Monday, February 28, 2011

လည်တဲ့သူများ လယ်ပိုင်ကြသည် (ကာတွန်း စောငို)

အစာတု၊ ဆေးတုများရဲ့ အန္တရာယ် (လူထုစိန်ဝင်း)

ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ဝမ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ ကြိတ်ပေးတယ် ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ဝယ်သောက်မြဲ ဖြစ်တယ်။

ဘာမှုန့်တွေ ရောမှန်းမသိ

ရှေးနှစ်ပေါင်းများစွာကတည်းက ဝယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေတာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး၊ အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း ဇီဇာကြောင်တတ်တာကြောင့် ရှေးခေတ်ကတည်းက ကော်ဖီစေ့ကို ချက်ချင်းကြိတ်ပေးတဲ့ မေမြို့ (ပြင်ဦးလွင်)က ဘီတီဘရားသား ကော်ဖီမှုန့်ကိုသာ သုံးခဲ့တယ်။ ပြည်သူ့ဆိုင်ခေတ် ရောက်သွားတော့လည်း ကိုယ်တိုင်ကြိတ်ရောင်းတဲ့ အိမ်ဆိုင်လေးတွေ တွေ့အောင်ရှာပြီး ဝယ်သုံးခဲ့တယ်။

Saturday, February 26, 2011

အရိုး ကိုက်ရ ကိုက်ရ၊ အရွတ် ဝါးရ ဝါးရ … (ကာတွန်းစောငို)

အိုင်အယ်လ်အို အရာရှိနဲ့ ဒေါ်စု တွေ့ဆုံ

 
မြန်မာနိုင်ငံကို အင်္ဂါနေ့က စပြီးတော့ ၄ ရက်ကြာ ရောက်ရှိနေတဲ့ ILO အဆင့်မြင့် အရာရှိ မစ္စတာ ဂိုင်းရိုက်တာနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်ပြီးတော့ ၂ နာရီလောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကျနော် မမေ့တဲ့ လေထီးဗိုလ်အုန်းမောင် (ရဲဘော်ဖိုးသံချောင်း)

ဦးလေး ဗိုလ်အုန်းမောင်ကို ကျနော် ၉-၁၀ နှစ်သားအရွယ်တုန်းက ရန်ကုန်ထောင်ကြီးထဲမှာ ပတမဆုံး အကြိမ်အဖြစ် တွေ့ဖူးခဲ့တာဖြစ်ကြောင်း ကျနော် ရေးပြခဲ့ဖူးပါတယ်။ ကျနော့်အဖေ ထောင်ကျနေစဉ်တုန်းက ကျနော်အဖေ့ကို သွားတွေ့တော့ ထောင်ပိုင်တို့က ကျနော့်ကို မနက်ကနေ ညနေအထိ ထောင်ထဲရှိ အဖေနေတဲ့ (၅)တိုက်အထဲအထိ သွားလည်ခွင့်၊ အဖေနဲ့အတူ နေခွင့်ပေးတာပါ (အခုခေတ်လူများအဖို့တော့ မယုံချင် ပုံပြင်လို ဖြစ်နေကြမယ်ထင်ပါတယ်)။

ထုံးစံအတိုင်း ထောင်ထဲမှာက သူရဲကောင်းတွေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ စာပေသမားတွေ စုစည်းလေ့ရှိတာမို့ ကျနော့်ကို အဲဒီအထဲမှာ ကျနော့်ကို အဖော်လုပ်တဲ့၊ အသက်အတော်ငယ်တဲ့ ဗကပ က ကိုဖုန်းက “အဲဒါ ဗိုလ်အုန်းမောင်ပဲ” လို့ လက်ညှိုးထိုးပြပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ကိုဖုန်းဟာ အရင်က အစိုးရရေတပ်က အရာရှိငယ် တယောက်ပါ။ တိုက်ရေယာဉ်တစင်းကိုမောင်းပြီး တွံတွေးဘက်ကို တောခိုခဲ့သူဖြစ်ပါတယ်။ (သူ့လိုပဲ ဗိုလ်ဉာဏ်မောင်ကလည်း မိတ္ထီလာ လေတပ်စခန်းကနေ လေယာဉ်ပျံတစီးနဲ့ တောခိုဖူးပါတယ်)။

ရော့စ်ဒန်ကလေရဲ့ အာမခံလျှောက်ထားချက် ပယ်ချခံရ

 
 
မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း မစ္စတာ ရော့စ်ဒန်ကလေရဲ့ အာမခံ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး နောက်တကြိမ် ရုံးထုတ်မယ့် မတ်လ ၃ ရက်နေ့အထိ ဆက်လက်ချုပ်နှောင်ထားဖို့ ရမန်ပေးထားတယ်လို့ သြစတေးလျနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

Wednesday, February 23, 2011

ပါလီမန်တွင်း နိုင်ငံရေး (ကာတွန်း စောငို)

မော့ကသို - နီလွင်သွေး (ဒဿနိက)

