလဲ)
အဲဒီအရပ်မှာ
လေညင်း မရှိဘူး
ပန်းပွင့်ကလေးတွေ မရှိဘူး
ဥယျာဉ်မှူးစစ်စစ်တွေ မရှိဘူး ...။
အဲဒီအရပ်မှာ
အချစ် မရှိဘူး
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
သံယောဇဉ်ဆိုတာတွေလည်း မရှိဘူး ...။
လေညင်း မရှိဘူး
ပန်းပွင့်ကလေးတွေ မရှိဘူး
ဥယျာဉ်မှူးစစ်စစ်တွေ မရှိဘူး ...။
အဲဒီအရပ်မှာ
အချစ် မရှိဘူး
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
သံယောဇဉ်ဆိုတာတွေလည်း မရှိဘူး ...။
Saturday, July 21, 2012
ခဝဲခြံ မျက်မမြင်ကျောင်း
ဒီနေ့တွေ့ရတဲ့ ရန်ကုန် ခဝဲခြံ မျက်မမြင်ကျောင်းက ပုံရိပ်တချို့ပါ။
ဒီကျောင်းကို ၁၉၇၇ ခုနှစ်ကတည်းက တည်ထောင်ထားတာဖြစ်ပြီး လောလောဆယ်မှာ ကျောင်းသား ၁၃၇ ဦးရှိတယ်လို့ သိရပါတယ်။
ကျောင်းစတင်ဖွင့်လှစ်ကတည်းက အခုအထိ ကျောင်းသား ၃၇ ဦးဟာ အစိုးရ တက္ကသိုလ်ကျောင်းတွေကနေ ဘွဲ့ရသွားကြပြီလို့ ဆိုပါတယ်။

ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှု (ဖေမြင့်)
ရှေးသမိုင်းများကို ကြည့်လျှင် ဥပဒေနှင့် အုပ်စိုးသူတို့ကို ခွဲခြားမရ၊ အတူတွဲလျက်သာ မြင်တွေ့ကြရမည် ဖြစ်သည်။ ဥပဒေတို့သည် အုပ်စိုးသူတို့၏ အလိုဆန္ဒများအတိုင်းသာ ဖြစ်ခဲ့ကြသည်။ သက်ဦးဆံပိုင်မင်းတို့ တစ်ချက်လွှတ် အာဏာဖြင့် အုပ်စိုးသောစနစ်သည် အုပ်စိုးခံတို့အတွက် ဆိုးဝါးလှသည်။ ကိုယ်ချင်းစာနာမှု ကင်းသကဲ့သို့ တရားမျှတမှုလည်း ကင်းမဲ့ခဲ့သည်။
ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်သောအလုပ်ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီသာ ဆောင်ရွက်သင့်သည် ဟူသော အယူအဆ ပေါ်ပေါက်လာသည်။ သည်မှဆက်ကာ အုပ်ချုပ်သူသည်လည်း တရားဥပဒေကို ကျော်လွန်၍မရ၊ အများနည်းတူ သူလည်း တရားဥပဒေ၏လက်အောက်မှာသာ ရှိရမည်၊ အုပ်ချုပ်ရာ၌လည်း ဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ အုပ်ချုပ်ရမည်ဟုခံယူကာ၊ ထိုအတိုင်းကျင့်သုံးနိုင်ရန် အားထုတ်လာကြသည်။
ဒီမိုကရေစီနိုင်ငံများတွင်မူ တရားဥပဒေစိုးမိုးသောစနစ် (rule of law) ခိုင်မာအောင် အထူးဂရုပြု တည်ဆောက်ကြသည်။ အဓိက အကြောင်းရင်းကား တရားဥပဒေစိုးမိုးခြင်းကသာ နိုင်ငံသားတို့၏ နိုင်ငံရေး စီးပွားရေး လူမှုရေးဆိုင်ရာ ရပိုင်ခွင့်များကို ထိန်းသိမ်းကာကွယ်နိုင်သောကြောင့် ဖြစ်သည်။

Friday, July 20, 2012
Thursday, July 19, 2012
ပြဇာတ် (ကမာပုလဲ)
မြင်နေရပေမယ့်
ဝေးကွာခြင်းဟာ
လှမ်းလို့ မမီအောင် နက်ရှိုင်းတယ်။
ကောင်းကင်နဲ့ မြေပြင်လွှာကို
ဘဝ ဘဝတွေနဲ့ ရင်းပြီး
ကြိုးစား ရင်ကြားစေ့ခဲ့ ...။