မော့ကသို တဲ့
လျှိုမြောင်အသွယ်သွယ်
တောင်စွယ်အထပ်ထပ်နဲ့
မြင့်မားမတ်စောက်တဲ့ နယ်ခြားမျဉ်းတောင်တန်း
ပွင့်လင်းရာသီဆိုရင်
ကြေးနီရောင် တောက်ပပြိုးပြက်
မိုးတွင်းဘက်ဆိုရင် စိမ်းစိုညိုမြ
ဒုက္ခသည်စခန်းက လှမ်းကြည့်တဲ့အခါ
အထင်းသား တွေ့ရတယ်။

နို့ဖိုး ဆိုတဲ့ ထိုင်း-ကရင်ရွာ
ဒူးပလာယာခရိုင်
ထိုင်း-မြန်မာနယ်စပ်က
လှပတဲ့ ရွာကလေး
ဗမာနဲ့ ရှမ်း ချင်း ကချင်
ကရင် ကယား
လူမျိုးစုံသွေးချင်းတို့ ခိုလှုံရာဖြစ်ခဲ့။

Monday, February 21, 2011

လူသိရှင်ကြား ဖုံးကွယ်ခြင်း (သစ္စာနီ)


၁၉၄၆ ခုနှစ် အောက်တိုဘာ ၃၀
လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၄၈ မိနစ်
လတ္တီကျူ့ ၁၆ ဒီဂရီ ၄၈ မိနစ်
ဗုဒ္ဓဟူးနေ့ ...
မြန်မာစံတော်ချိန် ၀၄ နာရီ ၂၀ မိနစ်ဖွား
သစ္စာနီ၏ ကြိစက္ကဇာတာ။

ဇာတာရှင်သည် ကန်ရာသီလဂ်
ဓနုရာသီစန်း ဟဿတနက္ခတ်
ပြုဗ္ဗာသာဠ်နက္ခတ်စန်းယှဉ်
ကံဂြိုလ်သည် ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ်စီး
မနူဿာဂီရိကျမ်းနှင့်
နာဒရသံဟိတာကျမ်းအလိုအရ။

( ၁ )
၃၀.၁၀.၄၆
ဒါဟာ အစမဟုတ်ဘူး။

ကြက်ဥလား ကြက်မလား
အဝိဇ္ဇာ သင်္ခါရလား
မဟာပေါက်ကွဲမှု သီအိုရီလား
အစဟာလည်း
အစ မဟုတ်ဘူး။

အဲဒီနေ့က
ဗြိတိလျှပိုင်
ကိုလိုနီနိုင်ငံငယ်တခုမှာ
ဥက္ကာမပျံ
တော်လဲသံ မကြားဘဲ
ငါ ...
ငါဟာ
ဘုရားသခင်လက်က
လွတ်ကျတော်မူခဲ့တယ်။

Sunday, February 20, 2011

ကျွဲညီနောင် (ကာတွန်း စောငို)

လူကြီးသူမများရဲ့ ဆုံးမစကား (လူထုစိန်ဝင်း)

အခုတလော စာရေးဖို့ စားပွဲမှာသွားထိုင်တိုင်း ဒေါ်ဒေါ့်(လူထုအမေမာ)ကို ပြေးပြီးသတိရနေမိတယ်။ ဒေါ်ဒေါ့်အသံကိုလည်း နားထဲမှာ ကြားယောင်နေတယ်။ ဒေါ်ဒေါ်က အသက်ကြီးလာလေလေ သံယောဇဉ်ကြီးလေဖြစ်ပြီး သူ့ဆီကို နေ့စဉ်လိုလို ဖုန်းဆက်စေချင်တယ်။

ဆရာတွေကိုသာလွမ်း

ဖုန်းပြောရင် မောမှာစိုးလို့ တခါတလေ အမေ့ကောင်းပြီး မဆက်ဘဲနေလိုက်ရင် သူက ကောက်ဆက်တော့တာ။ ဆက်တဲ့အခါတိုင်းလည်း "စာရေးတဲ့အခါ သတိထားရေး၊ ကိုယ်က စေတနာနဲ့ရေးပေမယ့် ဝေဒနာဖြစ်သွားတတ်တယ်။ ဘာအကြောင်းရေးရေး သူတပါး နားခံသာအောင် ပျော့ပျော့ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး" လို့ အမြဲဆုံးမလေ့ရှိတယ်။

သံလျင် ဘုရားပွဲ

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သံလျင်ဘုရားပွဲကို သွားနေကြတဲ့ ဘုရားဖူးလှည်းတစီး။

ဘုရားပွဲဈေးတန်းက ပုံရိပ်တချို့။ 

သနပ်ခါးကြိုက်သူများ။

Saturday, February 19, 2011

ကန့်လန့်ကာ နောက်ကွယ်သို့ … (ကာတွန်း စောငို)

ခင်မောင်ရင်ကို မီရဲ့လား (မိုးချိုသင်း)

တနေ့က အဖေ ကက်ဆက်ခွေတွေ ငှားလာသည်။ အမှတ်တမဲ့ကြည့်မိတော့ ခင်မောင်ရင်၏ သီချင်းများ။ အမှန်ပြောရလျှင် သိပ်စိတ်မဝင်စားမိပါ။ ဖွင့်ပြီး နားမထောင်မိပါ။ အဖေ နားထောင်ဖို့ ငှားလာတာပဲလို့ ထင်မိပါသည်။ မနေ့ကတော့ ကျွန်မ ဇော်ဝင်းထွဋ် သီချင်းများ နားထောင်နေတုန်း ကျွန်မအနား အဖေရောက်လာသည်။ “ခင်မောင်ရင် သီချင်းတွေ နားထောင် ကြည့်ရအောင်” ဆို၍ ဖွင့်လက်စကိုပိတ်ကာ ခင်မောင်ရင်ကို ဖွင့်ပေးလိုက်ရ၏။

မောင်မောင်ကြီး၏ ဆိုသံက ပျံ့လွင့်လာသည်။ “အင်းကို ဟင်္သာဆင်းမည်။ ဆင်းရင်လေးနဲ့ ခွင်းမည်။ ထိုမုဆိုးကို ထီးရိုးရိုက်သည်။ ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည်။ ၁၃၀၀ ပြည့်မှ စ၍ မြန်မာပြည်သည် လိုတာရနိုင်မည်” တဲ့။ “စကြာ သိုက်သီချင်း”၊ ကျွန်မက ထိုအပိုဒ်လေးကို စိတ်ထဲမှာ ကြားဖူးသလိုပဲဟု ထင်မိ၏။ အဓိပ္ပာယ်ကို နားမလည်၍ အဖေ့ကို ရှင်းပြခိုင်းတော့ အဖေက အသေအချာ ရှင်းပြသည်။ ဒီသီချင်းသည် အင်္ဂလိပ်လက်ထက် အင်္ဂလိပ် အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးပြီး ပိတ်ပစ်ခဲ့ရသည့် သီချင်းပါလား။ အဖေရှင်းပြမှ သီချင်းအရသာ ပိုပီပြင်လာသည်။

Wednesday, February 16, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁၀

ထိုစခန်းတွင် ၃-၄ ရက်ပဲ နေခဲ့ရပါတယ်။ ကျနော့်ကိစ္စ သူတို့ မဆုံးဖြတ်နိုင်။ ပြည်နယ်ကော်မတီ ရဲဘော်ကြီးထွန်းလှအောင် စခန်းသို့ ပို့ပေးပါတယ်။ ကျနော် ဘယ်တော့မှ မေ့နိုင်တော့မယ်မဟုတ်တဲ့ ရဲဘော်ကြီးပါ။ တုတ်တုတ်ခိုင်ခိုင်၊ ရိုးရိုးအေးအေး၊ ကြင်ကြင်နာနာရှိလှတဲ့ ခေါင်းဆောင်တယောက်ပါ။ အသက် ၆ဝ လောက်ရှိပါမည် (ကွယ်လွန်သွားခဲ့ပါပြီ)။

အရိပ်အာဝါသကောင်းလှတဲ့ သစ်ပင်ကြီးတပင်ဟာ သူ့ရဲ့ရုံး၊ သူ့ရဲ့အိမ်ပါပဲ။ သူ့ဇနီးနဲ့ ဆယ်ကျော်သက်ရွယ် မောင်နှစ်မ ၂ ယောက်က သစ်ပင်ခြေရင်း မလှမ်းမကမ်းမှာ ဖျာတချပ်ခင်း အိပ်ရတယ်။ ကျနော်နဲ့သူက သစ်ပင်ပင်စည်ကို ခေါင်းပြုပြီး ဖျာတချပ်စီနဲ့ အိပ်ကြပါတယ်။ ရဲဘော် ၁၅-၂ဝ လောက်ကို ကျန်သစ်ပင်တွေအောက်မှာ သင့်သလို ဖြန့်ချထားပါတယ်။

ကျနော့်အခြေအနေကို အစီရင်ခံပြီးတဲ့နောက် ကျနော့်ဆန္ဒကို မေးပါတယ်။ ကျနော်က တကွဲတပြား ပြေးနေရတဲ့ မြို့ပေါ်က ရဲဘော်တွေ ပြန်ရှာရဦးမယ်။ တွေ့တာနဲ့ လွတ်ရာကို ပို့ပေးချင်တာပဲလို့ အဖြေပေးလိုက်ပါတယ်။ သူက …

ဘယ်သူမခွဲလည်း ဒို့ကွဲမှာ … (ကာတွန်း စောငို)

Monday, February 14, 2011

ကျောက်သင်ပုန်း၊ ဗလာစာအုပ်နှင့် ကွန်ပျူတာ (ထိန်လင်း)