ဝေးကွာခြင်းဟာ
လှမ်းလို့ မမီအောင် နက်ရှိုင်းတယ်။
ကောင်းကင်နဲ့ မြေပြင်လွှာကို
ဘဝ ဘဝတွေနဲ့ ရင်းပြီး
ကြိုးစား ရင်ကြားစေ့ခဲ့ ...။
Wednesday, July 18, 2012
၆၅ နှစ်မြောက် အာဇာနည်နေ့
ဒီနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပနေတဲ့ ပုံရိပ်တချို့ပါ။
(ဓာတ်ပုံများ - အေပီ၊ ရိုက်တာ)
ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် (တက္ကသိုလ်နေဝင်း)
“ပျောက်သောသူ ရှာလျှင်တွေ့၊
သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုးဖြစ်လာတတ်သည်။ ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ကဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုးအကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်၍မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလာ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
အထူးသဖြင့် ၁၉- ၇- ၄၇ နေ့ကဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းကဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေး ဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ်ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။
ဘာကြောင့်ဤသို့ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည် ထင်ပါသည်။

*********
ဟန်ချက် (ခင်ငြိမ်းသစ်)
ကျုပ်တို့ တမျိုးလုံး တဆွေလုံးက တောင်သူလယ်သမားတွေဗျ။ ကျုပ်အဖိုးလက်ထက်တုန်းကတော့ ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံတဲ့ ခေတ်ဆိုတော့ ကျုပ်အဖွားဆီမှာ ရွှေစ ကြေးစတွေ ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်အဖေ လက်ထက်လည်းရောက်ရော တာဝန်ကျေစပါးဆိုတာကြီးကြောင့် ကျုပ်အဖွားရဲ့ ရွှေတိုရွှေစတွေ တက်တက်ပြောင်ပါရောလား။
ကျုပ်လက်ထက်ရောက်တော့ ကုန်သယ်တွေဈေးကစားတာရော၊ ရာသီဥတုဖောက်ပြန်တာရောကြောင့် ကျုပ်တို့မိသားစု အကြွေးပင်လယ်ဝေနေတာပဲဗျို့။ ဒါကြောင့် ကျုပ်တို့ရွာမှာ အရွယ်ကောင်းလေးတွေ မရှိတော့ဘူး။ မလေး သွားတဲ့လူနဲ့၊ ထိုင်းဘက်ကမ်း ကူးတဲ့လူနဲ့ လယ်စိုက်သူဘယ်မှာ ကျန်တော့လို့လဲ။ ကျုပ်ဇနီးကတော့ ကျုပ်ကို ထိုင်းဘက်သွားခိုင်းနေတာ ကြာလှပေါ့။ ကျုပ်က မသွားချင်လို့ အချိန်တွေ ဆွဲနေတာ။ ၁၃၇၀ အကုန်၊ ၇၁ အကူးမှာတော့ ကျုပ် မသွားလို့မရတော့ဘူး။ ကလေးကလည်း ၃ ယောက်တောင် ရှိလာပြီကိုး။

Tuesday, July 17, 2012
စိမ်းစိမ်းစိုစို အိပ်မက်စေရာ လမ်းကလေး (ကမာပုလဲ)
ငှက်ကလေး ပျံသွားတယ်
သူ့တောင်ပံမှာ သူ့ရင်ခုန်သံတွေအပြည့် ...