စာပေဟောပြောပွဲတခုမှာ ဟောပြောသူ စာရေးဆရာကြီးတယောက်ကို “မြန်မာပြည် ဘာကြောင့် ကျွန်ဖြစ်ခဲ့ရသလဲ” ဆိုတဲ့ မေးခွန်းမေးတဲ့အခါ အဆိုပါ စာရေးဆရာကြီးက ခပ်တိုတိုပဲ ဖြေဆိုခဲ့ပါတယ်။

“ပညာမတတ်လို့” … တဲ့။

ပညာဆိုတဲ့အရာဟာ လူတိုင်းသိတဲ့အရာဖြစ်ပေမယ့် လူတိုင်းနဲ့ကင်းဝေးတဲ့အရာ ဖြစ်နေမယ်ဆိုရင် ပညာရဲ့ သဘောသဘာဝ ပျောက်ကွယ်နေပါလိမ့်မယ်။ ပညာမတတ်လို့ ဆိုးကျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကို သေသေချာချာ ပြန်လည်မသုံးသပ်နိုင်တာလည်း ပညာမတတ်လို့ပါပဲ။

ကျနော်တို့ တိုင်းပြည်ဟာ ဒီလိုဆိုးကျိုးတွေကို ရင်မှာပိုက်ပြီး ဖြတ်သန်းလာခဲ့ရတာဟာ ရာစုနှစ်နဲ့ချီအောင် ကြာမြင့်ခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

အရပ်သား အစိုးရသစ် (ကာတွန်း စောငို)

Sunday, February 13, 2011

အတ္တာဟိ၊ အတ္တနော၊ နတ္ထော (လူထုစိန်ဝင်း)

အိမ်ထဲကအိမ်ပြင် မထွက်ဘဲနဲ့ ကံကောင်းထောက်မပြီး ကောင်းမှုကုသိုလ်တခုပြုဖို့ အခွင့်အရေးတခု ရလိုက်ပါတယ်။ အင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ ဦးပဉ္ဇင်းတပါး တနေ့မှာရောက်လာပြီး မာကြောင်း သာကြောင်း မေးပါတယ်။ ပြီးတော့မှ တိုင်ပင်ချင်တာလေး တခုရှိပါတယ်။ ဆရာ ပြန်မပြောပါနဲ့ မောနေပါမယ်။ ဦးပဉ္ဇင်းပြောတာပဲ နားထောင်ပေးပါလို့ ပြောပါတယ်။

ကျောင်းကလေးပိတ်မှာစိုးလို့

ဦးပဉ္ဇင်းက ပရဟိတ စိတ်အားထက်သန်မှု အင်မတန် ကြီးမားပါတယ်။ ချင်းတောင်သွားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလည်း လုပ်ခဲ့ဖူးတယ်။ အခုလည်း ပရဟိတ ကျောင်းလေးတကျောင်း ပိတ်ရတော့မလိုဖြစ်နေလို့ အကြံဉာဏ် လာတောင်းတာပါ။

အပြောင်းအလဲ (ကာတွန်း စောငို)

Saturday, February 12, 2011

ဗိုလ်ချုပ်မှူးကြီးလည်း ထဘီ ဝတ်ပြီ

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျတ်ပြေး နေပြည်တော်မှာ ပြုလုပ်တဲ့ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်ကြီးများ

ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပ

 
ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်မှာ အလံသစ်နဲ့ အလံတင် အခမ်းအနား ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ပြည်ထောင်စုနေ့အခမ်းအနားတွေကို နိုင်ငံနဲ့အဝှမ်း ကျင်းပခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၁ ခုကလည်း စုပေါင်းပြီးတော့ ရန်ကုန်မြို့မှာ ပြည်ထောင်စုနေ့ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုကို ဖော်ဆောင်သူ (ကာတွန်း စောငို)

“ကိုစံရှင် နှင့် ကိုယ့်သေတွင်း ကိုယ်တူးသူများ” (ဂျော်ဒီး)


“ဂျီးဒေါ်ရေ … ဂျီးဒေါ် … … … …”

“ဟယ် … တူမလေး ဆွဲမိ။ မြို့ကို ဈေးဝယ် တက်လာတာလား …။ စပါးတွေရော ရိတ်လို့၊ သိမ်းလို့ ပြီးပြီလား”

“ပြောချင်ပါဘူး ဂျီးဒေါ်ရယ်။ ပြီးခဲ့တဲ့လကရွာတဲ့ အခါလွန်မိုးကြောင့် လယ်တွေ ရိတ်ရင်းတန်းလန်း ကောက်ဆိုင်ပုံမှာ မိုးမိတာပေါ့။ မိုးမိတော့ စပါးတွေအစိုပေါက်ပြီး ပျက်စီးတယ်။ အလိုလိုမှ စိုက်ပျိုး စရိတ်တွေကကြီးပြီး ရတဲ့စပါးဈေးနဲ့ မကာမိတဲ့ကြားထဲ။ ခုလို စပါးတွေအစိုပေါက်ပြီး ဝါကုန်တော့ ဈေးနှိမ်ခံရဦးမယ်။ နောက်ပြီး နိုင်ငံခြားကို ဆန်စပါးတင်ပို့ခွင့် တဦးတည်းရထားတဲ့ ဟို ဦးပိုင် ဆိုတဲ့လူကြီးက ဈေးကွက်ကို ထိန်းချုပ်ထားလို့တဲ့ ကျုပ်တို့ လယ်သမားတွေ စပါးဈေးကောင်းမရတာ ဆိုလား”

Thursday, February 10, 2011

ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ် (စည်သူငြိမ်း)

ဗြိတိသျှအင်ပါယာကို ငြင်းဆိုတယ်ဘုန်းတော်ဘွဲ့ကို မရေးဘူး
ဝေလမင်းသားရဲ့ ရွှေစင်ဒင်္ဂါးကို
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ငြင်းတယ်
မျိုးချစ်စိတ်ဓာတ်ကို မငြင်းဘူး။

ကာတွန်း စောငို - တံခါးပိတ် လွှတ်တော် (၁)

Tuesday, February 8, 2011

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း (ဂါမဏိ)

"ရန်သူမရှိ မိတ်ဆွေသာရှိ" "နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ" လို့ ဆရာ ဒဂုန်တာရာ စပြောတုန်းက မကျေလည်ခဲ့။ ဒီထက်ပို ရှင်းရှင်းပြောရရင် လုံးဝ လက်မခံနိုင်ပါ။

ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ၊ အကျဉ်းထောင်ထဲမှာ၊ တောထဲတောင်ထဲမှာ စစ်အာဏာရှင်တွေကို နှစ် ၃၀ ကျော် ရင်ဆိုင်တိုက်ပွဲဝင်လာသူ၊ ကိုယ့် မျက်စိရှေ့မှာ ရန်သူ့လက်ချက်မိတဲ့ ရွာသားအလောင်းတွေ၊ မုဆိုးမတွေ၊ မီးလောင် ရွာပျက်ငုတ်တိုတွေ၊ မုဒိမ်းကျင့်ခံ မိန်းကလေးတွေ မြင်ခဲ့ရသူအဖို့ ရန်သူနဲ့ လည်ပင်းဖက်ဖို့ ဘယ်လိုမှ စဉ်းစားမရနိုင်ခဲ့ပါ။

ဖိတ်ချင်းဖိတ် (ကာတွန်း စောငို)

Monday, February 7, 2011

ကချင်မှာလည်း တိုက်ပွဲ စဖြစ်ပြီ

ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက KIA ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေထဲဝင်လာတဲ့ နအဖ စစ်ယဉ်တန်း မိုင်းထိပြီးခဲ့ပြီးတဲ့နောက် KIA နဲ့ နအဖ တပ်တွေ ဒီကနေ့ နေ့လည်က တနာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ခလရ ၁၅ တပ်ရင်းမှူး ကိုယ်တိုင်လိုက်ပါလာတဲ့ ယာဉ် ၃ စီးပါ ယာဉ်တန်း မိုင်းနင်းမိလို့ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ယဉ်ထွေး အပါအဝင် အနည်းဆုံး ၈ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။

အခုတိုက်ပွဲတွေ ရပ်သွားပြီဖြစ်ပေမယ့် နှစ်ဖက်စလုံးက တပ်တွေ ထပ်ပြီးပို့ထားတဲ့အတွက် တင်းမာမှုတွေကလည်း ဆက်ပြီးရှိနေဆဲလို့ ဆိုပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံ - မဇ္စိ္ဈမ

ရှမ်း ရုပ်သေး (ကာတွန်း စောငို)

Mr & Miss Yuzana 2011 Contest

ယနေ့ ယုဇနပလာဇာမှာ ပြုလုပ်တဲ့ Mr & Miss Yuzana 2011 Contest ပွဲက ပုံရိပ်တချို့ပါ။

Sunday, February 6, 2011

ယုန်နှစ်မှာ ယုန်သားစားခြင်း (လူထုစိန်ဝင်း)

လူ့သမိုင်းမှာ ပြောင်းလဲမှုဆိုတာ လိုအပ်ချက်တခု ဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်း ဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှုရှိသလို မကောင်းတဲ့ ပြောင်းလဲမှုလည်း ရှိတယ်။

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ် ဖြစ်တယ်။

ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင်ရတယ်။ မန္တလေးက မိတ်ဆွေတယောက်က နေပြည်တော်က အပြန်လမ်းမှာတွေ့လို့ ဝယ်လာခဲ့ပြီး ကားဂိတ်ကတဆင့် ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုန်သား စားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်ကရလို့ ပို့လိုက်တာတဲ့။

အလှည့် (ကာတွန်း စောငို)

Saturday, February 5, 2011

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်အား ရွေးချယ်တင်မြှောက်

နိုင်ငံတော် သမ္မတလောင်းများဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးအနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတလောင်းများဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးမှာ ဦးသိန်းစိန်၊ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ဖြစ်ကြပြီး ၎င်းတို့အနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