တိမ်တိုက်တွေဖုံးအုပ်ထားတဲ့ မိုးကောင်းကင်
အလင်း၊ အမှောင် ... ရောင်စုံဆေးစက်များ ...။
သူ့တောင်ပံမှာ သူ့ရင်ခုန်သံတွေအပြည့် ...
တိမ်တိုက်တွေဖုံးအုပ်ထားတဲ့ မိုးကောင်းကင်
အလင်း၊ အမှောင် ... ရောင်စုံဆေးစက်များ ...။
ဆရာကြီး ဆန္ဒကား မပြည့်သေး ... (ဆူးငှက်)
‘ကွမ်းအစ်တစ်လုံး ...၊ သျှောင်တစ်ထုံးနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်
ယောထည်ပုဆိုး၊ မင်ကြောင်ထိုးနှင့်
အဘိုးကဝိ ပညာရှိ ...’
ကျွန်တော်တို့ကျောင်းသားဘဝ၊ အထက်တန်းကဗျာလက်ရွေးစင်စာအုပ်မှာ ပြဋ္ဌာန်းသင်ကြားခဲ့ရတဲ့ ကဗျာစာဆိုကြီးတင်မိုးရဲ့ ‘အဘိုးသခင်ကိုယ်တော်မှိုင်း သို့’ ကဗျာထဲက ပထမဆုံးအပိုဒ်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ‘သခင်ကိုယ်တော်မှိုင်း’ ဆိုတဲ့နာမည်ကို ကျွန်တော် စတင်မွေးဖွားပြီး လူမှန်းသိတတ်ခင်ကတည်းက ကြားဖူးခဲ့တယ်ဆိုရင် လွန်အံ့မထင်ပါ။ ဘုန်းကြီးကျောင်းစာမျှသာတတ်သော မိဘနဲ့ လက်လုပ်လက်စားအသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူတစ်ယောက်အနေနဲ့ စာတတ်ပေတတ် ကျမ်းပြုကဝိဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတတ်ကတည်းက ကြားဖူးတယ်ဆိုတာဖြင့် ‘လွန်လွန်းသနော် ... မန်းရွှေစက်တော်’ လို့ အပြစ်တင်ကောင်း တင်ကြပါလိမ့်မယ်။ အပြစ်တင်ရင်လည်း ခေါင်းငုံ့ခံရုံပါပဲ။ ကျွန်တော်သိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုတာက ...
‘မန်း အပျက်မှာ
စန်လဂ် မသာမယာမို့
ဗမာ ဗမာချင်းတောင်မှ
အတင်းရန်မူလို့
ရန်သူကို ရန် ဟူ၍ မမှတ်တဲ့ပြင်
ကိုယ်တပ်ကိုယ် ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်ချုပ်တချို့ရယ်က ...’ လို့ ‘ဗိုလ်လရောင်’ ကို တခမ်းတနားဖွဲ့ဆိုခဲ့တဲ့ ဆရာကြီးအနေနဲ့ သိတာမဟုတ်ပါဘူး။
Sunday, July 15, 2012
အချစ် ... (ကမာပုလဲ)
အသက်သွေးကြောထဲမှာ
ထာဝရ စီးဆင်းနေမယ့် ... မြစ်။
ပြတင်းပေါက်ရဲ့ နံဘေးမှာ
မျှော်ရင်း စောင့်ကြို ငေးမောနေဆဲပါလား ...။
ထာဝရ စီးဆင်းနေမယ့် ... မြစ်။
ပြတင်းပေါက်ရဲ့ နံဘေးမှာ
မျှော်ရင်း စောင့်ကြို ငေးမောနေဆဲပါလား ...။
ဒီ ... ရာဇဝင် အရိုင်းကိုဖြင့် (မင်းကိုနိုင်)
ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ်ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအဝင် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။
ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည်နည်း။
ရာဇဝင်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါသေးသည်။
ပွဲတော်ကြီးဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့်ပွဲများကို စာမျက်နှာများပေါ်၌ စီစဉ်ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊ မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာများဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ်သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေလည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။