သမ္မတကြီးရဲ့ ဦးစားပေး လုပ်ငန်းစဉ် (ကာတွန်း စောငို)

Thursday, February 3, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၉

တနာရီလောက်ပဲ လျှောက်လိုက်ရပါတယ်။ “နားလို့ရပြီ။ ဒီမှာပဲအိပ်မယ်” … တဲ့။ တောင်ကမူလေးတခုပေါ်မှာ မြေပြန့်ပြန့်လေး ရှိတယ်။ ခါးမှာချိတ်ထားတဲ့ စစ်ရောင် ပလပ်စတစ်စ တစကို ရဲဘော်တယောက်က ကျနော့်ကို ပေးတယ်။ သူက တခြားရဲဘော် ခင်းထားတဲ့ ပလပ်စတစ်စပေါ် တက်ထိုင်ပြီး ကိုယ်ကို လှဲချလိုက်တယ်။

သူတို့က ၂ ယောက်အတူ အိပ်ကြမယ့်ပုံပဲ။ ကျန်ရဲဘော် ၂ ယောက်က ဆက်ထွက်သွားတယ်။ ကျနော်ကလည်း မြေပေါ်မှာပဲ ပလပ်စတစ်စကိုခင်းပြီး ပါလာတဲ့လွယ်အိတ် ခေါင်းအုံးကာ အိပ်ချလိုက်ပါတယ်။ ခဏပါပဲ။ အောက်က ခိုးလိုးခုလု ကျောက်စရစ်ခဲလေးတွေကြောင့် ထထိုင်ကာ ပလပ်စတစ်စ ခွာ၊ မြေပြင်ပေါ်က ကျောက်စရစ်ခဲလေးတွေ လက်နဲ့ စမ်းစမ်းပြီး လှဲထုတ်ပစ်ရပါတယ်။

မှတပါး အခြားမရှိ (ကာတွန်း စောငို)

Wednesday, February 2, 2011

လွှတ်တော်နဲ့ သတင်းသမား (လူထုစိန်ဝင်း)

"သတင်းစာသမားဆိုတာက ချမ်းသာနိုင်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ စာရေးဆရာလို တိုင်းသိ၊ ပြည်သိ နာမည်ကျော်ကြားတာမျိုးလည်း မရှိဘူး။ အခန့်မသင့်ရင် တရားစွဲခံရ၊ ထောင်ကျခံရ ဖြစ်တတ်သေးတယ်။ ဒါတောင် သတင်းအလုပ်တခါလုပ်မိရင် တခြားဘယ်အလုပ်မှ မလုပ်ချင်တော့ဘူး ..."

မကြားရတာကြာပြီဖြစ်တဲ့ နိုင်ငံရေးပါတီတို့၊ ရွေးကောက်ပွဲတို့ ဆိုတဲ့ အသံတွေ ခုတလော ပြန်ကြားလာရတော့ ရှေးခေတ်ဟောင်းကို ပြန်ပြောင်း သတိရ လွတ်ဆွတ်မိတယ်။ အဖျားအနားလေးလောက်သာ သိမီလိုက်တဲ့ ရှေးခေတ် ပါလီမန်လွှတ်တော်တွေအကြောင်းကို ပြန်လည်တွေးမိတယ်။

စမောပေး သတင်းထောက်

ရှေးခေတ်ပါလီမန်လွှတ်တော်က သီခြားအဆောက်အအုံရယ်လို့ မရှိပါဘူး။ အတွင်းဝန်ရုံး (အခုခေတ်အခေါ် ဝန်ကြီးများရုံး) ကြီးအတွင်းက အဆောက်အုံတခုကို လွှတ်တော်အဖြစ် သတ်မှတ်ထားပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွေမှာ သတင်းထောက်တွေ ဝင်ရောက်ပြီး သတင်းယူခွင့်ပေးထားပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ ကုလား သတင်းစာမျိုးစုံ စုစုပေါင်းမှ အစိတ် သုံးဆယ်လောက် ရှိကြတာဆိုတော့ သတင်းထောက်တွေ တိုးတိုးဝှေ့ဝှေ့ မရှိကြပါဘူး။

တရုတ်သတင်းစာနဲ့ ကုလားသတင်းစာတွေက သတင်းထောက် များများစားထားလေ့မရှိဘဲ မြန်မာသတင်းစာတိုက်တွေက သတင်းထောက်တွေကိုပဲ လစဉ် ‘Small Pay’ ခေါ်တဲ့ လစာလေး အနည်းငယ်ပေးပြီး သတင်းရယူကြတာဖြစ်တော့ ပါလီမန်သတင်းထောက် သိပ်မများပါဘူး။

တံခါးမရှိ၊ ဓားမရှိ

လူသိပ်မများတော့ တင်းတင်းကျပ်ကျပ် စစ်တာ ဆေးတာလည်း မရှိပါဘူး။ အားလုံးက မျက်နှာသိတွေဖြစ်နေတော့ အလွယ်တကူ ဝင်နိုင် ထွက်နိုင်တယ်။ ပါလီမန်အတွင်းဝန်တွေနဲ့ ဝန်ကြီးတွေအခန်းလည်း တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာနေကြတာပါပဲ။

အဲဒီခေတ်က အသံဖမ်းစက်တို့ ဘာတို့မရှိသေးတော့ ပါလီမန်ထဲ ဆွေးနွေး ငြင်းခုံတာတွေ၊ အမတ်တွေက မေးသမျှ ဆိုင်ရာဆိုင်ရာ ဝန်ကြီးတွေက ရှင်းလင်းဖြေကြားတာတွေကို လက်နဲ့ပဲလိုက်ပြီး ရေးကြ မှတ်ကြရပါတယ်။ အင်္ဂလိပ်ခေတ်က ပါလီမန် သတင်းထောက်တို့၊ တရားရုံးသတင်းထောက်တို့ဆိုရင် လက်ရေးတိုတတ်ကြရတယ်ဆိုပေမယ့် လွတ်လပ်ရေးခေတ် သတင်းထောက်တွေထဲမှာတော့ လက်ရေးတိုတတ်သူ တော်တော်ရှားသွားပါပြီ။

ပြည့်ပြည့်စုံစုံဖော်ပြ

လက်ရေးတိုမတတ်ကြပေမယ့် မိန့်ခွန်းတွေ၊ ဆွေးနွေးငြင်းခုံတာတွေနဲ့ အမေးအဖြေတွေကို အားလုံးလောက်နီးပါးရအောင် လိုက်ရေးနိုင်၊ မှတ်နိုင်ကြပါတယ်။ နောက်တနေ့ထုတ် သတင်းစာတွေမှာ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြကြတယ်။

တခါတလေ မေးတာ ဖြေတာတွေကို အတိအကျ ပြန်လည်ရေးသား ဖော်ပြကြတယ်။ စာဖတ်ပရိသတ်က အမေးအဖြေတွေကို စိတ်ဝင်တစား စောင်ဖတ်ကြတယ်။ မဲဆန္ဒရှင်များအတွက် ကိုယ် တင်မြှောက်လိုက်တဲ့ အမတ်က လွှတ်တော်ထဲမှာ ဘာတွေပြောပြီး ဘာတွေလုပ်တယ်ဆိုတာ သိရလို့ ကျေနပ်ကြတယ်။ စကားထဲက ဇာတိပြဆိုတဲ့အတိုင်း မေးတဲ့အမတ်နဲ့ ဖြေကြားတဲ့ဝန်ကြီးတွေရဲ့ အရည်အချင်း အတိမ်အနက်ကိုလည်း မှန်းဆလို့ရတယ်။

တိုက်ရိုက်ထုတ်လွှင့်မှု

တည်မြဲ သန့်ရှင်း ဆိုပြီး ကွဲကြတဲ့အခါ တည်မြဲက ဦးနု ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ဖြုတ်ချဖို့ ကြိုးစားတယ်။ တနိုင်ငံလုံးက စိတ်ဝင်စားပြီး စောင့်ကြည့်ကြရတဲ့ အရေးကြီးကိစ္စကြီး ဖြစ်တာကြောင့် မြန်မာ့အသံက ထူးထူးခြားခြား လွှတ်တော်ထဲက တိုက်ရိုက်အသံလွှင့်ပေးတယ်။

အဲဒီခေတ်က တိုင်းဘောလုံးပွဲတွေနဲ့ နိုင်ငံခြား ဘောလုံးအသင်းတွေ လာကစားတဲ့အခါမျိုးမှာပဲ ရေဒီယိုက တိုက်ရိုက်အသံလွှင်ပေးတာ ရှိတယ်။ လွှတ်တော်ထဲက တိုက်ကြခိုက်ကြတဲ့ အသံတွေ၊ ထေ့ကြငေါ့ကြ၊ ရိကြ ကလိကြတဲ့အသံတွေကို တိုက်ရိုက်နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ရယ်စရာလည်း ကောင်းတယ်။ ခုခေတ်လို ရုပ်မြင်သံကြားသာရှိရင် ပိုပြီး ရယ်စရာကောင်းလိမ့်မယ်။ လူတွေကတော့ အစီအစဉ် အစအဆုံး ရေဒီယိုနားက မခွာနိုင်ကြဘူး။

အိုးစည်ဗုံမောင်းတွေနဲ့

သန့်ရှင်း တည်မြဲ ကွဲပြီးတဲ့နောက် အိမ်စောင့်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲကျတော့လည်း မဲရေတွက်ကြတဲ့ ရန်ကုန်မြို့တော်ခန်းမကြီးပေါ်က တညလုံး အနိုင်အရှုံးစာရင်းတွေကို တိုက်ရိုက် လွှင့်ပေးနေတော့ တနိုင်ငံလုံး မအိပ်ဘဲ စောင့်နားထောင်ရင်း လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အားပေးကြတယ်။ မြို့တော်ခန်းမအရှေ့နဲ့ ဆူးလေပန်းခြံကြီးတခုလုံး အပြည့်။ သိန်းနဲ့ချီတဲ့လူအုပ်ကြီးကလည်း တညလုံး မပြန်ကြဘူး။ အိုးစည်ဗုံမောင်းသံတွေလည်း ဆူညံနေတယ်။ ပျော်စရာ အင်မတန်ကောင်းတယ်။

ဖတ်ဖတ်မောကြရ

သတင်းထောက်တွေဆိုတာလည်း ဖတ်ဖတ်မောနေကြရတယ်။ အနိုင်အရှုံးစာရင်းကို တယောက်တလှည့် တိုက်အရောက် ပြန်ပို့ကြရတယ်။ ခုခေတ်လို လက်ကိုင်ဖုန်းဆိုတာ မပြောနဲ့ လိုင်းဖုန်းတောင် ဖောဖောသီသီ မရှိသေးတဲ့ခေတ်ဆိုတော့ လူကိုယ်တိုင်ပဲ ပြေးကြလွှားကြရတယ်။ တချို့က ဆိုင်ကယ်နဲ့၊ တချို့က ဂျစ်ကားနဲ့။ တချို့ကျတော့လည်း စက်ဘီးနဲ့။ ပြေးရ၊ လွှားရ၊ မောကြရပေမယ့် ပျော်ကြတယ်။ စာဖတ်ပရိတ်သတ် ပြည်သူလူထုသိချင်တာတွေကို ချက်ချင်းသိအောင် လုပ်ပေးနိုင်ကြတာကိုး။

ပရဟိတစိတ်ရှိမှ

သတင်းစာသမားဆိုတာက ချမ်းသာနိုင်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ စာရေးဆရာလို တိုင်းသိ၊ ပြည်သိ နာမည်ကျော်ကြားတာမျိုးလည်း မရှိဘူး။ အခန့်မသင့်ရင် တရားစွဲခံရ၊ ထောင်ကျခံရ ဖြစ်တတ်သေးတယ်။ ဒါတောင် သတင်းအလုပ်တခါလုပ်မိရင် တခြားဘယ်အလုပ်မှ မလုပ်ချင်တော့ဘူး။ သတင်းမှ သတင်းဖြစ်နေအောက်ကို ‘စွဲ’ တတ်တာ။

အများပြည်သူရဲ့ဆန္ဒကို ချက်ချင်းလက်ငင်းပြည့်အောင် ဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့် ဒါလောက် ‘စွဲ’ နေကြတာလို့ ထင်တယ်။ အများအကျိုးဆောင်ရွက်တဲ့ ပရဟိတစိတ်မျိုး မရှိရင် သတင်းသမားလုပ်နိုင်မှာ မဟုတ်ဘူး။

တာဝန်ကျေ မကျေ သိကြရမယ်

မကြာမီ လွှတ်တော်တွေ စတင် အသက်ဝင်တော့မှာဖြစ်တော့ သတင်းသမားတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့မယ်။ မဲပေးခဲ့ကြတဲ့ ပြည်သူများအတွက်လည်း မိမိတို့ မဲပေးရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ တာဝန်ကျေ မကျေဆိုတာ သတင်းမီဒီယာတွေကတဆင့် သိနိုင်ကြတော့မယ်။

မဲဆန္ဒရှင်ပြည်သူတွေက သူတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာတွေက တဆင့် အမြဲတမ်းစောင့်ကြည့်နေကြပြီး လိုအပ်ရင် လိုအပ်သလို မေးခွန်းတွေထုတ်နေကြမှာ ဖြစ်လို့ပဲ။

ဦးထိပ်ပန်ဆင်ကြ

ပါတီစုံ နိုင်ငံရေးလမ်းကြောင်းမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန်လာသလို ပိုလည်း တာဝန် ကြီးမားလာတယ်။ ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် တင်းပြည့်ကျပ်ပြည့် သတင်းသမားပီသသူတွေ များများရှိဖို့ လိုအပ်တယ်။ လူငယ်တွေ ကျင့်ဝတ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းကို အထူးအလေးထား ပြုစုပျိုးထောင်ကြဖို့ အရေးကြီးတယ်။

လူငယ်တွေကိုယ်တိုင်ကလည်း သတင်းအလုပ်ကို တိုင်းကျိုးပြည်ကျိုးဆောင် အလုပ်တခုအဖြစ် သဘောထားပြီး သတင်းသမားကျင့်ဝတ်ကို ဦးထိပ်ပန်ဆင်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။

True News ဂျာနယ် (ဇန်နဝါရီ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်)


သတ်မှတ်အရည်အချင်းများနဲ့ ပြည့်စုံပါတယ် … (ကာတွန်း စောငို)